■ဂျင်ဂျစ်ခန်းရဲ့မြစ်တော်စပ်သူ khutulun

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဂျင်ဂျစ်ခန်းရဲ့မြစ်တော်စပ်သူ khutulun

တချို့ပြောနေတဲ့သူအပေါ်မူတည်ပြီး နပန်းသတ်ပွဲတွေက ဟန်ဆောင်တိုက်ခိုက်ခြင်းလို့တောင်မှနာမည်ဆိုးရှိနေပါတယ်။ နပန်းကတော့ ကြိုးဝိုင်းအတွင်းမှာ အချင်းချင်းသတ်ပွဲဆင်နွှဲရတာဖြစ်ပြီး အထက်တန်းကျောင်းမှာဆော့ရတဲ့ကစားနည်းတော့မဟုတ်ပါဘူး။

ဒါပေမယ့် ၁၃ ရာစုတုန်းကဆိုရင် မွန်ဂိုးလီးယားက နပန်းပွဲဟာအမျိုးသမီးတွေလွမ်းမိုးခဲ့ကာ။ တော်ရုံမွန်ဂိုးလီးယားအမျိုးသမီးတွေမဟုတ်ပဲ ဂျင်ျစ်ခန်းရဲ့ မြစ်မလေးပဲဖြစ်ပါတယ်။ခူတူလွန်ကတော့ သူမနယ်မြေမှာရှိတဲ့ ဘယ်အမျိုးသားကိုမဆိုတိုက်ခိုက်နိုင်တာကြောင့်နာမည်ကြီးခဲ့တာပါ။ သူမဟာ နာမည်ကြီး နပန်းမယ်ဖြစ်ရုံတင်မက သူမဟာ မြင်းစီးတပ်သားနှင့် လေးတပ်သားအဖြစ် ပေးအပ်ခြင်းခံရတဲ့စစ်သားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

အချိန်နှင့်အမျှ သူမဟာ နပန်းပွဲနှင့် သူမလမ်းပေါ်မှာ ရှိသမျှအမျိုးသားတိုင်းကိုတိုက်ခိုက်နိုင်တဲ့စွမ်းရည်ကြောင့် ကျော်ကြားလာခဲ့ပါတယ်။ သူမဟာ စစ်ပွဲဖြစ်ဖြစ် လေ့ကျင့်ကွင်းဖြစ်ဖြစ် နေရာမရွေးခဲ့ပါဘူး။

သူမဟာ အဖေဖြစ်သူဘေးကနေ အနောက်ပိုင်းမွန်ဂိုးလီးယားနှင့်ကာဇတ်စတန်ကိုကာကွယ်ကာ မွန်ဂိုခေါင်းဆောင် ကူဘလိုင်းခန်း ကိုဆန့်ကျင် တိုက်ခိုက်ခဲ့ပါတယ်။ သူမရဲ့ အကြောင်းတွေကို မာကိုပိုလိုကတောင်သိခဲ့ပြီး သူမစစ်ပွဲဝင်တိုက်ခိုက်တဲ့အကြောင်းကိုတောင်ရေးထားခဲ့ပါသေးတယ်။

စစ်သားတစ်ယောက်ကို ဆွဲလာကာ သူမအဖေဆီကို ပြန်လာပေးလာတဲ့ပုံက သူမကိုသိမ်းငှက်တစ်ကောင်အဖြစ် တင်စားခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi


■နယ်မြေရှိမည်သည့်အမျိုးသားကိုမဆိုတိုက်ခိုက်နိုင်တဲ့ ဂျင်ဂျစ်ခန်းရဲ့မြစ်တော်စပ်သူ ခူတူလွန်





Ref:youtube
Trans:thegeektext