ခြေထောက်မရှိတဲ့ သူမရဲ့ ယောက်ျားက အဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ကြောင်း အခိုင်အမာဆိုခဲ့တဲ့ မိန်းကလေး

ဗီယက်နမ်နိုင်ငံက ခြေမဲ့ကောင်လေး Dinh Khanh နဲ့ သူ့ရဲ့ဇနီးဟာ လက်ထပ်လိုက်ကြတဲ့အခါ ပတ်ဝန်းကျင်ရှိလူများရဲ့ အတင်းအဖျင်းအပြောအဆိုမှုများစွာကို လက်ခံရရှိခဲ့ပါတယ်။ ထို့ကြောင့် မကြာသေးမီက ခြေထောက်မရှိတဲ့ ယောက်ျားလေးရဲ့ ဇနီးဖြစ်သူ Thuong Tran က သူမရဲ့ခင်ပွန်းဟာ သူမအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုလို့ ပြောဆိုပြီး အင်တာနက်ပေါ်မျှဝေခဲ့ပါတယ်။

သူမရဲ့စကားကြောင့် လူအများစုက သူမကို နားလည်ကြပြီး သူတို့ရဲ့ အချစ်ကို သဘောကျကြောင်း ဖော်ပြကြပါတယ်။ ထို့အပြင် Thuong က သူမဘေးမှာ အမြဲတမ်း ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းရှိတာကြောင့် သန်မာပြီး ကြိုးစားဖို့ကိုလည်း လူအများက အားပေးကြပါတယ်။ အထူးသဖြင့် ဇနီးသည်ရဲ့ ပြောစကားကို ကြားတော့ ခြေထောက်မရှိတဲ့ ကောင်လေးလည်း တုန်လှုပ်သွားခဲ့ပါတယ်။ ဒါကြောင့် ခြေမဲ့တဲ့ ကောင်လေးဆိုပေမဲ့လည်း ဇနီးချစ်တာခံရပြီး ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှု တွေ ရှိနေပါတယ်။

JRose(Tgidailynews)

Zawgyi

ေျခေထာက္မရွိတဲ့ သူမရဲ႕ ေယာက္်ားက အဖိုးမျဖတ္ႏိုင္တဲ့ အရာျဖစ္ေၾကာင္း အခိုင္အမာဆိုခဲ့တဲ့ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံက ေျခမဲ့ေကာင္ေလး Dinh Khanh နဲ႔ သူ႔ရဲ႕ဇနီးဟာ လက္ထပ္လိုက္ၾကတဲ့အခါ ပတ္ဝန္းက်င္ရွိလူမ်ားရဲ႕ အတင္းအဖ်င္းအေျပာအဆိုမႈမ်ားစြာကို လက္ခံရရွိခဲ့ပါတယ္။ ထို႔ေၾကာင့္ မၾကာေသးမီက ေျခေထာက္မရွိတဲ့ ေယာက္်ားေလးရဲ႕ ဇနီးျဖစ္သူ Thuong Tran က သူမရဲ႕ခင္ပြန္းဟာ သူမအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ အရာတစ္ခုလို႔ ေျပာဆိုၿပီး အင္တာနက္ေပၚမွ်ေဝခဲ့ပါတယ္။

သူမရဲ႕စကားေၾကာင့္ လူအမ်ားစုက သူမကို နားလည္ၾကၿပီး သူတို႔ရဲ႕ အခ်စ္ကို သေဘာက်ေၾကာင္း ေဖာ္ျပၾကပါတယ္။ ထို႔အျပင္ Thuong က သူမေဘးမွာ အၿမဲတမ္း ခ်စ္ခင္ၾကင္နာတတ္တဲ့ ခင္ပြန္းရွိတာေၾကာင့္ သန္မာၿပီး ႀကိဳးစားဖို႔ကိုလည္း လူအမ်ားက အားေပးၾကပါတယ္။ အထူးသျဖင့္ ဇနီးသည္ရဲ႕ ေျပာစကားကို ၾကားေတာ့ ေျခေထာက္မရွိတဲ့ ေကာင္ေလးလည္း တုန္လႈပ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ ေျခမဲ့တဲ့ ေကာင္ေလးဆိုေပမဲ့လည္း ဇနီးခ်စ္တာခံရၿပီး ၿပီးျပည့္စုံတဲ့ ေပ်ာ္႐ႊင္မႈ ေတြ ရွိေနပါတယ္။

JRose(Tgidailynews)

Crd