ငိုနေတဲ့ကလေးငယ်ကို ငါးကြော်ခိုးပြီးကျွေးခဲ့တဲ့ ချစ်စရာ ကြောင်လေး

News Social News

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ေၾကာင္ေလးေတြက တစ္ခါတေလ သူတို႔ေလးေတြ သခင္အေပၚဘယ္ေလာက္သိတတ္လဲဆိုတာျပဖို႔ အိမ္ကိုပစၥည္းေတြ ၊ အင္းဆက္အေကာင္ေလးေတြ ခ်ီလာေလ့ရွိၾကပါတယ္ ။

သို႔ေပမဲ့လည္း မေလးရွားႏိုင္ငံက Robert အမည္ရွိတဲ့ေၾကာင္ေလးကေတာ့ သခင္ျဖစ္သူရဲ႕ကေလးငယ္ကို

အငိုတိတ္ေအာင္ေခ်ာ့ဖို႔ တျခားနည္းလမ္းသုံးခဲ့ပါတယ္ ။ အဲတာကေတာ့ ေၾကာင္ေလးဟာ

ငါးေၾကာ္ေလးကိုခိုးၿပီး ကေလးငယ္ကိုသြားေကြၽးခဲ့တာပါပဲ ။ အဆိုပါအျဖစ္အပ်က္ကို ေၾကာင္ေလးရဲ႕သခင္က

ကေလးငယ္ Johan နဲ႔ ေၾကာင္ေလး Robert အၾကား သံေယာဇဥ္ဘယ္ေလာက္ခိုင္မာလဲဆိုတာကို Twitter မွာ ေဝမွ်ခဲ့ပါတယ္ ။

‘ Johan က ကေလးပဲရွိေသးလို႔ မာတဲ့အစာေတြ စားလို႔မရေသးပါဘူး ၊ အဲတာကို Robert က ငါးေၾကာ္ေကြၽးဖို႔ ႀကိဳးစားေနရွာတယ္ ‘

ဆိုၿပီးေတာ့ ေရးသားထားခဲ့ပါတယ္ ။ ‘ ၿပီးေတာ့ Robert က သူ႔ဟာသူ ငါးေၾကာ္စားခ်င္ေနတာျဖစ္မယ္ ‘ ဆိုၿပီးေတာ့လည္း ေရးသားထားခဲ့ပါေသးတယ္ ။

Robert လိုေၾကာင္ေလးမ်ိဳးပိုင္ဆိုင္ထားႏိုင္ရင္ေတာ့ ဘယ္ေလာက္ပဲ ပင္ပန္းၿပီးစိတ္ဆင္းရဲေနပါေစ ၊ စိတ္အပန္ေျဖမႈကို အျပည့္ေပးႏိုင္မဲ့ ေၾကာင္ေလးပါပဲ ။

Credit

Unicode

ကြောင်လေးတွေက တစ်ခါတလေ သူတို့လေးတွေ သခင်အပေါ်ဘယ်လောက်သိတတ်လဲဆိုတာပြဖို့ အိမ်ကိုပစ္စည်းတွေ ၊ အင်းဆက်အကောင်လေးတွေ ချီလာလေ့ရှိကြပါတယ် ။

သို့ပေမဲ့လည်း မလေးရှားနိုင်ငံက Robert အမည်ရှိတဲ့ကြောင်လေးကတော့ သခင်ဖြစ်သူရဲ့ကလေးငယ်ကို

အငိုတိတ်အောင်ချော့ဖို့ တခြားနည်းလမ်းသုံးခဲ့ပါတယ် ။ အဲတာကတော့ ကြောင်လေးဟာ

ငါးကြော်လေးကိုခိုးပြီး ကလေးငယ်ကိုသွားကျွေးခဲ့တာပါပဲ ။ အဆိုပါအဖြစ်အပျက်ကို ကြောင်လေးရဲ့သခင်က

ကလေးငယ် Johan နဲ့ ကြောင်လေး Robert အကြား သံယောဇဉ်ဘယ်လောက်ခိုင်မာလဲဆိုတာကို Twitter မှာ ဝေမျှခဲ့ပါတယ် ။

‘ Johan က ကလေးပဲရှိသေးလို့ မာတဲ့အစာတွေ စားလို့မရသေးပါဘူး ၊ အဲတာကို Robert က ငါးကြော်ကျွေးဖို့ ကြိုးစားနေရှာတယ် ‘

ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ် ။ ‘ ပြီးတော့ Robert က သူ့ဟာသူ ငါးကြော်စားချင်နေတာဖြစ်မယ် ‘ ဆိုပြီးတော့လည်း ရေးသားထားခဲ့ပါသေးတယ် ။

Robert လိုကြောင်လေးမျိုးပိုင်ဆိုင်ထားနိုင်ရင်တော့ ဘယ်လောက်ပဲ ပင်ပန်းပြီးစိတ်ဆင်းရဲနေပါစေ ၊ စိတ်အပန်ဖြေမှုကို အပြည့်ပေးနိုင်မဲ့ ကြောင်လေးပါပဲ ။

Credit

Crd