ဂ်ပန္က တ႐ုတ္ႏွင့္႐ုရွားကို တန္ျပန္ရန္ တာေဝးပစ္ ဒုံးက်ည္မ်ား ထုတ္လုပ္ရန္ စီစဥ္ေန

News Social News

ဂ်ပန္ႏိုင္ငံသည္ တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ရန္ ရည္႐ြယ္သည့္ စစ္ေရးတိုးခ်ဲ႕မႈ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ပိုမိုေဝးကြာေသာ ပစ္မွတ္မ်ားကို တိုက္ခိုက္ႏိုင္စြမ္းအတြက္ ႀကိဳးပမ္းေနစဥ္မွာ ခ႐ုဇ္ဒုံးက်ည္ႏွင့္ ျမန္ႏႈန္းျမင့္ ပဲ့ထိန္းဒုံးက်ည္အေျမာက္အျမား ထုတ္လုပ္မည္ျဖစ္ေၾကာင္း ၾသဂုတ္ ၃၁ ရက္တြင္ေျပာၾကားလိုက္သည္။

“တ႐ုတ္က အေျခအေနကို တစ္ဖက္သတ္ေျပာင္းလဲႏိုင္ေရး အင္အားသုံးဖို႔ ဆက္လက္ၿခိမ္းေျခာက္ေနၿပီး ႐ုရွားနဲ႔မဟာမိတ္ဖြဲ႕မႈက ပိုမိုနက္ရႈိင္းလာပါတယ္” ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ဘတ္ဂ်က္ေတာင္းဆိုရာတြင္ ေျပာခဲ့သည္။“တ႐ုတ္က စစ္ေရးေလ့က်င့္မႈေတြနဲ႔ ထိုင္ဝမ္ကို ဖိအားေပးေနၿပီး ထိုင္ဝမ္ကို က်န္တ႐ုတ္ႏိုင္ငံနဲ႔ ေပါင္းစည္းေစဖို႔ စစ္အင္အားအသုံးျပဳတာကို မစြန႔္လႊတ္ေသးဘူး” ဟု ဆိုသည္။

အေမရိကန္ေအာက္လႊေတာ္ဥကၠ႒ နန္စီပလိုစီ၏ ခရီးစဥ္အၿပီး တ႐ုတ္က ဂ်ပန္မွ ကီလိုမီတာ ၁၆၀ အကြာ ေရပိုင္နက္သို႔ ပဲ့ထိန္းဒုံးက်ည္ ၅ စင္း ပစ္လႊတ္ခဲ့ၿပီးေနာက္ တ႐ုတ္၏ ေဒသတြင္းရည္မွန္းခ်က္ဆိုင္ရာ သတိေပးခ်က္မ်ားသည္ ယခုလအတြင္း ပိုမိုႀကီးထြားလာသည္။သေဘၤာမ်ားကို တိုက္ခိုက္ရန္ သုံးေသာ Mitsubishi Heavy Industriesကုမၸဏီထုတ္ Type 12 ဒုံးက်ည္ကို

အဆင့္ျမႇင့္ထားေသာ ေျမျပင္မွပစ္လႊတ္သည့္ ခ႐ုဇ္ဒုံးက်ည္ႏွင့္ ေျမျပင္ပစ္မွတ္မ်ားကို ထိေအာင္ပစ္ႏိုင္ေသာ ျမန္ႏႈန္းျမင့္ ပဲ့ထိန္းဒုံး က်ည္အမ်ားအျပားကို ထုတ္လုပ္ေရးအတြက္ ဘတ္ဂ်က္ေတာင္းခံျခင္းျဖစ္သည္။ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနသည္ အသံထက္ျမန္ေသာ ဒုံးက်ည္ထိပ္ဖူးမ်ားအပါအဝင္ တျခားေသာ က်ည္ဖူးမ်ား တီထြင္ရန္ ဘ႑ာေငြ ရွာေဖြလ်က္ရွိသည္။

