ငါးစိမ်းဆိုင်မှာ တစ်နေ့ သုံးနပ် ပုံမှန်စားရဖို့အတွက် နေ့တိုင်းလိုလို တစ်ကောင်တည်း ကုန်းပေါ်တက်ပြီး လမ်းဖြတ်ကူးလာတတ်တဲ့ ပင်လယ်ဖျံကြီး (ရုပ်သံ)

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ငါးစိမ္းဆိုင္မွာ တစ္ေန႔ သုံးနပ္ ပုံမွန္စားရဖို႔အတြက္ ေန႔တိုင္းလိုလို တစ္ေကာင္တည္း ကုန္းေပၚတက္ၿပီး လမ္းျဖတ္ကူးလာတတ္တဲ့ ပင္လယ္ဖ်ံႀကီး (႐ုပ္သံ)

လူေတြက အိုင္ယာလန္၊ Wicklow ၿမိဳ႕ကို ေရာက္တဲ့အခါ၊ ပင္လယ္ဖ်ံႀကီးတစ္ေကာင္က ကားလမ္းကိုျဖတ္ကူးၿပီး

ငါးဆိုင္ထဲကို ဝင္သြားတဲ့ ျမင္ကြင္းေၾကာင့္ အံ့ဩမိသြားၾကႏိုင္ပါတယ္။ ဒါေပမဲ့ ၎က အဲဒီမွာ ပုံမွန္ေန႔စဥ္ အေလ့အထတစ္ခုလိုပါဘဲ။

Sammy လို႔ေခၚတဲ့ ၎ပင္လယ္ဖ်ံဟာ ေဒသခံငါးဆိုင္တစ္ဆိုင္ရဲ႕ အမာခံေဖာက္သည္တစ္ဦးျဖစ္ၿပီး ေန႔တိုင္း အစာအလကားစားရဖို႔

၎ဆိုင္ဆီသို႔ တစ္ေကာင္တည္း အၿမဲေရာက္လာတတ္ပါတယ္။ ၎ ငါးစိမ္းဆိုင္ဟာလည္း Sammy အတြက္

တစ္ေန႔လွ်င္ ၃ ႀကိမ္ ထမင္းဝေအာင္စားသည့္ေနရာဘဲျဖစ္ပါတယ္။ ၎ Lighthouse Restaurant ႏွင့္

Fishman ဆိုင္ပိုင္ရွင္ Alan Hegarty က ” လူေတြက သူ႔ကို ယဥ္ပါးတယ္လို႔ထင္ၾကေပမယ့္ သူကေတာ့ ယဥ္ပါးမွာ မဟုတ္ပါဘူး။

ေန႔တစ္ေန႔ရဲ႕အဆုံးမွာေတာ့ သူက ေတာ႐ိုင္းတိရိစာၦန္တစ္ေကာင္သာျဖစ္ၿပီး ကြၽန္ေတာ္တို႔ကလည္း သူ႔ကို ဒီအတိုင္းေလးဘဲ ရွိေနေစခ်င္တယ္ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Sammyဟာ 2012 ခုႏွစ္ကတည္းက ၎ငါးစိမ္းဆိုင္သို႔ ပုံမွန္ေရာက္လာခဲ့တာပါ။

ေနာက္ပိုင္းမွာ ေဒသခံေတြက သူ႔ကို ကံေကာင္းျခင္းေတြယူေဆာင္လာတဲ့ Mascot တစ္ေကာင္အျဖစ္ ေမြးစားခဲ့ၾကပါတယ္။

ၿမိဳ႕ကိုလာေရာက္လည္ပတ္သူမ်ားကလည္း Wicklow ၿမိဳ႕တြင္သာေတြ႕ေၾကာင္းျပသရန္ တံဆိပ္ပါသည့္ တီရွပ္တစ္ထည္ကို ဝယ္ႏိုင္ပါတယ္။

ထို႔ေနာက္ 2016 ခုႏွစ္မွာေတာ့ ၎ရဲ႕ဗီဒီယိုတစ္ခုေၾကာင့္ Sammy ဟာ လူေျပာမ်ား ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ၎ဗီဒီယိုမွာ

လမ္းျဖတ္ကူးေနသည့္ Sammy အား ကုလားထိုင္တစ္လုံးျဖင့္ တားရန္ႀကိဳးစားေနတဲ့ဝန္ထမ္းတစ္ဦးအား ေတြ႕ျမင္ႏိုင္ပါတယ္။

ဒါ့ျပင္ ေဒသခံမ်ားဟာ Sammy က ငါးဆိုင္ကိုေရာက္ဖို႔ မၾကာခဏ ေရထဲကေနခုန္ထြက္လာတဲ့ ေနရာျဖစ္တဲ့ Wicklow ၿမိဳ႕ရွိ

