■ စင်ဒရဲလားပုံပြင်နှင့်ဆင်တူတဲ့ ပထမ ကတ်သရင်း

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ စင်ဒရဲလားပုံပြင်နှင့်ဆင်တူတဲ့ ပထမ ကတ်သရင်း

ဒီအမျိုးသမီးရဲ့အကြောင်းကတော့ စင်ဒရဲလားပုံပြင်နှင့်တောင် ဆင်ပါတယ်။ သူမဟာ ဘယ်မှာမွေးဖွားခဲ့တယ်ဆိုတဲ့ သတင်းအတိအကျတော့မရှိပါဘူး။

လူအချို့ကတော့ကတ်သရင်းမွေးဖွားရာနေရာဟာ လက်ဗီးယာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ တစ်ချို့ကတော့ ဒီဘုရင်မဟာ အက်စ်တိုနာ ခေတ်မှာမွေးဖွားတယ်လို့ဆိုကြပီး။ဒီတစ်ခုကတော့သေချာပါတယ်။သူမရဲ့မိသားစုမှာ အာဏာမရှိသလို တော်ဝင်မိသားစုလည်းမဟုတ်ပါဘူး။

သို့ပေမယ့်လည်း သူမဟာ ၁၇၀၃ ခုနှစ်နွေဦးရာသီမှာ ဘုရင်မဖြစ်ခဲ့ပါတယ်။ ရုရှားရဲ့ဘုရင် ပီတာဟာ ကတ်သရင်းကိုတွေ့ခဲ့ပြီး သူ့ရဲ့အမျိုးသမီးလုပ်စေခဲ့ပါတယ်။ သူမဟာ ဒီနေရာကိုမလိုချင်ခဲ့ပါဘူး။

ဒါပေမယ့်သူမဟာ ဘုရင့်အကြိုက်လိုက်ခဲ့ပြီး နှစ်အတန်ကြာတဲ့အခါမှာတော့ သူမကိုတရားမဝင်ဇနီးအဖြစ်ပေါင်းသင်းခဲ့ပါတယ်။နောက်နှစ်အနည်းငယ်ကြာတဲ့အခါ တရားဝင်လက်ထပ်ခဲ့ပါတယ်။

စကားမစပ် ကတ်သရင်းဟာ သာမန်သာ လှပခဲ့တာမဟုတ်ပါဘူး။ သူမကို ချစ်ခင်သူအများအပြားရှိခဲ့တယ်ဆိုတာဟာ သက်သေတွေရှိခဲ့ပါတယ်။ အထူးသဖြင့်ပီတာဆုံးပါးခဲ့ပြီးချိန်မှာဖြစ်ပါတယ်။ ပီတာဆုံးပါးခဲ့ပြီးချိန်မှာကတ်သရင်းဟာဘုရင်မဖြစ်ခဲ့တာပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext