ဂြိုလ်တု ဆက်သွယ်ရေးနဲ့ A16 Chip ပါတဲ့ iPhone 14 Pro နဲ့ 14 Pro Max ကို ကြေညာ

News Social News

Apple က ကင်မရာ အသစ်၊ Notch ဒီဇိုင်း အသစ်နဲ့ Chipset အသစ်ပါတဲ့ iPhone 14 Pro နဲ့ 14 Pro Max ကို ကြေညာလိုက်ပါတယ်။ အရေးပေါ် အခြေအနေမှာ ဂြိုလ်တု ဆက်သွယ်ရေးနဲ့ စာပေးပို့နိုင်တဲ့ စွမ်းရည် ပါလာပြီး အမေရိကန်နဲ့ ကနေဒါမှာ နိုဝင်ဘာလ စတင် အသုံးပြုနိုင်မှာကာ ပထမဆုံး ၂ နှစ် အခမဲ့ သုံးနိုင်မှာပါ။

iPhone 14 Pro and 14 Pro Max arrive with pill notch, Always-On Display, and new cameras

ဆေးတောင့်ပုံ Cutout ပါလာပြီး ကင်မရာတွေဟာ ၃၀ ရာခိုင်နှုန်း ပိုသေးလာတဲ့အတွက် အရင် iPhone 13 တွေထက် Notch ပိုသေးသွားပါတယ်။ ဒီလိုလုပ်နိုင်ဖို့ Proximity ဆန်ဆာကို မျက်နှာပြင်အောက်ကို ပြောင်းရွှေ့ထားပါတယ်။ Apple က Cutout ကို Dynamic Island လို့ အမည်ပေးထားပြီး Cutout ပတ်လည်က အနက်ရောင် Pixel တွေကနေ Dynamic Effect တချို့ကို ဖန်တီးနိုင်ပါတယ်။

iPhone 14 Pro and 14 Pro Max arrive with pill notch, Always-On Display, and new cameras

Pro မှာ ၆.၁ လက်မနဲ့ Pro Max မှာ ၆.၇ လက်မ မျက်နှာပြင်တွေ တပ်ဆင်ထားပြီး HDR Content အတွက် 2,000 nits Brightness ကို ပြသပေးနိုင်ပါတယ်။ Refresh Rate ကို 1Hz အထိ ပြသပေးနိုင်ပါတယ်။ Always-on Display ထောက်ပံ့ထားပြီး အချိန်၊ Widget တွေကို ပြသပေးနိုင်ပါတယ်။

iPhone 14 Pro and 14 Pro Max arrive with pill notch, Always-On Display, and new cameras

အနောက်ဘက် ပင်မ ကင်မရာမှာ Quad-pixel ဆန်ဆာကို ပထမဆုံး အကြိမ် အနေနဲ့ Apple က ထည့်သွင်းပေးထားပေမယ့် Android တွေမှာ ရနေတာ ကြာပါပြီ။ ဆန်ဆာက 48MP Resolution ရှိပြီး Default အနေနဲ့ 12MP နဲ့ ရိုက်ပေးပါတယ်။ ဒုတိယမျိုးဆက် ဆန်ဆာ Shift Stabilization နဲ့ Full Focus Pixel ပါလာပါတယ်။

iPhone 14 Pro and 14 Pro Max arrive with pill notch, Always-On Display, and new cameras

ပင်မ ကင်မရာက 2x Zoom အထိ ကင်မရာ App မှာ ထောက်ပံ့ပေးထားပြီး Portrait Mode ဓါတ်ပုံတွေအတွက် ကောင်းမွန်ပါတယ်။ 12MP Ultrawide ကင်မရာက ပိုမို ပြတ်သားပြီး အသေးစိတ်ကျတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပြီး Macro ဓါတ်ပုံတွေ ပိုကောင်းစေပါတယ်။ နောက် ကင်မရာ ၁ လုံးက 3x Telephoto ဖြစ်ပြီး OIS ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ A16 Bionic Chip တပ်ဆင်ထားပြီး အရင်မျိုးဆက် A15 ထက် CPU စွမ်းရည်က ၄၀ ရာခိုင်နှုန်း ပိုမြန်ပြီး စွမ်းအင်စားသုံးမှု ၂၀ ရာခိုင်နှုန်း ပိုနည်းပါတယ်။

iPhone 14 Pro နဲ့ 14 Pro Max အတွက် Space Black , Silver, Gold နဲ့ Deep Purple အရောင်တွေ ထုတ်လုပ်ထားပြီး 128/256/512GB နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၁၆ ရက်နေ့ရောင်းမှာပါ။ အမေရိကန်က ဈေးနှုန်းက အရင်နှစ် မော်ဒယ်တွေနဲ့ တူညီပြီး iPhone 14 Pro က ၉၉၉ ဒေါ်လာနဲ့ 14 Pro Max က ၁,၀၉၉ ဒေါ်လာက စပါတယ်။

ref : gsmarena

Crd