ဆိပ္ကမ္းနားတစ္ေနရာမွာ ယာဥ္ေမာင္းေတြကို အခ်က္ေပးဖို႔အတြက္ “ပင္လယ္ဖ်ံျဖတ္ကူးျခင္း” ဆိုတဲ့ ဆိုင္းဘုတ္ေတြပါ ကပ္ထားၾကပါေသးတယ္။

Mia (Mckzone daily) Credit

Unicode

ငါးစိမ်းဆိုင်မှာ တစ်နေ့ သုံးနပ် ပုံမှန်စားရဖို့အတွက် နေ့တိုင်းလိုလို တစ်ကောင်တည်း ကုန်းပေါ်တက်ပြီး လမ်းဖြတ်ကူးလာတတ်တဲ့ ပင်လယ်ဖျံကြီး (ရုပ်သံ)

လူတွေက အိုင်ယာလန်၊ Wicklow မြို့ကို ရောက်တဲ့အခါ၊ ပင်လယ်ဖျံကြီးတစ်ကောင်က ကားလမ်းကိုဖြတ်ကူးပြီး

ငါးဆိုင်ထဲကို ဝင်သွားတဲ့ မြင်ကွင်းကြောင့် အံ့ဩမိသွားကြနိုင်ပါတယ်။ ဒါပေမဲ့ ၎င်းက အဲဒီမှာ ပုံမှန်နေ့စဉ် အလေ့အထတစ်ခုလိုပါဘဲ။

Sammy လို့ခေါ်တဲ့ ၎င်းပင်လယ်ဖျံဟာ ဒေသခံငါးဆိုင်တစ်ဆိုင်ရဲ့ အမာခံဖောက်သည်တစ်ဦးဖြစ်ပြီး နေ့တိုင်း အစာအလကားစားရဖို့

၎င်းဆိုင်ဆီသို့ တစ်ကောင်တည်း အမြဲရောက်လာတတ်ပါတယ်။ ၎င်း ငါးစိမ်းဆိုင်ဟာလည်း Sammy အတွက်

တစ်နေ့လျှင် ၃ ကြိမ် ထမင်းဝအောင်စားသည့်နေရာဘဲဖြစ်ပါတယ်။ ၎င်း Lighthouse Restaurant နှင့်

Fishman ဆိုင်ပိုင်ရှင် Alan Hegarty က ” လူတွေက သူ့ကို ယဉ်ပါးတယ်လို့ထင်ကြပေမယ့် သူကတော့ ယဉ်ပါးမှာ မဟုတ်ပါဘူး။

နေ့တစ်နေ့ရဲ့အဆုံးမှာတော့ သူက တောရိုင်းတိရိစ္ဆာန်တစ်ကောင်သာဖြစ်ပြီး ကျွန်တော်တို့ကလည်း သူ့ကို ဒီအတိုင်းလေးဘဲ ရှိနေစေချင်တယ် ” လို့ ပြောကြားခဲ့ပါတယ်။

Sammyဟာ 2012 ခုနှစ်ကတည်းက ၎င်းငါးစိမ်းဆိုင်သို့ ပုံမှန်ရောက်လာခဲ့တာပါ။

နောက်ပိုင်းမှာ ဒေသခံတွေက သူ့ကို ကံကောင်းခြင်းတွေယူဆောင်လာတဲ့ Mascot တစ်ကောင်အဖြစ် မွေးစားခဲ့ကြပါတယ်။

မြို့ကိုလာရောက်လည်ပတ်သူများကလည်း Wicklow မြို့တွင်သာတွေ့ကြောင်းပြသရန် တံဆိပ်ပါသည့် တီရှပ်တစ်ထည်ကို ဝယ်နိုင်ပါတယ်။

ထို့နောက် 2016 ခုနှစ်မှာတော့ ၎င်းရဲ့ဗီဒီယိုတစ်ခုကြောင့် Sammy ဟာ လူပြောများ ပျံ့နှံ့သွားခဲ့ပါတယ်။ ၎င်းဗီဒီယိုမှာ

လမ်းဖြတ်ကူးနေသည့် Sammy အား ကုလားထိုင်တစ်လုံးဖြင့် တားရန်ကြိုးစားနေတဲ့ဝန်ထမ်းတစ်ဦးအား တွေ့မြင်နိုင်ပါတယ်။

ဒါ့ပြင် ဒေသခံများဟာ Sammy က ငါးဆိုင်ကိုရောက်ဖို့ မကြာခဏ ရေထဲကနေခုန်ထွက်လာတဲ့ နေရာဖြစ်တဲ့ Wicklow မြို့ရှိ

ဆိပ်ကမ်းနားတစ်နေရာမှာ ယာဉ်မောင်းတွေကို အချက်ပေးဖို့အတွက် “ပင်လယ်ဖျံဖြတ်ကူးခြင်း” ဆိုတဲ့ ဆိုင်းဘုတ်တွေပါ ကပ်ထားကြပါသေးတယ်။

Mia (Mckzone daily) Credit

Crd