TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■စတင်ဖွင့်တဲ့အခါမှာ လမ်းပေါ်မှာရန်ဖြစ်တာထက်အနည်းငယ်သာ သာလွန်ခဲ့တဲ့ UFC

ယနေ့ နပန်းချန်ပီယမ်ကစားပွဲရဲ့ အဆုံးသတ်ဟာခေတ်မီ ပြီး အစီအစဉ်ကျတဲ့ တိုက်ခိုက်ရေး ကစားပွဲတစ်ခု ဖြစ်ပြီး တစ်နှစ်ကိုဒေါ်လာ သန်းချီရပါတယ်။ဒါပေမဲ့လည်း ၁၉၉၃ ခုနှစ် UFC စတင် ဖွင့်တဲ့ အခါမှာ ၎င်းတို့က လမ်းပေါ်မှာ ရန်ဖြစ်တာထက် အနည်းငယ်သာ သာလွန်ခဲ့တာပါ။ အရင်တုန်းက UFC ကတော့ အလေးမ တာတွေမရှိပဲနဲ့ လေ့ကျင့်ထားတဲ့ အားကစားသမား စစ်စစ်တွေ ဖြစ်ရမှာ ဖြစ်ပြီး ကိရိယာ ကန့်သတ်ချက်များ၊ စည်းကမ်းများ၊ ဒိုင်လူကြီးများတောင် မပါပါဘူး။

သင်ဟာ ပြိုင်ဘက်ကို အနိုင်ယူဖို့ ဘာမဆို လုပ်နိုင်ပါတယ်။ပေါင်ကြား ကို တိုက်ခိုက်တာကိုပဲ ကန့်သတ်ထားပြီး တော့ ဒဏ်ကြေးသာကောက်တာပါ။ တစ်ချို့ ဆိုရင် ဆုရမယ်ဆိုရင်ပိုတော့ပြီးတော့တောင်ပေးချင်ကြပါတယ်။

ထို အချိန်မှာ ဆိုရင် ဒိုင်လူကြီးတွေက ရန်ဖြစ်နေတာကိုတောင် မတားရဲကြပါဘူး။ တကယ်လို့ ကစားသမား တစ်ယောက်က ကျဆုံးနေပေမယ့်လည်း ဝန်မခံရင် သူတို့ ဝန်မခံ မချင်း ကစားပွဲဟာ မပြီးသေးပါဘူး။ သူတို့ ဘက်ကဘေးလူ က လုပ်ပေးတာ များပါတယ်။ ဒီလို မျိုး UFC ကလုပ်တဲ့ လူ အချင်းချင်း တိုက်ခိုက်တာကို ဆီနိတ်တာ ဂျွန်မက်ကိန်းက ပြန်လည် စဥ်းစားဖို့ လုပ်ခဲ့ပါတယ်။

ဒီလိုမျိုး မှတ်ချက်တွေကြားထဲမှာ ၃၆ နိုင်ငံမှာ ကိုယ်ခံ ပညာပေါင်းစုံရောထားတဲ့ ကစားနည်း တွေ ကန့်သတ်ခံရပြီး UFC ဟာ သူတို့ရဲ့ ကစားနည်းကို အဆင့်မြှင့်ဖို့ လုပ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် UFC 21 ပွဲ မှာတော့ ယနေ့ တွေ့ ရတဲ့ စည်းကမ်း အသစ်တွေလုပ်ခဲ့တာပါ။ ထို့အတူ သူတို့ရဲ့ ကစားနည်းတွေက လည်း ယခု မြင်ရတဲ့ အတိုင်းပါပဲ။ ဒါပေမယ့်လည်း ပြည်နယ်အချို့ တွေက MMA ကန့်သတ်ခံရတဲ့နေရာတွေကို ဖြေဖျောက်ပေးဖို့ နှစ်ပေါင်းများစွာ အချိန်ယူနေရတုန်းပါပဲ။

၂၀၁၆ ခုနှစ်မှာ နယူးယောက်မြို့ဟာ MMA ဖိုင်နယ်ပွဲကို ကျင်းပ ဖို့အတွက် တရားဝင် ဖြစ်ခဲ့ပါတယ်။ ဘာ လို့လဲဆိုတော့ MMA ဟာဒေါ်လာတွေ သန်းချီ ရရှိအောင် လုပ်တဲ့နေရာ မှာ အလွန် တန်ဖိုးရှိလို့ပဲ ဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext