■ငရဲကိုသွားတဲ့တံခါးဝလို့လူသိများကြတဲ့ မီးတောင်အဝ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ငရဲကိုသွားတဲ့တံခါးဝလို့လူသိများကြတဲ့ မီးတောင်အဝ

တာ့ခ်မင်နစတန် နိုင်ငံမှာရှိတဲ့ Devaza (ဒဗာဇာ) လို့ခေါ်တဲ့မီးတောင်ဝဟာ ငရဲကိုသွားတဲ့ တံခါးပေါက်လို့ လူသိများကြပါတယ်။

Caricom (ခါရီခွန်) ကန္တာရမှာရှိတဲ့ ဒီကြောက်မက်ဖွယ်ကောင်းတဲ့လှိုဏ်ခေါင်ကြီးဟာ မီးလောင်နေခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ပါပြီ။ အဲ့နေရာကို ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်နိုင်ငံသား ဘူမိဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာပါ။

သူတို့တူးနေတဲ့နေရာအောက်က မြေက ရုတ်တရက်ပြိုသွားပြီး ပေ၂၃၀ ကျယ်တဲ့အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။ အဲ့မီးတောင်အဝကျယ်ကြီးဟာ အဆိပ်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေပြည့်နေတဲ့အတွက် အဲ့နေရာကိုမီးရှို့ထားဖို့ပဲ ဆုံးဖြတ်ခဲ့ကြတာပါ။

သိပ္ပံ ပညာရှင်တွေက ရက်အနည်းငယ်အတွင်းသူဟာသူလောင်ကျွမ်းသွားမယ်လို့ထင်ခဲ့ကြပေမယ့် နှစ်ပေါင်းလေးဆယ်ကျော်ကြာတဲ့ အခုချိန်ထိ တောက်လောင်နေခဲ့တာပဲဖြစ်ပါတယ် ။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext