■ စကြာဝဠာရဲ့စွမ်းအားတွေပါရှိသည်ဆိုသာ ဓာတ်လုံး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ စကြာဝဠာရဲ့စွမ်းအားတွေပါရှိသည်ဆိုသာ ဓာတ်လုံး

စန်တယ်မန်တယ်စတုံးကိုတော့ ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာရိုးရာတွေမှာ ဖော်ပြကြပါတယ်။ဒီဟာက တွေးစရာတွေအများကြီးပေးပြီးတော့ အင်္ဂလိပ်အယူအဆ ဖီလော်ဆော်ဖာစတုံးနဲ့လည်း ဆင်တူပါတယ်။မြန်မာလိုတော့ ပြဒါးရှင်လုံး၊ ဓာတ်လုံးလို့ခေါ်ဆိုကြပြီးတော့ ဒီဟာရဲ့ ပြောမပြတတ်တဲ့စွမ်းအားတွေကိုတော့ ပိုင်ရှင်ကပိုင်ဆိုင်ပါတယ်။

ပြောကြတာကတော့ ဒီဓာတ်လုံးက စကြာဝဠာရဲ့စွမ်းအားတွေပါရှိပြီး တော့ ဓာတ်လုံးကိုပိုင်ဆိုင်သူကလည်း အရာအားလုံးကိုသိရှိမှာဖြစ်သလို အခြားအယူအဆကတော့ သတ်မှတ်ထားတဲ့ဆုတောင်းခြင်းလိုဟာတွေဖြစ်ပြီး ဘဝမှာချမ်းသာချင်ရင် လာဘ်လာဘကောင်းချင်ရင်စိတ်ကူးရှိတဲ့အတိုင်းသင်ဟာဆုတောင်းနိုင်ပါတယ်။

ရှေးဗုဒ္ဓဘာသာအယူအဆကတော့ ဓာတ်လုံးဟာ ဗုဒ္ဓရဲ့ကျင့်စဉ်တွေမှဖြစ်ပေါ်လာတာဖြစ်ပြီး တချို့ကလည်း ကြိုးစားကျင့်ကြံကာ ဓာတ်လုံးကိုစတင်ခဲ့တဲ့အချိန်တွေကနေ ယူဆောင်ဖို့ ကြိုးစားကြပါတယ်။ဟိန္ဒူတွေရဲ့သက်ဝင်ယုံကြည်မှုကတော့ ဓာတ်လုံးဟာ ဟိန္ဒူတို့ရဲ့ဘုရားဖြစ်တဲ့ ဗစ်ရှနူးနဲ့ ဂဟေရှာကလည်း အသုံးပြုခဲ့တယ်လို့ ဆိုကြပြန်ပါတယ်။

တချိန်ကလည်း နာဂဘုရင်ကပိုင်ဆိုင်တယ်လို့ သိရပြန်ပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ တိဘက်တန်ရဲ့အလံမှာလည်း ဓာတ်လုံးကိုထည့်သွင်းကာ အထိမ်းအမှတ်အနေနဲ့ရော ဒီဟာကို သူတို့လူတွေဆီ ပြန်လည်ဆောင်ယူနိုင်ကြောင်း ဖော်ပြထားပါတယ်။ဓာတ်လုံးဟာ အလွန်ကောင်းမွန်တဲ့အရာဖြစ်သလို မကောင်းတဲ့အရာတွေလည်း ဖြစ်လာနိုင်ပါတယ်ရှင်။

ဓာတ်လုံးနဲ့သူ့အစွမ်းကိုရဖို့ စစ်ပွဲပေါင်းများစွာလည်း ဖြစ်ပွားခဲ့ပြီး ယခုအခါ ဓာတ်လုံးကဘယ်မှာရှိလဲ မသိရသလို ခန့်မှန်းမှုအများအပြားပဲ ရှိတာပါ။ဒီဟာက ပြန်လည်ထွက်ပေါ်လာသင့်ပြီးတော့ စိတ်ဝင်စားစရာတွေကို ကျွန်မတို့ မြင်တွေ့ရနိုင်ပါတယ်။ အမှန်ပြောရရင် ဒီလို ဓာတ်လုံးလေးတစ်လုံးကိုတော့ ကျွန်မလည်း လိုချင်မိပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ စၾကာဝဠာရဲ့စြမ္းအားေတြပါရွိသည္ဆိုသာ ဓာတ္လုံး

စန္တယ္မန္တယ္စတုံးကိုေတာ့ ဟိႏၵဴ နဲ႔ ဗုဒၶဘာသာရိုးရာေတြမွာ ေဖာ္ျပၾကပါတယ္။ဒီဟာက ေတြးစရာေတြအမ်ားႀကီးေပးၿပီးေတာ့ အဂၤလိပ္အယူအဆ ဖီေလာ္ေဆာ္ဖာစတုံးနဲ႔လည္း ဆင္တူပါတယ္။ျမန္မာလိုေတာ့ ျပဒါးရွင္လုံး၊ ဓာတ္လုံးလို႔ေခၚဆိုၾကၿပီးေတာ့ ဒီဟာရဲ့ ေျပာမျပတတ္တဲ့စြမ္းအားေတြကိုေတာ့ ပိုင္ရွင္ကပိုင္ဆိုင္ပါတယ္။

ေျပာၾကတာကေတာ့ ဒီဓာတ္လုံးက စၾကာဝဠာရဲ့စြမ္းအားေတြပါရွိၿပီး ေတာ့ ဓာတ္လုံးကိုပိုင္ဆိုင္သူကလည္း အရာအားလုံးကိုသိရွိမွာျဖစ္သလို အျခားအယူအဆကေတာ့ သတ္မွတ္ထားတဲ့ဆုေတာင္းျခင္းလိုဟာေတြျဖစ္ၿပီး ဘဝမွာခ်မ္းသာခ်င္ရင္ လာဘ္လာဘေကာင္းခ်င္ရင္စိတ္ကူးရွိတဲ့အတိုင္းသင္ဟာဆုေတာင္းနိုင္ပါတယ္။

ေရွးဗုဒၶဘာသာအယူအဆကေတာ့ ဓာတ္လုံးဟာ ဗုဒၶရဲ့က်င့္စဥ္ေတြမွျဖစ္ေပၚလာတာျဖစ္ၿပီး တခ်ိဳ႕ကလည္း ႀကိဳးစားက်င့္ႀကံကာ ဓာတ္လုံးကိုစတင္ခဲ့တဲ့အခ်ိန္ေတြကေန ယူေဆာင္ဖို႔ ႀကိဳးစားၾကပါတယ္။ဟိႏၵဴေတြရဲ့သက္ဝင္ယုံၾကည္မႈကေတာ့ ဓာတ္လုံးဟာ ဟိႏၵဴတို႔ရဲ့ဘုရားျဖစ္တဲ့ ဗစ္ရွႏူးနဲ႔ ဂေဟရွာကလည္း အသုံးျပဳခဲ့တယ္လို႔ ဆိုၾကျပန္ပါတယ္။

တခ်ိန္ကလည္း နာဂဘုရင္ကပိုင္ဆိုင္တယ္လို႔ သိရျပန္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ တိဘက္တန္ရဲ့အလံမွာလည္း ဓာတ္လုံးကိုထည့္သြင္းကာ အထိမ္းအမွတ္အေနနဲ႔ေရာ ဒီဟာကို သူတို႔လူေတြဆီ ျပန္လည္ေဆာင္ယူနိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။ဓာတ္လုံးဟာ အလြန္ေကာင္းမြန္တဲ့အရာျဖစ္သလို မေကာင္းတဲ့အရာေတြလည္း ျဖစ္လာနိုင္ပါတယ္ရွင္။

ဓာတ္လုံးနဲ႔သူ႔အစြမ္းကိုရဖို႔ စစ္ပြဲေပါင္းမ်ားစြာလည္း ျဖစ္ပြားခဲ့ၿပီး ယခုအခါ ဓာတ္လုံးကဘယ္မွာရွိလဲ မသိရသလို ခန႔္မွန္းမႈအမ်ားအျပားပဲ ရွိတာပါ။ဒီဟာက ျပန္လည္ထြက္ေပၚလာသင့္ၿပီးေတာ့ စိတ္ဝင္စားစရာေတြကို ကၽြန္မတို႔ ျမင္ေတြ႕ရနိုင္ပါတယ္။ အမွန္ေျပာရရင္ ဒီလို ဓာတ္လုံးေလးတစ္လုံးကိုေတာ့ ကၽြန္မလည္း လိုခ်င္မိပါတယ္။
Ref:youtube
Trans:thegeektext