ချစ်သူလေးမှ အမျိုးသမီးလစဥ်သုံးအား ဝယ်ခိုင်းခဲ့ရာ ရှက်လို့ဆိုပြီး အမည်းရောင်ကြွပ်အိတ်ကို ခေါင်းမှာစွပ်ပြီး ဝယ်ပေးခဲ့သော ကောင်လေး







Zawgyi

ချစ်သူလေးမှ အမျိုးသမီးလစဉ်သုံးအား ဝယ်ခိုင်းခဲ့ရာ ရှက်လို့ဆိုပြီး အမည်းရောင်ကြွပ်အိတ်ကို ခေါင်းမှာစွပ်ပြီး ဝယ်ပေးခဲ့သော ကောင်လေး

ချစ်သူစုံတွဲတွေဖြစ်လာတဲ့အခါ အချို့က တစ်ယောက်နှင့်တစ်ယောက် ကိုယ့်အပေါ် တကယ်ချစ်မချစ်ကို နည်းလမ်းမျိုးစုံသုံးကာ စမ်းသပ်တတ်ကြသည်။

သို့ဖြစ်၍ မိန်းကလေးတစ်ဦးသည် ချစ်သူကောင်လေးအား သူမအပေါ်တွင် တကယ်ချစ် မချစ်ကိုသိလိုစိတ်ပြင်းပြီး ကလေးဆန်လွန်းသော နည်းလမ်းမျိုးသုံးကာ စမ်းသပ်ခဲ့သည်။

မိန်းကလေးသည် ချစ်သူကောင်လေးမှ သူမအားလာတွေ့မည်ဟု ဆိုသောအခါ စတိုးဆိုင်ကနေ အမျိုးသမီးလစဉ်သုံးတစ်ထုပ်အား လမ်းကြုံတုန်း ဝယ်လာပေးရန် တောင်းဆိုခဲ့သည်။

ထိုစဉ် ကောင်လေးသည် အနည်းငယ်ရှက်သွားပြီး သူဝယ်ပြန်သည့်အခါ လမ်းမှာလူတွေလိုက်ကြည့်တာကိုခံရပြီး ယောကျာ်းလေးတစ်ယောက်အနေနဲ့ ထိုအထုပ်ကိုကိုင်သွားရမှာ မသင့်တော်ကြောင်း ဆိုခဲ့ရာ မိန်းကလေးမှ ကြွပ်ကြွပ်အိတ်မည်းလေးကို အသုံးပြုလို့ရကြောင်း ရှင်းပြခဲ့၍ ဝယ်ပေးရန် သဘောတူခဲ့သည်။

ထို့နောက် ကောင်လေးသည် စတိုးဆိုင်တစ်ခုတွင် ရှက်ရှက်နဲ့ ဝယ်ယူခဲ့ပြီးနောက် ဟိုကထည့်ပေးလိုက်သော ကြွပ်အိတ်မည်းလေးကို နားလည်မှုလွှဲပြီး သူ့ရဲ့ခေါင်းမှာစွပ်ပြန်လာခဲ့ရာ မိန်းကလေးမှ သဘောကျစွာ ရယ်မောခဲ့သည်။

Crd