■‌ခြေလက်များလှုပ်ရှား၍ လမ်းပါလျှောက်နိုင်သည့် စက်ရုပ်ကြီး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■‌ခြေလက်များလှုပ်ရှား၍ လမ်းပါလျှောက်နိုင်သည့် စက်ရုပ်ကြီး

နောက်စံချိန်တင်သူMononofu(မိုနိုနိုဖု)ပါပဲ။နာမည်မှာဂျပန်ဘာသာစကားဖြစ်ပြီးဆာမူရိုင်းစစ်သားဟုအဓိပ္ပါယ်ရပါတယ်။သူ့ဟာကမ္ဘာ့အကြီးဆုံးလူလုပ်စက်ရုပ်ကားဖြစ်ကာဒီထရန်စဖော်မာစက်ရုပ်အရွယ်အစားကတော်တော်ကြီးပါတယ်။

အမြင့်28ပေသို့မဟုတ်8.46မီတာဖြစ်ပြီးမြင့်လွန်းသဖြင့်တည်ဆောက်သူများဟာစက်ရုံအပြင်ကိုမထုတ်နိုင်ကြတော့ပါဘူး။ဆာမူရိုင်းဟာအလေးချိန်7တန်ခန့်ရှိပါတယ်။

ဖန်တီးသူတွေဟာမိုနိုနိုဖုအားခြောက်နှစ်ကြာအောင်တည်ဆောက်ခဲ့ရကာအကျိုးအားဖြင့်ကလေးဘဝတွင်ကြိုက်နှစ်သက်ခဲ့သောMobileGundamWarriorနှင့်တူသည့်မိုနိုနိုဖုဟာစံချိန်တင်နိုင်ခဲ့ပါတယ်။ထရန်စဖော်မာဟာခြေလက်များလှုပ်ရှားနိုင်ပြီးခန္ဓာကိုယ်လည်းလှည့်နိုင်ပါတယ်။

တစ်နာရီ0.62မိုင်သို့မဟုတ်တစ်ကီလိုမီတာနဲ့လည်းလမ်းလျှောက်နိုင်ပါတယ်။ဒါ့အပြင်သူ့မှာဘောလုံးများထည့်သွင်းပစ်နိုင်သောလက်ကိုင်သေနတ်တစ်ခုလည်းပါပါတယ်။

စက်ရုပ်တိုက်ပွဲများမဖြစ်လာဖို့ကျွန်တော်တို့မျော်လင့်ပြီး ထိုသို့ဖြစ်ခဲ့မယ်ဆိုပါကမိုနိုနိုဖုကိုမှောင်မှောင်မဲမဲလမ်းထဲတွေ့ရသည်မှာအလွန်လန့်စရာကောင်းပါလိမ့်မယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext