ကြယ္လြန္သြားေသာ ဇနီးျဖစ္သူကို လြမ္းဆြတ္သတိရမိၿပီး သူမႀကိဳက္ေသာ စားေသာက္ဆိုင္သို႔ သြားေရာက္ကာ အလြမ္းေျဖခဲ့သည့္ အမ်ိဳးသား

News Social News

လာကႀကီးတြင္ ကိုယ္ခ်စ္ရတဲ့သူကို အၿပီးပိုင္ လက္လႊတ္ ဆုံးရႈံးလိုက္ရျခင္းထက္ နာက်င္စရာေကာင္းသည့္ ေဝဒနာဆိုတာမရွိေတာ့ေပ။

ယခုတြင္လည္း တ႐ုတ္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ နာမည္ႀကီး စားေသာက္ဆိုင္တစ္ခုတြင္ တစ္ေယာက္တည္းေရာက္ရွိလာၿပီး စားပြဲဝိုင္းမွာေတာ့ စားစရာမ်ားကို ႏွစ္ေယာက္စာေလာက္ မွာယူခဲ့သည္။

အမ်ိဳးသားသည္ မ်က္ႏွာလည္းမေကာင္းပဲ သူရဲ႕မ်က္ႏွာခ်င္းဆိုင္ေရွ႕က ထိုင္ခုံေရွ႕နားေလးတြင္ တစ္ေယာက္ေယာက္ရွိေနသလိုမ်ိဳးနဲ႔ စားစရာပန္းကန္သက္သက္ခ်ထားေပးၿပီး ဟင္းေတြလည္း ထည့္ေပးေနခဲ့သည္။

အမ်ိဳးသားရဲ႕ ထူးဆန္းေသာ လုပ္ရပ္ကို ျမင္ေတြ႕သြားသည့္ ဆိုင္ဝန္ထမ္းတစ္ဦးသည္ အမ်ိဳးသားနားသို႔ သြားေရာက္ကာ ေမးျမန္းခဲ့ရာတြင္ ထိုေန႔က သူနဲ႔ဇနီးျဖစ္သူရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလးျဖစ္ၿပီး ဇနီးသည္က ေရာဂါေၾကာင့္ ကြယ္လြန္သြား၍ သူမႀကိဳက္ေသာ စားေသာက္ဆိုင္သို႔ လာေရာက္အလြမ္းေျဖေနျခင္းျဖစ္ေၾကာင္း ဆိုခဲ့သည္။

Rain (For Ialinks)

Unicode

ကွယ်လွန်သွားသော ဇနီးဖြစ်သူကို လွမ်းဆွတ်သတိရမိပြီး သူမကြိုက်သော စားသောက်ဆိုင်သို့ သွားရောက်ကာ အလွမ်းဖြေခဲ့သည့် အမျိုးသား

လောကကြီးတွင် ကိုယ်ချစ်ရတဲ့သူကို အပြီးပိုင် လက်လွှတ် ဆုံးရှုံးလိုက်ရခြင်းထက် နာကျင်စရာကောင်းသည့် ဝေဒနာဆိုတာမရှိတော့ပေ။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် နာမည်ကြီး စားသောက်ဆိုင်တစ်ခုတွင် တစ်ယောက်တည်းရောက်ရှိလာပြီး စားပွဲဝိုင်းမှာတော့ စားစရာများကို နှစ်ယောက်စာလောက် မှာယူခဲ့သည်။

အမျိုးသားသည် မျက်နှာလည်းမကောင်းပဲ သူရဲ့မျက်နှာချင်းဆိုင်ရှေ့က ထိုင်ခုံရှေ့နားလေးတွင် တစ်ယောက်ယောက်ရှိနေသလိုမျိုးနဲ့ စားစရာပန်းကန်သက်သက်ချထားပေးပြီး ဟင်းတွေလည်း ထည့်ပေးနေခဲ့သည်။

အမျိုးသားရဲ့ ထူးဆန်းသော လုပ်ရပ်ကို မြင်တွေ့သွားသည့် ဆိုင်ဝန်ထမ်းတစ်ဦးသည် အမျိုးသားနားသို့ သွားရောက်ကာ မေးမြန်းခဲ့ရာတွင် ထိုနေ့က သူနဲ့ဇနီးဖြစ်သူရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပြီး ဇနီးသည်က ရောဂါကြောင့် ကွယ်လွန်သွား၍ သူမကြိုက်သော စားသောက်ဆိုင်သို့ လာရောက်အလွမ်းဖြေနေခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

Crd