ဂြိုလ်သားတွေက ကမ္ဘာမြေကြီး ကို တိရိစ္ဆာန်ဥယျာဉ်တစ်ခုလို စောင့်ကြည့်နေတာလား

News Social News





အတွေးအခေါ်ဆိုတာဘာလဲ ???




Crd..beesportnews

Unicode

ဂြိုလ်သားတွေက ကမ္ဘာမြေကြီး ကို တိရိစ္ဆာန်ဥယျာဉ်တစ်ခုလို စောင့်ကြည့်နေတာလား…???

သိပ္ပံပညာ ဝတ္ထုတွေက ကျွန်မတို့ ဂလက်စီထဲက မရေမတွက်နိုင်တဲ့ ပြင်ပ လူ့အဖွဲ့အစည်းတွေ ဂြိုလ်တွေကြားထဲက အရှုပ်အထွေးတွေကြားထဲမှာ ခေတ်စားပါတယ် ။ တကယ့်လက်တွေ့မှာတော့ ကျွန်မတို့ ဂြိုလ်သားတွေရဲ့ အခြေခံအကျဆုံးပုံစံကိုတောင် မကြုံရသေးပါဘူး။

ဒါ ဘာကြောင့်များဖြစ်မလဲ …ဖြစ်နိုင်တာတစ်ခုကတော့ အသက်ရှင်နေထိုင်လို့ရတဲ့ ဂြိုလ်တွေကရှားပါတယ် ။ အသိဉာဏ်ရှိနေတဲ့သူတွေကိုယ်တိုင်ကိုက ထူးခြားနေတာပါ ။ တစ်နည်းပြောရရင် ကျွန်မတို့ လူသားတွေက အထီးကျန်စွာရှိနေတာပါ ။ တခြား နည်းပညာအရ ဖွံ့ဖြိုးတဲ့ လူနေမှုတွေက ဝေးလွန်းနေတာဖြစ်နိုင်သလို မသိတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဂြိုလ်သားတွေသာ အိမ်နီးခြင်း ဂလက်စီမှာ ရှိနေရင်ရော ဘယ်လိုလုပ်မလဲ …. ကျွန်မတို့က တမင်သက်သက်များ ချန်ထားခံခဲ့ရတာလား။ Zoo အတွေးအခေါ်ဆိုတာ ကို ခဏလေး ထားလိုက်ပါ …

အတွေးအခေါ်ဆိုတာဘာလဲ ???
အရေးကြီးတဲ့အတွေးအခေါ်ဟာ ရာစုနှစ်ချီပြီး သိပံပညာရပ်နဲ့ နက္ခတဗေဒဆိုင်ရာဘာသာရပ်မှာ ရှိနေခဲ့တာပါ ။ ဒါပေမယ့် ၁၉၇၃ မှာ နက္ခတ်ဗေဒပညာရှင်တစ်သီးဖြစ်တဲ့ ဂျွန်ဘောလ်က အတွေးအခေါ်တစ်ခုကို ထုတ်ပြန်ခဲ့တယ် ။ သူ့အနှစ်သာရကတော့ Fermi ဝိရောဓိရဲ့ ဖြစ်နိုင်တဲ့ အဖြေတစ်ခုကို Zoo အဆိုကြမ်းက ပေးနေပါတယ်။

Fermi ဝိရောဓိဆိုတာက အသိဉာဏ်ရှိတဲ့ သူတွေဘဝရဲ့ စနစ်လည်ပတ်မှုနဲ့ ဒီလို အသိဉာဏ်ရှိတဲ့သူတွေ တည်ရှိနေမှု အထောက်အထားမရှိတဲ့ကြားထဲက အမှတ်အသားကို ဖော်ပြထားတာပဲဖြစ်ပါတယ်။အဆိုကြမ်းမှာဖော်ပြထားတာကတော့ ဂြိုလ်သားတွေလဲ ရှိနေနိုင်ပေမယ့် ရည်ရွယ်ချက်ရှိရှိ ကျွန်မတို့စီက ဖုံးကွယ်နေတာ ဖြစ်နိုင်ပါတယ်။

နာမည်က Zoo ဆိုသလိုပဲ ကမ္ဘာကြီးကို ဂြိုလ်သားတွေက တိရိစ္ဆာန်ဦးယျာဉ်လို့ သဘောထားတာ ဒါမှမဟုတ် ကျွန်မတို့ရဲ့ နည်းပညာ နဲ့ ယဉ်ကျေးမှု တိုးတက်ခြင်းကို မနှောင့်ယှက်ချင်တာများလား …. နောက်ထပ်စမ်းသပ်ချက်တစ်ခုဆိုထားတာကတော့ ကျွန်မတို့က ဂြိုလ်သားတွေရဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်တာကြောင့် ကျွန်မတို့ကို စကားမပြောကြပါဘူးတဲ့။

ထုံးစံအတိုင်းပဲ သဘောတူတဲ့သူရှိသလို ငြင်းခုန်ကြတဲ့သူတွေလဲရှိပါတယ် ။ အကောင်းဆုံးငြင်းခုန်မှုကတော့ ဂြိုလ်သားတွေ ကမ္ဘာကို လာလည်ခဲ့တဲ့ အရာမျိုးကို ရာစုနှစ်ချီ အစိုးရက ထိန်းသိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာပါပဲ။သင့်အနေနဲ့ ဒါကို ငြင်းခုန်နိုင်ဖို့ ကြိုးစားလို့ရပေမယ့် ဒီနေရာမှာ ကျွန်မတို့ပြောနေတာ ဂြိုလ်သား အစိုးရဖြစ်ပြီး လူသား အစိုးရမဟုတ်ပါဘူး ။

ဒါပေမယ့် ဂြိုလ်သားတွေရှိနေတယ်ဆိုတဲ့ ဆင်ခြင်တွေးခေါ်မှုက ကျွန်မတို့မှာရှိနေပြီးသား ဂြိုလ်သားပုံစံပေါ်မူတည်နေပါတယ်။တကယ်လို့သာ ကျွန်မတို့ သူတို့နဲ့ တစ်နေ့နေ့မှာ ဆက်သွယ်လာနိုင်ခဲ့ရင် Zoo အဆိုကြမ်းက မှားသွားနိုင်ပါသေးတယ်။ သီအိုရီအရ သူတို့နဲ့ဆက်သွယ်ပြီး ကျွန်မတို့ အလုံပိတ်ကမ္ဘာကြီး အပြင်မှာ ဘာရှိလဲဆိုတာ ကြည့်ချင်သေးတယ်လို့ ဂြိုလ်သားတွေကို ပြောချင်ပါသေးတယ်။
Crd..beesportnews

Crd