ခင်ပွန်းဖြစ်သူက တစ်ကိုယ်ကောင်းဆန်စွာ ထားရစ်ခဲ့သော်လည်း သားနှင့်သမီးလေးကို တွန်းလှည်းလေးဖြင့် သွားလေရာခေါ်သွားပြီး ပစ္စည်းပို့သူအနေဖြင့် အလုပ်လုပ်ကာ ကြိုးစားနေရှာသည့် မိခင်တစ်ဦး

အလုပ်လုပ်ကိုင်ရာတွင် ကလေးသူငယ်များဖြင့် လုပ်ကိုင်ပါက ခရီးမရောက်တော့ဘဲ အလုပ်ကိစ္စကိုအတော်လေးနှောင့်နှေးစေတာ လူတိုင်းသိကြပေသည်။Deeဟုလူအများကခေါ်ကြသော စင်္ကါပူနိုင်ငံမှ တစ်ကိုယ်ရည်မိခင်တစ်ဦးသည် ချစ်စရာအမွှာသားနှင့်သမီးလေးကို အလုပ်လုပ်ရာတွင်လည်း ခေါ်သွားနေရရှာပါတယ်။

ခင်ပွန်းဖြစ်သူက ဘဝကိုအတူကြိုးစားရမည့်အစား တစ်ဦးတည်းကိုယ်လွတ်ရုန်းပြီး မိသားစုကို ထာခဲ့ပါတော့တယ်။ထို့ကြောင့်အမျိုးသမီးဟာ ပစ္စည်းပို့သူအနေဖြင့်အလုပ်လုပ်ရာတွင်လည်း သားနှင့်သမီးလေးကိုညခေါ်သွားနေရတာဖြစ်ပါတယ်။

တွန်းလှည်းလေးဖြင့် သားနှင့်သမီးကိုနေရာတိုင်းခေါ်သွားရပြီး ခက်ခဲစွာကြိုးစားနေရသော်လည်း အပြုံးမပျက်ဘဲရှေ့ဆက်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd