■ငယ်ရွယ်စဥ်က အလှောင်ခံခဲ့ရသော်လည်း လူသိများထင်ရှားတဲ့မင်းသမီးတစ်ယောက်ဖြစ်ခဲ့တဲ့ ရွေအိုရောင်မိန်းမလှလေး
Article Celebrity Hollywood World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ငယ်ရွယ်စဥ်က အလှောင်ခံခဲ့ရသော်လည်း လူသိများထင်ရှားတဲ့မင်းသမီးတစ်ယောက်ဖြစ်ခဲ့တဲ့ ရွေအိုရောင်မိန်းမလှလေး
ဟောလိဝုဒ်ကြယ်တစ်ပွင့်ဖြစ်တဲ့ ကိတ်ဝင်းစလက်ဟာ ငယ်စဥ်ကတည်းက သူမရဲ့ ကောက်ကြောင်းအလှကြောင့် လူသိများထင်ရှားပြီး ဒါအတွက်လည်း ရှက်မနေခဲ့ပါဘူး။ ကိုယ့်ကိုကိုယ် လက်ခံဖို့ကလည်း ထင်သလောက်မလွယ်ကူပါဘူး။
လန်ဒန်မြို့က လူငယ်များအတွက် ကျင်းပပြုလုပ်တဲ့ ပွဲတစ်ခုမုာ သူမဟာ အဝလွန်ခဲ့စဥ်က အလွန်ခက်ခဲခဲ့ကြောင်း၊ တခြားခလေးများရဲ့ လှောင်ပြောင်ခြင်းများခံခဲ့ရပြီး နာမည်ပြောင်များနှင့်လည်း စော်ကားခံခဲ့ရပါတယ်။သရုပ်ဆောင်သင်တန်းကျောင်းမှ ဆရာမကလည်း ဖက်တီးအခန်းများကိုသာ လုပ်ပါလို့ ပြောခဲ့တာပါ။ဒါကြောင့် သူမဟာ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကိတ်ဟာ သူမကိုယ်တိုင်လည်း အရည်အချင်းပြည်ဝသူတစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပီး သူမ လုပ်နိုင်စွမ်းကို သေချာချပြခဲ့တာကိုလည်း ကျွန်တော်တို့မြင်ခဲ့ပြီးသားပါ။ သူမဟာ မမျော်လင့်ထားဘဲ ဆန်းဝစ်ချ်ဆိုင်မှာ စာဖတ်နေတဲ့ ကိတ်ဟာ ရုတ်တရက် အကောင်းဆုံးရုပ်ရှင်ကားထဲ ပါဝင်သရုပ်ဆောင်နေပြီလို့ ကိုယ့်ကိုကိုယ်ပြောခဲ့ပါသေးတယ်။
ဂျိမ်းကမ်မရွန်မှ ကိတ်ဝင်းစလက်ကို ကိတ်ဝင်းweigh a lot လို့ ရိုက်ကွင်းမုာခေါ်လည်း တစ်စက်လေးမျှ ယုံကြည်မှုလျော့ကျမသွားပါဘူး။ ကျွန်မတို့ ရွှေအိုရောင်မိန်းမလှလေးအတွက် ဝမ်းသာပါတယ် သူမသာအစကထဲတည်းကပိန်ခဲ့လျှင် သူမရဲ့ထူးခြားမှုများကို မြင်တွေနိုင်မှာမဟုတ်ပါဘူး။
အစ်ခရာ လောရန့်၊ ကိတ်ရဲ့ အမွှာလို့ အလွယ်တကူထင်ရပါတယ် သူတို့ဟာ ရုပ်ချင်းဆင်ရုံသာမက တော်တော်လေးလဲ တူကြတာပါ။ အစ်ခရာ ဟာ အလှအပစံနှုန်းများကို ဂရုမထားဘဲ မော်ဒယ်တစ်ဦးအဖြစ် အောင်မြင်နေသူဖြစ်ပါတယ် သူတို့တစ်ဦးနှင့်တစ်ဦး သိကြလားဆိုတာတော့ သိချင်မိပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext