ဂြိုဟ်သားတို့ရဲ့ ယာဉ်ပျံတွေ ကမ္ဘာ‌မြေကို ရောက်ရှိခဲ့တဲ့ အထောက်အထားများ

ဂြိုဟ်သားတို့ရဲ့ ယာဉ်ပျံတွေ ကမ္ဘာ‌မြေကို ရောက်ရှိခဲ့တဲ့ အထောက်အထားများ

နှစ်ပေါင်း(၅၀)အတွင်း ဂြိုဟ်သားတို့ရဲ့ UFO ယာဉ်ပျံတွေ (၃) ခေါက်လာခဲ့တယ်ဆိုတာ အခုဖြစ်ရပ်တွေက သက်သေပြနေပါတယ်။ ရှု့စားကြပါဦးနော်။

UFO လို့ခေါ်တဲ့ အမျိုးအမည်မသိ ယာဉ်ပျံတွေကို တွေ့ရှိမှုတွေဟာ ပုံစံအမျိုးမျိုး၊ တွေ့ရှိပုံ အမျိုးမျိုးနဲ့ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

အများစု တွေ့ရတာကတော့ ပန်းကန်ပြားပျံပုံဖြစ်ပြီး တိတ်ဆိတ်စွာ ဝေ့ဝဲပျံသန်းတဲ့ပုံတွေ၊ ရုပ်ရှင် ဗွီဒီယိုတွေက များပါတယ်။

ဒါတွေဟာ ကမ္ဘာတလွှားမှာ တွေ့ရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခု Knight News ကနေ တင်ပြမှာကတော့ သက်သေခိုင်လုံတဲ့ အချက် (၃)ခုနဲ့ အဖြစ်အပျက်တွေကို ဖြစ်ပါတယ်။

(၁) Skylab iii Mission (အာကာသဓါတ်ခွဲခန်း (၃) ခရီးစဉ်)

ဒီဖြစ်ရပ်က ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က အိန္ဒိယ သမုဒ္ဒရာအနောက်တောင်ဖက်မှာ ဖြစ်ခဲ့တာပါ။ Skylab iii ဟာ အမေရိကန်တို့ရဲ့ အာကာသစခန်း Skylab ကို ဒုတိယမြောက်သွားခဲ့တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

skylab

၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာစတင်ပြီး စက်တင်ဘာ ၂၅ ရက်ထိ (၅၉) ရက် ကြာမြင့်ခဲ့ပါတယ်။ ခရီးစဉ်မှာ ပါဝင်ခဲ့သူတွေကတော့ Alan Bean, Owen Garriott နဲ့ Jack Lousma တို့ (၃)ဦး ဖြစ်ပါတယ်။

သူတို့ဟာ စက်တင်ဘာ (၂၀) ရက်နေ့မှာ အနီရောင်အလင်းတွေ တောက်ပနေတဲ့ ယာဉ်တစ်စင်းကို Skylab ဆီ ဦးတည်လာနေတာကို တွေ့ခဲ့ကြပါတယ်။

အနီရောင်အလင်းဟာ စူးရှတောက်ပလွန်းတာကြောင့် အာကာသယာဉ်မှူးတွေဟာ အမြင်အာရုံဝေဝါးပြီး ဘာမှမမြင်ရတော့အောင် ဖြစ်ခဲ့ကြပါတယ်။

Alan Bean, Owen Garriott နဲ့ Jack Lousma

Alan ရဲ့အဆိုအရ အဲဒီ အနီရောင်အလင်းနဲ့ယာဉ်ဟာ သူတို့ Skylab နားကနေ ဖြတ်သန်းသွားတာဖြစ်ပြီး တွေ့ဖူးသမျှထဲမှာ အထူးဆန်းဆုံးယာဉ်တစ်စီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အနီရောင်အလင်းနဲ့ယာဉ်ဟာ Skylab အာကာသစခန်းအနီး ပါတ်လမ်းအတွင်းမှာ လှည့်ပတ်ပျံသန်းနေခဲ့တာမို့ သူတို့ဟာ ဒါကို (၁၀)မနစ်ကျော်အောင် မြင်တွေ့မှတ်တမ်းတင်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲ့ဒီမှတ်တမ်းတွေကို နာဆာ (NASA)က မထုတ်ပြန်တဲ့အပြင် Skylab အနားမှာ ဘာယာဉ်မှ မတွေ့ရသလို အထောက်အထားလည်း မရှိလူးလို့ ငြင်းဆိုခဲ့ပါတယ်။

အမှန်တော့ Skylab နဲ့ ကီလိုမီတာ ၃၀ လောက်အကွာကနေ အဲဒီယာဉ်ဟာ လိုက်ပါ ပျံသန်းနေခဲ့ပါတယ်လို့ ယာဉ်မှူးတွေက ဆိုပါတယ်။

အနီရောင်အလင်းတွေ တောက်ပနေတဲ့ ယာဉ်တစ်စင်း

နောက်ပိုင်းမှာတော့ နာဆာ (NASA) ဟာ ဓါတ်ပုံတွေကို ပြန်လည်သုံးသပ်မယ်လို့ သဘောတူခဲ့ပါတယ်။ ဓါတ်ပုံတွေကို ဝါရှင်တန်ဒီစီ ခြံအမှတ် (၂၁၃) မှာရှိတဲ့ NPIC ခေါ် ဂြိုဟ်တုနှင့် ဝေဟင်ဓါတ်ပုံများ စီစစ်ရေးကော်မတီက သုံးသပ်မှာ ဖြစ်ပါတယ်။

NPIC ဟာ CIA လက်အောက်ခံ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကလည်း Skylab ယာဉ်မှူးတွေဟာ Groom Lake ရေကန်နားကလေဆိပ်ကို အမှတ်မထင် ဓါတ်ပုံရိုက်မိပြီး ဒီဓါတ်ပုံဟာ Skylab အစီရင်ခံစာထဲ ပါရှိလာလို့ ဖြစ်ပါတယ်။ Groom Lake ဟာ ဧရိယာ ၅၁ နားမှာ ရှိနေပါတယ်။ ဒါက ပထမဆုံး ဖြစ်စဉ်ပါ။

(၂) Voronezh , Russia (ဗိုရိုနက်ဇ်မြို့၊ ရုရှား)

ရုရှားမှာ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဗိုရိုနက်ဇ်မြို့က လေကြောင်းအတတ်သင် အထက်တန်းကျောင်းမှ ကျောင်းသား ဗိုလ်လောင်းနှစ်ဦးဟာ ကောင်းကင်က ထူးဆန်းတဲ့ အရာတစ်ခုကို ဓါတ်ပုံရိုက်မိခဲ့ကြပါတယ်။

အဲဒီအရာဟာ မီးခိုးနဲ့ အဖြူရောင် ရောနေတဲ့ ယာဉ်တစ်ခုဖြစ်ပြီး ပန်းရောင် ရောင်ခြည်တွေ ဝန်းရံထားပါတယ်။ တဖြည်းဖြည်း ပုံပြောင်းလာပြီး အခိုးအငွေ့တွေကြားမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

နောက်ရက်သတ္တပါတ်အနည်းငယ်အကြာမှာ ဒီမြို့မှာပဲ ကလေးငယ်တွေဟာ ဒါကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ UFO ဟာ အလုံးပုံသဏ္ဍာန်ဖြစ်ပြီး မူလ အလုံးကနေ နောက်ထပ် (၃)လုံးအဖြစ် ကွဲထွက်လာတာ တွေ့ရပါတယ်။

တွေ့ရှိခဲ့တယ်ဆိုတဲ့ ယဉ်ပျံပုံ

ကျွမ်းကျင်ပညာရှင်တွေက ဓါတ်ပုံတွေကို စီစစ်ရာမှာတော့ အတုအပ တစုံတရာ လုပ်ဆောင်ထားတာ မတွေ့ရဘဲ အစစ်အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။

(၃) Bekasi မြို့၊ အင်ဒိုနီးရှား

ဒါကတော့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှာ တွေ့ရှိခဲ့ကြတာဆိုတော့ လတ်တလော တွေ့ရှိမှုလို့ ပြောနိုင်ပါတယ်။

အင်ဒိုနီးရှား အမျိုးသားတစ်ဦးဟာ စက္ကန့် (၅၀)ကြာတဲ့ ရုပ်သံဖိုင်တစ်ခုကို ရိုက်ကူးပြီး လူမှုကွန်ယက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ သူ့အမည်က Ardian (အာဒီယန်) ဖြစ်ပါတယ်

သူ့ရဲ့အဆိုအရ UFO ဟာ ညဖက်မှာ အကြိမ်ရေများစွာ ပေါ်လာတယ်လို့ ဆိုပါတယ်။ ကံကောင်းစွာနဲ့ သူက ဖုန်းနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံဖိုင်မှာ UFO ဟာ ခရမ်းရောင်နဲ့ပန်းရောင် တောက်ပနေပြီး ဗိုရိုနက်ဇ်မှာ တွေ့ရှိခဲ့တဲ့ မြင်ကွင်းနဲ့ အလွန်နီးစပ်စွာ တူညီနေတာ တွေ့ရပါတယ်။

အခုဖြစ်ရပ်တွေဟာ ဂြိုဟ်သားတွေ ကမ္ဘာကို လာရောက်ခဲ့သလားဆိုတဲ့အချက်ကို သက်သေပြနိုင်ခဲ့တယ်ဆိုတာတော့ ငြင်းမရပါဘူးလို့ Dona Hare (ဒိုနာဟဲ) ဆိုသူ အမျိုးသမီးက ပြောကြားခဲ့ပါတယ်။

သူမကလည်း ၁၉၇၀ အစောပိုင်းနှစ်တွေမှာ NASA မှာ အလုပ်လုပ်ခဲ့သယတစ်ဦး ဖြစ်ပါတယ်။ သူမက ဓါတ်ပုံပညာရှင်ဖြစ်ပြီး ဓါတ်ခွဲခန်းဖက်မှာ အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဌာနတွေမှာ လုံခြုံရေးမြှင့်တင်ထားပြီး အပြင်လူဝင်ရောက်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ယုံတာ၊မယုံတာထက် စာရှု့သူတို့ကို တစ်ခုခုတင်ပြနိုင်ခဲ့တယ်ဆိုရင် Knight News အနေနဲ့ ကျေနပ်မိပါတယ်လို့။

Knight News Team

Knight News © 2022

Crd