■ဂျူးဥပဒေကျမ်းဂန်များသိမ်းဆည်းရာသေတ္တာ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အင်ဒီယာနာချုံးစ်ကားထဲမှ ဂျူးဥပဒေကျမ်းဂန်များသိမ်းဆည်းရာသေတ္တာ
ဘယ်လိုပဲဖြစ်စေဒီတစ်ခုဟာ ရှေးဟောင်းအသုံးအဆောင်တွေထဲမှာ ကျော်ကြားတဲ့ တစ်ခုပဲ ဖြစ်ပါတယ်။Ark of the Covenant ကို ဂျူးဥပဒေကျမ်းဂန်များသိမ်းဆည်းရာ သေတ္တာလို့ ပြန်ဆိုကြပါတယ်။
ဒီသေတ္တာကပြောတာကတော့ သေတ္တာမှာ မြင့်မားတဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာပါ။ဒါပေမဲ့ မည်သူမှတော့တွေ့မြင်ခြင်းမရှိပါဘူး။ဒါပေမဲ့သမ္မာကျမ်းစာမှာတော့အပြည့်အစုံဖော်ပြထားရှိပြီးသေတ္တာရဲ့အထဲမှာ ခရစ်ယာန်ပညတ်တော်တွေကို ကျောက်ပြားတွေပေါ်ရေးကာ သိမ်းဆည်းထားတာပါ။
ဒီကျောက်ပြားရေးထိုးထားမှု့တွေကို နောက်အမည်တမျိုးကတော့ ပညတ်တော်ဆယ်ပါးလို့ ခေါ်ကြပါတယ်။ဒီဟာကို မိုးစက်က ဆိုင်းနိုင်းတောင်ပေါ်မှ ယူဆောင်လာခဲ့တာဖြစ်ပြီးတော့ ဒီဟာတွေက ဂျူးဘာသာကိုးကွယ်သူတွေအတွက်တော့ ထိုစဉ်က အလွန်အရေးကြီးတဲ့အရာတွေ ဖြစ်ပါတယ် ။
ဒီသေတ္တာသာ စစ်ပွဲဖြစ်နေစဉ်တစ်လျောက်လုံး လိုက်ပါနေခဲ့ပြီး အကြောင်းကတော့ ဘုရားသခင်ဟာသူတို့နဲ့ လိုက်ပါနေတယ်လို့ သူတို့က ယူဆလို့ပါ။သူတို့ဟာ သေတ္တာကိုလည်း အလွန်သတိထားကာနေရာချကြရပါတယ်။ဘာကြောင့်လဲဆိုတော့ သေတ္တာဟာ ဘုရားနဲ့ထပ်တူညီတယ်လို့ ယူဆကြလို့ပါ။
နောက်အဆိုတစ်ခုကတော့ တစ်စုံတစ်ဦးဟာ သေတ္တာကို တန်ဖိုးမရှိဘူးလို့ ယူဆကာထိကိုင်မိလျှင် ထိုသူဟာဖျားနာပြီးအသက်ပျောက်ဆုံးင်တယ်လို့ လည်း ဆိုကြပါတယ်။သမ္မာကျမ်းစာထဲမှာတော့ တခါက ဂျူးတွေဟာ သေတ္တာကို ကိရိယာတစ်ခုနဲ့ သယ်ဆောင်ခဲ့ပါတယ်။သေတ္တာကလျှောကျကာ သယ်ဆောင်သူကိုထိမိခဲ့ပြီး သူလည်း ခန္ဓာကိုယ်မှာ အစက်အပြောက်များထကာ ဆုံးပါးခဲ့ရပါတယ်။
သူဟာ သေတ္တာကို ဘာလို့ ထိမိခဲ့လဲဆိုရင် နွားလှည်းက ယိမ်းယိုင်တဲ့အတွက် သေတ္တာကိုကိုင်ကာထိန်းလိုက်ခြင်းဖြစ်ပေမဲ့ အပြစ်ပေးခံရကာအသက်ပျောက်ဆုံးသွားခဲ့ပါတယ်။ဒီတစ်ခုကပဲ သေတ္တာရဲ့အစွမ်းဖြစ်ပြီးတော့ အခုအခါမှာတော့ သေတ္တာဟာ လောကမှာပျောက်ကွယ်ခဲ့တာ ကြာပါပြီ။
အချို့တွေရဲ့ ထင်မြင်ချက်ကတော့ သေတ္တာဟာ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာရှိပြီး အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ မည်သူ့ကိုမျှ ထုတ်ဖော်မပြောတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ သေတ္တာကို လူအများက ချဲ့ကားပြောဆိုမှုတွေရှိပြီး သေတ္တာနဲ့ပတ်သက်လို့ ကျွန်မအကြိုက်ဆုံးတစ်ခုကတော့ အင်ဒီယာနာချုံးစ်ရဲ့ ဿည် ရိုက်ဒါး အော့ဖ် ဿည် လော့အတ် ဇာတ်ကားဖြစ်ပါတယ်ရှင့်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext