စက္ကန့် ၁၀၀အတွင်း စျေးဝယ်လှည်းမပါဘဲ ဒေါ်လာ ၂၈၀၀၀ တန်တဲ့ တီဗွီကြီးတစ်ခုနဲ့ လျှပ်စစ်ပစ္စည်းများကို အလကားရယူနိုင်ခဲ့တဲ့ အမျိုးသား (ရုပ်သံ)

News

Media Markt လို့ခေါ်တဲ့ စတိုးဆိုင်တစ်ခုမှာ ပွဲစီစဉ်သူက Customer တွေလိုချင်တာကိုယူဖို့ အချိန် စက္ကန့် ၁၀၀ သာပေးခဲ့ပါတယ် ။ သို့ပေမဲ့ သင်ဟာ စျေးဝယ်တဲ့တွန်းလှည်းကို အသုံးပြုလို့မရပါဘူး ။ စတိုးဆိုင်ရဲ့ Youtube ရုပ်သံလိုင်းမှ ဝေမျှထားတဲ့ အံ့သြဖွယ် ၂ မိနစ်ကြာဗီဒီယိုထဲမှာ Kreeg Wannes ဆိုသူဟာ သူလိုချင်တဲ့ အရာအားလုံးကိုယူနိုင်ပြီး ထိုအဖြစ်အပျက်ရဲ့ အနိုင်ရရှိသူအဖြစ် ထွက်ပေါ်လာခဲ့ပါတယ် ။

ပြိုင်ဆိုင်မှုစတင်လာတဲ့အခါမှာ Wannes ဟာ သူ့ရဲ့ဦးတည်ရာကိုသွားပြီး ရုပ်မြင်သံကြားစက်ကို ရွေးချယ်ခဲ့ပါတယ် ။

သူက TV box ကို ကြမ်းပြင်ပေါ်မှာ ချထားပြီး သတ်မှတ်ထားတဲ့နေရာအထိကို တွန်းခဲ့လိုက်ပါတယ် ။ သူဟာ ရုတ်တရက်ရပ်တန့်ပြီး လက်ပ်တော့တွေနဲ့ လက်ကိုင်ဖုန်းတွေအပါအဝင် လျှပ်စစ်ပစ္စည်း အနည်းငယ်ကိုလည်း ယူခဲ့ပါတယ် ။ သူက ၎င်းလျှပ်စစ်ပစ္စည်းဖြစ်တဲ့ ဖုန်းတွေကို တီဗီသေတ္တာထဲထည့်ပြီး ဆက်တွန်းပေးခဲ့ပါတယ် ။

နောက်ဆုံးစက္ကန့်အနည်းငယ်အတွင်းမှာ သူဟာ အနီးဆုံးစင်များမှ ပစ္စည်းအနည်းငယ်ကိုယူပြီး သတ်မှတ်ထားတဲ့စည်းမျဥ်းအတွင်း တွန်းထည့်နိုင်ခဲ့ပါတယ် ။ နောက်ဆုံးမှာ Wannes ဟာ စက္ကန့် ၁၀၀ အတွင်း ဒေါ်လာ ၂၈၀၀၀ နီးပါးတန်ဖိုးရှိတဲ့ အိမ်သုံးပစ္စည်းများကို ရယူနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဒီစမတ်သားလေးက သူ့ကိုအားပေးနေတဲ့မိခင်ကို ပွေ့ဖက်လိုက်ပါတယ် ။

JRose (KB Chimmy One)

Reference : gtgoodtimes

Leave a Reply