■ငရဲပြည်ကကြက်ဥမွှေကြော်နဲ့တောင်တူတယ်ဟုတင်စားခဲ့ရတဲ့ ချော်ရည်နဲ့ရေခဲထိတွေ့မှု

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ငရဲပြည်ကကြက်ဥမွှေကြော်နဲ့တောင်တူတယ်ဟုတင်စားခဲ့ရတဲ့ ချော်ရည်နဲ့ရေခဲထိတွေ့မှု

ချော်ရည်ရဲ့အပူချိန်ဟာ ၅၀၀-၁၂၀၀ ဒီဂရီ ကြားမှာရှိပါတယ်။ တကယ်လို့ ချော်ရည်ကို ရေခဲတုံးပေါ်လောင်းချလိုက်ရင် ဘာဖြစ်မယ်ထင်ပါသလဲ။ သုတေသီတွေက စမ်းသပ်ချက်တွေ ပြုလုပ်ပြီးရှာဖွေခဲ့ကြပါတယ်။

သူတို့ကတော့ ရေခဲဟာ ရိုးရိုးလေးပဲ ပေါက်ကွဲသွားမယ် သို့မဟုတ် ချော်ရည်ဟာ ရေခဲကိုအပေါက်ကြီးဖြစ်သွားအောင်လုပ်မယ်လို့ပဲ ထင်ခဲ့တာပါ။ ဒီလိုမျိုး တစ်ခုမှမဖြစ်ခဲ့ပါဘူး။ ရုတ်ချည်းဆိုသလိုချော်ရည်ဟာ ပူဖောင်းတွေထလာပြီး ရေခဲပြင်ရဲ့မျက်နှာပြင်မှာ ပျံ့သွားခဲ့ပါတယ်။

ငရဲပြည်က ကြက်ဥမွှေကြော်နဲ့တောင်တူပါတယ်။ ဒါကတော့ သိပ္ပံပညာရှင် တစ်ဦးတင်စားပြောခဲ့တဲ့စကားပါ။ ဘာလို့ ဒီလိုဖြစ်သွားတာလဲ။ ချော်ရည်ဟာ အရမ်းပူတာကြောင့် ရေခဲပြင်နှင့်ထိတွေ့တဲ့အခါ ရေခဲဟာ အရည်အဖြစ်သို့ ပြောင်းလဲသွားရမယ့်အစား ရေငွေ့အဖြစ်ပြောင်းလဲသွားပါတယ်။ ဒီအငွေ့တွေက ပူဖောင်းအကြီးကြီးတွေကိုဖြစ်ပေါ်စေပြီးနောက်ပိုင်း အမဲရောင်ပြောင်းပြီး အေးခဲလာကာ ချော်ရည်လမ်းကြောင်းအဖြစ် ပြောင်းလဲသွားတာပါ။

နောက်ထပ် စမ်းသပ်ချက်မှာတော့ သိပ္ပံပညာရှင်တွေက ချော်ရည်ဟာ ရေအေးနှင့်ထိတွေ့ရင် ဘာဖြစ်သွားမလဲဆိုတာကို စမ်းသပ်ခဲ့ပါတယ်။ သက်ရောက်မှုကတော့ အတူတူနီးပါးပါပဲ။ ရေငွေ့အမြှုပ်တွေဟာ ချော်ရည်ရဲ့မျက်နှာပြင်မှာ ထွက်လာပါတယ်။ ဒါ့ကြောင့် ချော်ရည်စဟာ ရေမမြုပ်သွားပါဘူး။ ရေခဲလိုပဲ ရေမျက်နှာပြင်ပေါ်မှာပေါလောပေါ်နေပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ငရဲျပည္ကၾကက္ဥေမႊေၾကာ္နဲ႔ေတာင္တူတယ္ဟုတင္စားခဲ့ရတဲ့ ေခ်ာ္ရည္နဲ႔ေရခဲထိေတြ႕မႈ

ေခ်ာ္ရည္ရဲ့အပူခ်ိန္ဟာ ၅၀၀-၁၂၀၀ ဒီဂရီ ၾကားမွာရွိပါတယ္။ တကယ္လို႔ ေခ်ာ္ရည္ကို ေရခဲတုံးေပၚေလာင္းခ်လိုက္ရင္ ဘာျဖစ္မယ္ထင္ပါသလဲ။ သုေတသီေတြက စမ္းသပ္ခ်က္ေတြ ျပဳလုပ္ၿပီးရွာေဖြခဲ့ၾကပါတယ္။

သူတို႔ကေတာ့ ေရခဲဟာ ရိုးရိုးေလးပဲ ေပါက္ကြဲသြားမယ္ သို႔မဟုတ္ ေခ်ာ္ရည္ဟာ ေရခဲကိုအေပါက္ႀကီးျဖစ္သြားေအာင္လုပ္မယ္လို႔ပဲ ထင္ခဲ့တာပါ။ ဒီလိုမ်ိဳး တစ္ခုမွမျဖစ္ခဲ့ပါဘူး။ ႐ုတ္ခ်ည္းဆိုသလိုေခ်ာ္ရည္ဟာ ပူေဖာင္းေတြထလာၿပီး ေရခဲျပင္ရဲ့မ်က္ႏွာျပင္မွာ ပ်ံ႕သြားခဲ့ပါတယ္။

ငရဲျပည္က ၾကက္ဥေမႊေၾကာ္နဲ႔ေတာင္တူပါတယ္။ ဒါကေတာ့ သိပၸံပညာရွင္ တစ္ဦးတင္စားေျပာခဲ့တဲ့စကားပါ။ ဘာလို႔ ဒီလိုျဖစ္သြားတာလဲ။ ေခ်ာ္ရည္ဟာ အရမ္းပူတာေၾကာင့္ ေရခဲျပင္ႏွင့္ထိေတြ႕တဲ့အခါ ေရခဲဟာ အရည္အျဖစ္သို႔ ေျပာင္းလဲသြားရမယ့္အစား ေရေငြ႕အျဖစ္ေျပာင္းလဲသြားပါတယ္။ ဒီအေငြ႕ေတြက ပူေဖာင္းအႀကီးႀကီးေတြကိုျဖစ္ေပၚေစၿပီးေနာက္ပိုင္း အမဲေရာင္ေျပာင္းၿပီး ေအးခဲလာကာ ေခ်ာ္ရည္လမ္းေၾကာင္းအျဖစ္ ေျပာင္းလဲသြားတာပါ။

ေနာက္ထပ္ စမ္းသပ္ခ်က္မွာေတာ့ သိပၸံပညာရွင္ေတြက ေခ်ာ္ရည္ဟာ ေရေအးႏွင့္ထိေတြ႕ရင္ ဘာျဖစ္သြားမလဲဆိုတာကို စမ္းသပ္ခဲ့ပါတယ္။ သက္ေရာက္မႈကေတာ့ အတူတူနီးပါးပါပဲ။ ေရေငြ႕အျမႇုပ္ေတြဟာ ေခ်ာ္ရည္ရဲ့မ်က္ႏွာျပင္မွာ ထြက္လာပါတယ္။ ဒါ့ေၾကာင့္ ေခ်ာ္ရည္စဟာ ေရမျမဳပ္သြားပါဘူး။ ေရခဲလိုပဲ ေရမ်က္ႏွာျပင္ေပၚမွာေပါေလာေပၚေနပါတယ္။
Ref:youtube
Trans:thegeektext