■ခေတ်ဟောင်းမှခေါင်းလျှော်ရည်နှင့်အဝတ်လျှော်ရည်
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ခေတ်ဟောင်းမှခေါင်းလျှော်ရည်နှင့်အဝတ်လျှော်ရည်
၁၈၀၀ပြည့် နှစ် များ မှာတော့ ကမ္ဘာဟာ ခေါင်းလျှော်ရည်ကို တီထွင်နိုင် ခဲ့ ပါတယ်။ ဒါပေမဲ့ အိန္ဒိယ လူမျိုးတွကတော့ခေါင်းလျှော်ရည်ကို ရှေးကတည်းက တီထွင်အသုံးပြု ပြီး ဖြစ်နေပါပြီ။ သူတို့တွေဟာ ဘယ်ရီသီး ဆပ်ပြာ ၊ဖီးဖြူသီးဆပ်ပြာ၊ခေါင်ရန်း၊ အပါအဝင် တခြားသော ဆေးဘက်ဝင် အရွက်များကို ရောပြီး နှပ်ထားတဲ့ အရည်ကို အသုံးပြု ပြီး ဦးရေပြားကို နှိပ်နယ် ဆေးကြော ကြပါတယ်။
သူတို့က ဒီလိုလုပ်တာကို လဲ ခေါင်း လျှော်ခြင်းလို့ သတ်မှတ် ထား ကြပါတယ်။ ၁၉ရာစု အစပိုင်းမှာတော့ ဒီအလေ့ အကျင့် ဟာ တစ် ကမ္ဘာလုံးကို ပျံံ့နှံ့သွားခဲ့ ပါတယ်။
ဗစ်တိုးရီးယား ခေတ်မှာ ရေချိုးရတာကတော့ လုံးဝ နှစ်လို ဖွယ် ဖြစ် မှာ တော့ မဟုတ် ပါဘူး။ အထူးသဖြင့် ဆောင်းရာသီမှာ ဆိုရင်တော့ အေးခဲ နေမှာပါ။
သင့်အနေ နဲ့ ရေနွေး စိမ်ထားတဲ့ အဝတ်စလေး တစ်စနဲ့ ခြေထောက် မျက်နှာနဲ့ အခြား ခန္ဓာကိုယ် အစိတ် အပိုင်း တွေကို တစ်နေ့ တစ် ကြိမ် ပွတ် တိုက် ပေး ရုံ နဲ့ တင် ကို လုံလောက်ပါပြီ။ အဝတ်လျှော်ခြင်းက ဝီတိုရိယ ခေတ်မှာတော့ ပိုပြီး တောင် ပျင်း စရာကောင်း တဲ့ အလုပ်တစ်ခု ဖြစ် ပါသေးတယ်။ သူတို့ဟာ စွန်းနေတဲ့ အဝတ် တွေ ကို နွား နို့ထဲမှာ နာရီဝက်ကြာအောင် စိမ် ထားကာ အစွန်းပေါ်မူတည်ပြီး ထောပတ်နဲ့ ပွတ်တန် ပွတ် ရပါတယ်။
ပြီးရင်တော့ သူတို့ဟာ အမိုနီယမ်နဲ့ ဆိုဒါရောထားတဲ့ အရည်ထဲမှာ အားလုံးကို တစ်ညလုံး ထည့် စိမ် ပါတော့တယ်။ သူတို့ဟာ အဝတ်လျှော်ပြီး နောက်တစ်နေ့မှာ ပုံမှန်ထက် နှစ်နာရီစောပြီး နံ နက် လေး နာရီခန့် ထ ကြပါတယ်။ ပြီးရင်တော့ ဆပ်ပြာဖျော်ထားတဲ့ ရေနွေးကန် ကြီးကြီး တစ်ခု ကို ယူ ပြီး ခုခေတ် အဝတ်လျှော် စက် တွေ မှာ ပါဝင်သလိုမျိုး လက်နဲ့ လှည့် လှည့် ပေးရတဲ့ ပစ္စည်းတစ်ခုလဲ ပါဝင်ပါတယ်။
Ref:youtube
Trans:thegeektext
Ref:youtube
Trans:thegeektext