ဂျပန်ကျွန်းစုပေါ်က ဟိုင်းမားစ်ဒုံးကျည်တွေကို ပြန်လည်ရုတ်သိမ်းဖို့အစီအစဉ်မရှိသေးဟု အမေရိကန်က ပြော…

News Social News World

တိုင်ဝမ်ကျွန်းနဲ့မျက်နှာချင်းဆိုင် ဂျပန်ကျွန်းစုတွေမှာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ အမေရိကန် ဟိုင်းမားစ် ဒုံးကျည်တွေကို ပြန်လည်သယ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ အမေရိကန်ကြည်းတပ် ပစိဖိတ် ဒေသဆိုင်ရာ တပ်မှူး ဗိုလ်ချုပ်ကြီး ချားလ်စ် ဖလင်း က ပြောပါတယ်။

နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးလည်း ဂျပန်စစ်တပ်အခြေစိုက်စခန်းက ဟိုင်းမားစ် ဒုံးကျည် တွေအပါအဝင် တစ်ခြားစစ်လက်နက်မျိူးစုံကို ပြန်လည်ရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

တိုင်ဝမ်နဲ့ အနီးဆုံးမှာရှိနေတဲ့ Amami ကျွန်းပေါ်က ဂျပန်စစ်အခြေစိုက်စခန်းကို စက်တင်ဘာ ၉ ရက်နေ့မှာ လာရောက်လည်ပတ်စဉ် ဗိုလ်ချုပ်ကြီး ချားလ်စ် ဖလင်း က ပြောလိုက်တာဖြစ်ပါတယ်။

ဂျပန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာအသုံးပြုနေတဲ့ ဟိုင်းမားစ်ဒုံးကျည်တွေဟာ မိုင် ၃၀၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်အမျိုးအစားတွေလို့ သိရပါတယ်။
Crd..BurmaNewsNetwork

Unicode





Crd..BurmaNewsNetwork
Crd