ချစ်သူကောင်မလေးရသွားပြီးနောက်ပြီး သူတို့ကိုအဖက်မလုပ်တော့သည့်သူငယ်ချင်းဖြစ်သူကို သေလူအဖြစ်သတ်မှတ်ကာ ဈာပနာပွဲကျင်းပပေးခဲ့ကြသော လူငယ်တစ်စု

News Social News

လူတိုင်းတွင် ပြောမနာဆိုမနာ နှစ်လကြာရှည်စွာ ပေါင်းသင်းလာခဲ့သော သူငယ်ချင်းမိတ်ဆွေတွေရှိကြပြီး အရွယ်ရောက်ပြီးလို့ ချစ်သူရည်းစားတွေရသွားချိန်တွင် သူငယ်ချင်းထက် ချစ်သူဖက်ကိုပိုပြီးတော့ ဦးစားပေးလာတာမျိုးတွေနဲ့ ကြုံဖူးကြမှာပါ။

ယခုတွင်လည်း South Walesမှ အသက်၂၀အရွယ် ကောင်လေးတစ်ဦးသည် တစ်ချိန်တုန်းက ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား သူငယ်ချင်းတွေနဲ့ပဲ တပူးပူးနေခဲ့သော်လည်း ချစ်သူကောင်မလေးရသွားချိန်တွင် အစစအရာရာအကုန်လုံးပြောင်းလဲသွားခဲ့သည်။

ကောင်လေးသည် ချစ်သူမိန်းကလေးရပြီးနောက် သူငယ်ချင်းတွေခေါ်တိုင်းလည်းမလိုက်တော့ပဲ သူတို့စာပို့လည်း အဖက်မလုပ်ပဲနေခဲ့ရင်း တစ်နှစ်ခွဲအကြာလောက်ထိကို သူငယ်ချင်းတွေနဲ့မေ့မေ့ပျောက်ပျောက် အဆက်အသွယ်ဖြတ်နေခဲ့သည်။

ထိုအခါ ကောင်လေးရဲ့သူငယ်ချင်းတွေသည် ချစ်သူမိန်းကလေးကိုမှတန်းတန်းစွဲဖြစ်နေပြီး သူတို့အားအဖက်မလုပ်တော့သည့်အတွက် သေလူအဖြစ်သတ်မှတ်ပြီးတော့ သူ့အတွက်အခေါင်းတလားတွေနဲ့အတူ ဓာတ်ပုံလေးပါယူဆောင်ပြီးတော့ အသုဘစျာပနာအခမ်းအနားကို ကျင်းပပေးလိုက်ကြသည်။


1.


2.


3.

Rain (For Ialinks)

Unicode






Rain (For Ialinks)

 

Crd