■စစ်အေးတိုက်ပွဲအတွင်း ကင်းထောက်လုပ်ငန်းအတွက် ထုတ်လုပ်ခဲ့တဲ့ E-8C Joint Stars

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■စစ်အေးတိုက်ပွဲအတွင်း ကင်းထောက်လုပ်ငန်းအတွက် ထုတ်လုပ်ခဲ့တဲ့ E-8C Joint Stars

E-8C joint surveillance target attack radar system လို့လည်းခေါ်တဲ့ Joint Stars(ဂျွိုင့်စတားစ်)ဟာ လေကြောင်းတိုက်ပွဲစီမံခန့်ခွဲထိန်းချုပ်ရေး၊ သတင်းအချက်အလက်စုဆောင်းရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။

E-8C Joint STARS

သူ့ရဲ့ အဓိကတာဝန်ကတော့ ရန်သူ့တပ်ဖွဲ့ရဲ့နှောင့်ယှက်ဖျက်ဆီးမှုတွေကို နှောင့်နှေးစေမဲ့ ထိုးစစ်ဆင်ခြင်းနဲ့ ပစ်မှတ်ရှာဖွေခြင်းကို အကူအညီပေးဖို့ စစ်မြေပြင်နဲ့ လေကြောင်းတပ်မှူးတွေကို မြေပြင်အခြေအနေစောင့်ကြည့်သတင်းပေးရတာ ဖြစ်ပါတယ်။ Joint Stars ကို စစ်အေးတိုက်ပွဲအတွင်း ကင်းထောက်လုပ်ငန်းအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရင်ကထက် ပိုအသုံးဝင်နေပြီဖြစ်ကာ ၂၀၀၂ ကတည်းက စစ်ဆင်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေတာပါ။

ယနေ့အခါမှာတော့ ဒီလေယာဉ်ဟာ ပစ်မှတ်ရှာဖွေဖို့ ဆင်သက်တစ် အတ်ပတ်ချာ ရေဒါ အစ်မင်ဂျင်နရီ နဲ့ ကျယ်ပြန့်တဲ့ ဧရိယာအတွင်း ရွေ့လျားပစ်မှတ်ရှာဖွေခြင်းစနစ်တွေကို ပေါင်းစပ်ထားတဲ့ တစ်ခုတည်းသော အမေရိကန်လက်နက်ဖြစ်ပြီး ရာသီဥတုအခြေအနေအားလုံးမှာ stand-off distance(စတန်းဒေါ့ ဒစ်စတန့်) မှ ပစ်မှတ်ထောက်လှမ်းပြီး အတည်ပြုပေးတာပါ။

Joint Stars ဟာ စစ်မြေပြင်မှတပ်မှူးတွေဆီ မြေပြင်အခြေအနေတွေကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ပြီး တပြိုင်နက်တည်းမှာပဲ ပစ်မှတ်တည်နေရာကို လေယာဉ်နဲ့ မြေပြင်တပ်ဖွဲ့တွေဆီ ပေးပို့ပါတယ်။

ဒီလေယာဉ်ဟာ 9/11 (နိုင်း/ အလဲဗန်း) ကတည်းက တိုက်ပွဲနာရီပေါင်း ၁၃၀၀၀၀ ကျော် ပျံသန်းခဲ့ပြီး အီရတ်နဲ့ဆီးရီးယား စစ်ဆင်ရေးအပါအဝင် ကမ္ဘာ့စစ်ဆင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ပါတယ်။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■စစ္ေအးတိုက္ပြဲအတြင္း ကင္းေထာက္လုပ္ငန္းအတြက္ ထုတ္လုပ္ခဲ့တဲ့ E-8C Joint Stars

E-8C joint surveillance target attack radar system လို႔လည္းေခၚတဲ့ Joint Stars(ဂၽြိဳင့္စတားစ္)ဟာ ေလေၾကာင္းတိုက္ပြဲစီမံခန႔္ခြဲထိန္းခ်ဳပ္ေရး၊ သတင္းအခ်က္အလက္စုေဆာင္းေရးနဲ႔ ေစာင့္ၾကည့္ေထာက္လွမ္းေရး ပလက္ေဖာင္းတစ္ခု ျဖစ္ပါတယ္။

သူ႔ရဲ့ အဓိကတာဝန္ကေတာ့ ရန္သူ႔တပ္ဖြဲ႕ရဲ့ေႏွာင့္ယွက္ဖ်က္ဆီးမႈေတြကို ေႏွာင့္ေႏွးေစမဲ့ ထိုးစစ္ဆင္ျခင္းနဲ႔ ပစ္မွတ္ရွာေဖြျခင္းကို အကူအညီေပးဖို႔ စစ္ေျမျပင္နဲ႔ ေလေၾကာင္းတပ္မႉးေတြကို ေျမျပင္အေျခအေနေစာင့္ၾကည့္သတင္းေပးရတာ ျဖစ္ပါတယ္။ Joint Stars ကို စစ္ေအးတိုက္ပြဲအတြင္း ကင္းေထာက္လုပ္ငန္းအတြက္ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး အရင္ကထက္ ပိုအသုံးဝင္ေနၿပီျဖစ္ကာ ၂၀၀၂ ကတည္းက စစ္ဆင္ေရးလုပ္ငန္းေတြမွာ အင္တိုက္အားတိုက္ ပါဝင္ေဆာင္ရြက္ေနတာပါ။

ယေန႔အခါမွာေတာ့ ဒီေလယာဥ္ဟာ ပစ္မွတ္ရွာေဖြဖို႔ ဆင္သက္တစ္ အတ္ပတ္ခ်ာ ေရဒါ အစ္မင္ဂ်င္နရီ နဲ႔ က်ယ္ျပန႔္တဲ့ ဧရိယာအတြင္း ေရြ႕လ်ားပစ္မွတ္ရွာေဖြျခင္းစနစ္ေတြကို ေပါင္းစပ္ထားတဲ့ တစ္ခုတည္းေသာ အေမရိကန္လက္နက္ျဖစ္ၿပီး ရာသီဥတုအေျခအေနအားလုံးမွာ stand-off distance(စတန္းေဒါ့ ဒစ္စတန႔္) မွ ပစ္မွတ္ေထာက္လွမ္းၿပီး အတည္ျပဳေပးတာပါ။

Joint Stars ဟာ စစ္ေျမျပင္မွတပ္မႉးေတြဆီ ေျမျပင္အေျခအေနေတြကို အခ်ိန္နဲ႔တေျပးညီ သတင္းေပးပို႔ၿပီး တၿပိဳင္နက္တည္းမွာပဲ ပစ္မွတ္တည္ေနရာကို ေလယာဥ္နဲ႔ ေျမျပင္တပ္ဖြဲ႕ေတြဆီ ေပးပို႔ပါတယ္။

ဒီေလယာဥ္ဟာ 9/11 (နိုင္း/ အလဲဗန္း) ကတည္းက တိုက္ပြဲနာရီေပါင္း ၁၃၀၀၀၀ ေက်ာ္ ပ်ံသန္းခဲ့ၿပီး အီရတ္နဲ႔ဆီးရီးယား စစ္ဆင္ေရးအပါအဝင္ ကမၻာ့စစ္ဆင္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီခဲ့ပါတယ္။
ref:youtube
trans:thegeektext