■ခက်ခဲကြမ်းတမ်းတဲ့ထိုင်ဝမ်ရေတပ်ရဲ့ သင်တန်းဖြစ်သော Road to Heaven

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ခက်ခဲကြမ်းတမ်းတဲ့ထိုင်ဝမ်ရေတပ်ရဲ့ သင်တန်းဖြစ်သော Road to Heaven

ထိုင်ဝမ်ရေတပ်ရဲ့ သင်တန်းဖြစ်တဲ့ Road to Heaven ဟာဆိုရင် အပြင်းအထန်ဆုံးသော ကုန်းကောရေပါမချန် လေ့ကျင့်ရတဲ့ ၁၀ ပတ် သင်တန်းဖြစ်ပါတယ်။
သင်တန်းသားတွေဟာ ရာဘာဝတ်စုံတွေဝတ်ပြီး ရေကူးကျွမ်းကျင်တဲ့သူတွေဖြစ်ဖို့ ကျောက်တုံးတွေခင်းထားတဲ့ လမ်းပေါ်မှာ ဘောင်းဘီတို တစ်ထည်သာဝတ်ပြီး တွားသွားရမှာပါ။

နိဗ္ဗာန်ကိုသွားတဲ့လမ်း အမည်ရှိတဲ့အဖွဲ့ဟာဆိုရင် မတ်တပ်ရပ်နေရာကနေ plank ထောက်တဲ့ပုံစံအဖြစ်သို့ လှဲကျနိုင်အောင် လုပ်တဲ့လေ့ကျင့်ခန်းကနေ စတင်ကာ
ထိုသို့လှဲချမှုဟာ တံတောက်ဆစ်နေရာမှာ တင်းမာနေရမှာပါ။

ဒီလေ့ကျင့်ခန်းဟာ ကျောက်တုံးတွေထူထပ်တဲ့ ကမ်းခြေပေါ်မှာ ပြုတ်ကျရင် ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလေ့ကျင့်ခန်းဟာ သင်တန်းသားတွေ နာကျင်မှု ဝေဒနာကို ခံနိုင်ရည်ရှိအောင် စမ်းသပ်မှု သပ်သပ်ပဲဖြစ်ပါတယ်။
ဒီလမ်းမှာ ရပ်နားမည့်နေရာ ၁၀ ခုရှိပြီး တစ်ခုစီတိုင်းမှာ သင်တန်းသားတွေဟာ သူတို့ပြုလုပ်ခိုင်းတဲ့ လေ့ကျင့်ခန်းတွေကို ရပ်ပြီး ပြုလုပ်ရပြီး
နည်းပြတွေက သူတို့ရဲ့ ဒဏ်ရာတွေအပေါ်ကို ပိုမိုးဆိုးရွားလာစေအောင် ဆားရည်လောင်းချပါတယ်။

သင်တန်းသားတွေရဲ့ သူငယ်ချင်းတွေနှင့် မိသားစုတွေဟာ ဒီသင်တန်းကို တက်ဖို့ တိုက်တွန်းခံခဲ့ရသလို သူတို့ဟာ ဒီလမ်းဆုံးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အသိတရားဝင်ခဲ့ကြပြီး ထိုင်ဝမ်မှာ အထက်တန်းလွှာ စစ်သားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext