ဂိမ်းထဲတွင် skinမဲနှိုက်ရာ၌ လိုချင်သည့်skinရရှိလိုသောကြောင့် မိခင်ဖြစ်သူကို လာကန်တော့နေခဲ့သည့် ကလေးငယ်၏ ချစ်စဖွယ်အမူအရာလေး

News

ဂိမ်းထဲတွင် skinမဲနှိုက်ရာ၌ လိုချင်သည့်skinရရှိလိုသောကြောင့် မိခင်ဖြစ်သူကို လာကန်တော့နေခဲ့သည့် ကလေးငယ်၏ ချစ်စဖွယ်အမူအရာလေး

ဂိမ်းဆော့နေကြသည့် ကလေးလူကြီးအရွယ်မရွေးတို့သည် ဂိမ်းထဲမှ မဲဖောက်ပေးသော ကံစမ်းမဲများတွင် လိုချင်သည့် အရာများကို စိတ်ထဲမှမျှော်မှန်းပြီး မဲနှိုက်တတ်ကြပေသည်။သို့သော်လည်း လူတိုင်းဟာ လိုချင်သည့်အရာကို မရရှိတတ်ကြတာကများနေခဲ့ပါတယ်။

ယခုတွင်လည်း ကလေးငယ်တစ်ဦး၏ လိုချင်သော skinရရှိစေရန်အတွက် အကောင်းဆုံးသော ကြိုးပမ်းမှုသည် မြင်တွေ့သူများအားလုံးကို ရယ်မောပျော်ရွင်စေခဲ့ရပါတယ်။ကလေးငယ်လေးဟာ လိုချင်ရဖို့အတွက် ကံကမ္မာတွေကောင်းမွန်လိုအပ်သောကြောင့် ကုသိုလ်ကောင်းမှုလုပ်ရမည်ဆိုတာကို သိနေခဲ့ပုံရပါတယ်။

မဲမနှုက်ခင်အချိန်လေးတွင် မိခင်ဆီသို့အပြေးလာပြီး ကန်တော့ကာ ပစ်မှားမိသည်များကို ခွင့်လွတ်ပေးရန်တောင်းပန်ရင်း လိုချင်သည့်ဆုများတောင်းနေခဲ့ပါတယ်။

Shoon (Cele Daily)

Leave a Reply