ကာကြယ္ေရးဝန္ႀကီးဌာနသည္ ဧၿပီ ၁ ရက္မွစေသာ ဘ႑ာႏွစ္အတြက္ အသုံးစရိတ္ ယန္း ၅ ဒသမ ၆ ထရီလီယံ (အေမရိကန္ေဒၚလာ ၃၉ ဒသမ ၇၈ ဘီလီယံ) သုံးရန္ ၃ ဒသမ ၇ ရာခိုင္ႏႈန္းတိုးျမႇင့္ေတာင္းဆိုထားကာ ဝယ္ယူေရးအစီအစဥ္သစ္အတြက္ ကုန္က်စရိတ္တြက္ခ်က္ၿပီးလွ်င္အသုံးစရိတ္ပိုမိုမ်ားျပားလာႏိုင္ေၾကာင္း ေျပာျကားထားေလသည္။
Crd..Moe Win Oo

Unicode

ဂျပန်က တရုတ်နှင့်ရုရှားကို တန်ပြန်ရန် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်နေ..???

ဂျပန်နိုင်ငံသည် တရုတ်နှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် ရည်ရွယ်သည့် စစ်ရေးတိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ပိုမိုဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းအတွက် ကြိုးပမ်းနေစဉ်မှာ ခရုဇ်ဒုံးကျည်နှင့် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်အမြောက်အမြား ထုတ်လုပ်မည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်တွင်ပြောကြားလိုက်သည်။

“တရုတ်က အခြေအနေကို တစ်ဖက်သတ်ပြောင်းလဲနိုင်ရေး အင်အားသုံးဖို့ ဆက်လက်ခြိမ်းခြောက်နေပြီး ရုရှားနဲ့မဟာမိတ်ဖွဲ့မှုက ပိုမိုနက်ရှိုင်းလာပါတယ်” ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်တောင်းဆိုရာတွင် ပြောခဲ့သည်။“တရုတ်က စစ်ရေးလေ့ကျင့်မှုတွေနဲ့ ထိုင်ဝမ်ကို ဖိအားပေးနေပြီး ထိုင်ဝမ်ကို ကျန်တရုတ်နိုင်ငံနဲ့ ပေါင်းစည်းစေဖို့ စစ်အင်အားအသုံးပြုတာကို မစွန့်လွှတ်သေးဘူး” ဟု ဆိုသည်။

အမေရိကန်အောက်လွှတော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပြီး တရုတ်က ဂျပန်မှ ကီလိုမီတာ ၁၆၀ အကွာ ရေပိုင်နက်သို့ ပဲ့ထိန်းဒုံးကျည် ၅ စင်း ပစ်လွှတ်ခဲ့ပြီးနောက် တရုတ်၏ ဒေသတွင်းရည်မှန်းချက်ဆိုင်ရာ သတိပေးချက်များသည် ယခုလအတွင်း ပိုမိုကြီးထွားလာသည်။သင်္ဘောများကို တိုက်ခိုက်ရန် သုံးသော Mitsubishi Heavy Industriesကုမ္ပဏီထုတ် Type 12 ဒုံးကျည်ကို

အဆင့်မြှင့်ထားသော မြေပြင်မှပစ်လွှတ်သည့် ခရုဇ်ဒုံးကျည်နှင့် မြေပြင်ပစ်မှတ်များကို ထိအောင်ပစ်နိုင်သော မြန်နှုန်းမြင့် ပဲ့ထိန်းဒုံး ကျည်အများအပြားကို ထုတ်လုပ်ရေးအတွက် ဘတ်ဂျက်တောင်းခံခြင်းဖြစ်သည်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် အသံထက်မြန်သော ဒုံးကျည်ထိပ်ဖူးများအပါအဝင် တခြားသော ကျည်ဖူးများ တီထွင်ရန် ဘဏ္ဍာငွေ ရှာဖွေလျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ဧပြီ ၁ ရက်မှစသော ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ယန်း ၅ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၇၈ ဘီလီယံ) သုံးရန် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်တောင်းဆိုထားကာ ဝယ်ယူရေးအစီအစဉ်သစ်အတွက် ကုန်ကျစရိတ်တွက်ချက်ပြီးလျှင်အသုံးစရိတ်ပိုမိုများပြားလာနိုင်ကြောင်း ပြောကြားထားလေသည်။
Crd..Moe Win Oo

Crd