■ခွေးပေါင်း ၁၅၀၀ ကျော်ရဲ့ မျိုးရိုးဗီဇဟာ ၁၆၁ မျိုးသော မျိုးစိတ်တွေနဲ့ ဆက်နွယ်နေ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ခွေးပေါင်း ၁၅၀၀ ကျော်ရဲ့ မျိုးရိုးဗီဇဟာ ၁၆၁ မျိုးသော မျိုးစိတ်တွေနဲ့ ဆက်နွယ်နေ

ခွေးတွေဟာ ဝံပုလွေ မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတာဟာ အချိန်အတော်အတန်ကြာတဲ့အထိ ငြင်းစရာမရှိတဲ့ အမှန်တရားဖြစ်နေခဲ့ကာ
ဒီကိစ္စနဲ့ ပတ်သက်ပြီးတာဝန်ရှိတဲ့သူတွေက အရင်ခေတ်ကလူတွေက ဝံပုလွေပေါက်တွေကို ဖမ်းစီးခဲ့ကာယဥ်ပါးအောင်လုပ်ပြီး သူတို့ရဲ့ အကျိုးအတွက် အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ရလဒ်ကတော့ ဒီသားရဲတိရစ္ဆာန်တွေဟာ ချစ်စရာကောင်းပြီး လိမ္မာတဲ့ သတ္တဝါတွေ ဖြစ်လာပါတော့တယ်။
ဒါပေမယ့် အမေရိကန် မျိုးရိုးဗီဇ သုတေသီတွေကတော့ ကွဲပြားတဲ့အဖြေ ရှိနေပါတယ်။

ဒီ သိပ္ပံပညာရှင်တွေက ခွေးပေါင်း ၁၅၀၀ ကျော်ရဲ့ မျိုးရိုးဗီဇဟာ ၁၆၁ မျိုးသော မျိုးစိတ်တွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုကြပြီး
ပုံပြင်သွင်ပြင် ကွာခြားပေမယ့်လည်း ခွေးတွေဟာ မျိုးရိုးအရတော့ တစ်ထေရာတည်းတူညီနေပါတယ်။
ခွေးတွေဟာ ဝံပုလွေတွေနဲ့တူတယ်ဆိုတဲ့မျိုးရိုးဗီဇကတော့ ရှာမတွေ့ခဲ့ပါဘူး။

ဒီလိုဖြစ်ရပ်မျိုးဟာ သုတေသီတွေကို ထိုသတ္တဝါမျိုးတွေဟာ သဘာဝအရ တစ်ထောင့်တစ်နေရာကနေ တဖြည်းဖြည်း မျိုးရိုးကွဲပြားလာတယ်လို မှတ်ယူကြပါတယ်။
ဒါဟာ အချို့သော အသားစားသတ္တဝါတွေရဲ့ မျိုးရိုးဖြစ်တဲ့ ဘိုးဘေးတွေကနေ ဆင်းသက်လာတာလည်း ဖြစ်နိုင်ပါတယ်။
အတိုအားဖြင့် သိပ္ပံပညာရှင်တွေပြောတာက လူသားတွေဟာ ဝံပုလွေတွေကို ဘယ်သောအခါမျှ ယဥ်ပါးအောင် မလုပ်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ခွေးတွေကိုတော့ အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူခဲ့ပါတယ်။ သို့သော်လည်း ဝံပုလွေတွေဆီကနေ မျိုးရိုးဗီဇ ရတယ်ဆိုတဲ့ ယူဆမှုတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တိရစ္ဆာန်တွေရဲ့ မျိုးရိုးဗီဇတွေဟာ ရောယှက် ဆက်နွယ်နေတဲ့ ဆိုတဲ့ အချက်နဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext