စင်္ကာပူကုန်သည်တဦး ပြောတဲ့ မှတ်သားလောက်စရာ မြန်မာပြည် ရွှေစျေးကွက်

စင်္ကာပူကုန်သည် ပြောတဲ့ မြန်မာပြည် ရွှေစျေးကွက်..

ကျနော်တို့ရောက်သွားတဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် မီးပျက်သဗျ။ အောင်မယ်.. မီးသာပျက်တာ အရောင်းအဝယ်ကတော့ မပျက်ကြဘူး။ ထူးထူးဆန်းဆန်းဗျ.. ဆိုပါတယ်။ စလုံး သူတို့ဆီမှာတော့ trading floor ဆိုတဲ့ အရောင်းအဝယ်ခန်းမက မီးပျက်လို့မရဘူးကိုး။ ဒီ trading floor ရဲ့ အီလက်ထနောနစ်မှန်ပြင်တွေမှာ အရောင်းအဝယ်နဲ့ပတ်သက်တဲ့ ရည်ညွှန်းကိန်းတွေက တဖျတ်ဖျတ်ပြေးလို့မှုတ်လား။

မြန်မာပြည်အတွက်ဆိုရင် ငွေပေါက်စျေး တွေပြေးနေလိမ့်မယ်။ ဟော.. အဝေး ဒေါ်လာစျေးတို့။ သွင်းကုန် ဒေါ်လာစျေးတို့။ ဗဟိုဘဏ် ပေါက်စျေးတို့။ အရပ်ပေါက်စျေးတို့ စသည်ဖြင့်ပေါ့။ တက်ချီ ကျချီ ပေါ်နေလိမ့်မယ်။ ဒေါ်လာစျေးက မြန်မာ့ရွှေစျေးအတွက် သူက မင်းသားကြီးမှုတ်လား။ သူတက်ရင် လိုက်တက်သလို သူကျရင်လည်း လိုက်ကျ ရပြန်တာကိုး။

ရွှေစျေးဆိုရင်လည်း နောက်ဆုံးဖြစ်ခဲ့တဲ့ မြန်မာ့စျေးက တဖျတ်ဖျတ်ပြေးနေမှာဖြစ်သလို သူ့အောက်မှာတော့ မြန်မာ့ရွှေစျေးရဲ့ ရည်ညွှန်းပြု ကမ္ဘာ့ရွှေစျေးက chart အလိုက်ပြေးလို့ပေါ့။ ဒါမှလည်း ဟိုတနေ့ကလို ကမ္ဘာ့ရွှေစျေး “ဝုတ်” ကနဲ ပြုတ်ကျ သွားရင် မြန်မာ့စျေးကိုလည်း အချိန်မှီ ဆွဲချလို့ ရတော့မပေါ့။

သူ့တို့အောက်တွေမှာတော့ တရုတ်ပြည် ‌ရွှေအသားစျေးတို့။ ထိုင်းရွှေ အသားစျေးတို့က ပြေးလို့။ မြန်မာ့ရွှေစျေးဆိုတာ အိမ်နီးခြင်းရွှေစျေးတွေနဲ့ ဆက်စပ်နေတာမလား။ globalization ခေတ်လေဗျာ။ ကိုယ်ကမြင့်ရင် သူကလာ။ သူကမြင့်ရင် ကိုယ်ကသွား မဟုတ်လား။ ဒီကနေ့ မြန်မာ့ရွှေဖွင့်စျေးက ၂၈ သိန်း အတိ ဆိုပါစို့။ ကမ္ဘာ့စျေးက $1850 ။ ဒေါ်လာစျေးကလည်း ၂၈၅၀ လောက်မှာ ငြိမ်လို့။ အီလက်ထရောနစ်မှန်ပြင်မှာ မြင်နေရတာ ဆိုပါတော့။ တိုက်ရိုက်စျေး spot prices နဲ့ မြန်မာ့စျေးနဲ့က ရှစ်သောင်း တစ်သိန်းလောက် ကွာနေပါ့ကော။

ခုလို အရောင်း။ အဝယ်ခန်းမ trading floor ရဲ့ ပတ်လည်နံရံက အီလက်ထရောနစ်ဘုတ်ပေါ်မှာ LED မီးလုံးတွေ တဖျတ်ဖျတ်ပြေးပြီး ဆိုင်ရာစျေးကွက်အညွှန်းကိန်းတွေကို ဖေါ်ပြပေးနေရင် လက်ရှိပေါက်စျေးဟာ ဖြစ်သင့်တဲ့စျေးထက် ရော့နေတယ်။ ပိုနေတယ်။ ဝယ်သင့်တယ်။ ရောင်းသင့်တယ် လွယ်လွယ် လူတိုင်းဆုံးဖြတ်နိုင်တာပေါ့။ လွယ်ကူပြီး လူတိုင်းပါဝင်နိုင်မှ စျေးကွက်ကြီးက အကြီးကြီးဖြစ်လာမှာလေ။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းတိုးတက်လာတော့မပေါ့။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က မန္တလေးရွှေအသင်းကို အသင်းဝင်ဖို့ ရောက်ခဲ့ဖူးသဗျ ။ 15 ပေ × 40 ပေ အခန်းထဲမှာ ရောင်းဝယ်နေကြတာ လူတွေ စုရုံး စုရုံးပါပဲ။ စကားတွတ်တွတ်ပြောသူကလည်း ပြောလို့။ အသင်းနံရံမှာဖွင့်ထားတဲ့ TV ကို မော့ကြည့်လိုက်တော့ ဘာမြင်လိုက်ရပါလိမ့်။ ဂျက်ကီချမ်းကြီး အီး.. ယား.. အား.. ဆိုပြီး သိုင်းတွေ ချလို့ပါ့လား။ (uakw)

1

Crd