ချစ်သူကောင်လေးနဲ့ရန်ဖြစ်ပြီး စိတ်ညစ်ညစ်နဲ့တံတားပေါ်ကနေ ခုန်ချဖို့ပြင်နေသည့်မိန်းကလေးကြောင့် ရပ်ကွက်ထဲအလုပ်ရှုပ်သွားရ

News Social News

အချစ်စစ်နဲ့ ချစ်ဖူးသူတိုင်း လမ်းခွဲပြတ်စဲကြရသည့်အခါ သို့မဟုတ် ကိုယ်ချစ်တဲ့သူဆီကနေ ဂရုမစိုက်ပဲပစ်ထားခြင်းခံရသည့်အခါ ဝမ်းနည်းနာကျင်ကြရပြီး စိတ်ပြေလက်ပျောက် လုပ်မိလုပ်ရာတွေလျှောက်လုပ်တတ်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ချစ်သူကောင်လေးနဲ့ အပြင်ထွက်ချိန်းတွေ့ရင်းနဲ့ ရန်ဖြစ်စကားများပြီးနောက် ကောင်လေးကလမ်းခွဲစကားဆိုကာ အရင်ဆုံးထွက်သွားခဲ့သည်။

မိန်းကလေးလည်း စိတ်တွေအရမ်းညစ်သွား၍ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့ အနီးနားမှာရှိသော တံတားတစ်ခုပေါ်တက်ကာ ခုန်ချဖို့ပြင်နေပြီး ဖြတ်သွားဖြတ်လာသူများက မြင်တွေ့ပြီးတော့ ကယ်ဆယ်ပေးခဲ့ရပြီး တစ်ရက်ကွက်လုံးလည်း ဆူဆူညံညံ ဖြစ်သွားခဲ့သည်။

Rain (For Ialinks)

Unicode





Rain (For Ialinks)

Crd