ကြက်မတစ်ကောင်ကို အဖော်ခေါ်သွားခဲ့ပြီး ပင်လယ်ထဲတွင် ၅နှစ်ကြာအောင် ရွက်လွှင့်ကာ အလည်အပတ်ခရီးထွက်ခဲ့သည့် ထူးထူးဆန်းဆန်းလူငယ်လေး




Shoon (Cele Daily)

Zawgyi

ကြက်မတစ်ကောင်ကို အဖော်ခေါ်သွားခဲ့ပြီး ပင်လယ်ထဲတွင် ၅နှစ်ကြာအောင် ရွက်လွှင့်ကာ အလည်အပတ်ခရီးထွက်ခဲ့သည့် ထူးထူးဆန်းဆန်းလူငယ်လေး

အသက်ငယ်ရွယ်ချိန်တွင် လူငယ်တို့သည် အရာရာကိုလေ့လာသင်ယူရင်း စူးစမ်းချင်စိတ်ရှိကြတာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံ Brittanyတွင်နေထိုင်သော အသက်၂၁နှစ်အရွယ်လူငယ်လေးဟာ သင်္ဘောတစ်စင်းနှင့်အတူရွက်လွှင့်ရင်း ၅နှစ်ကြာအောင် ခရီးထွက်ခဲ့ပါတယ်။

ခရီးထွက်ရာတွင်လည်း အဖော်ရရှိစေရန်အတွက် ကြမ်မတစ်ကောင်တည်းကိုသာ အဖော်ခေါ်သွားခဲ့တာဖြစ်ပါတယ်။လောကတွင် အထူးဆန်းဆုံးသောအဖော်မွန်ဟုပင်ဆိုကမည့် ကြက်မလေးကို အဖော်ခေါ်သွားသော လူငယ်လေးဟာ လူတိုင်းအတွက် အံ့အားသင့်ဖွယ်ကောင်းနေခဲ့ပါတယ်။

Guirec Soudeeဟုအမည်ရသည့်လူငယ်လေးဟာ ကြက်မလေးကို အဖော်ခေါ်သွားတာကြောင့် ကြက်ဥတွေကိုနေ့စဉ်ရရှိစေတယ်ဟုလည်းဆိုထားခဲ့​တာဖြစ်ပါတယ်။လူငယ်ကောင်လေးဟာ ကြက်မလေးနှင့်အတူ ပင်လယ်ထဲမှ ဒုက္ခတွေကို မျှဝေခံစားရင်း ၅နှစ်ကြာအောင် လည်ပတ်နိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

Crd