ကျောက်တုံးနှစ်ခုကြား ခြေတုညှပ်မိပြီး အကူအညီတောင်းခဲ့ရာ မီးသတ်ကောင်လေးကို ချစ်မိသွားခဲ့တဲ့ မသန်စွမ်းမိန်းကလေးတို့ရဲ့ ရိုမန်တစ်ဆန်တဲ့အချစ်




JRose(Tgidailynews)

Zawgyi

ကျောက်တုံးနှစ်ခုကြား ခြေတုညှပ်မိပြီး အကူအညီတောင်းခဲ့ရာ မီးသတ်ကောင်လေးကို ချစ်မိသွားခဲ့တဲ့ မသန်စွမ်းမိန်းကလေးတို့ရဲ့ ရိုမန်တစ်ဆန်တဲ့အချစ်

စုံတွဲတစ်တွဲစီမှာ မတူညီတဲ့ ချစ်ခြင်းမေတ္တာနဲ့ အချစ်ကို တည်ဆောက်ကြတာပါ။ ယခုစုံတွဲကတော့ ရိုးသားမှုနဲ့ စာနာမှုဖြင့် စစ်မှန်တဲ့ပျော်ရွှင်မှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြသောကြောင့် လူများစွာက သဘောကျကြပါတယ်။ အတိအကျပြောရရင် ဒီစိတ်ဝင်စားစရာကောင်းတဲ့အချစ်ကို Xuan Du Ca Ca ဆိုတဲ့ မသန်စွမ်းမိန်းကလေးက မျှဝေထားပါတယ်။ ၂၀၀၈ ခုနှစ်မှာ Xuan Du Ca Ca က ဗီယက်နမ်နိုင်ငံ Sichuan ပြည်နယ်မှာ ငလျင်တစ်ခု မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး သူမရဲ့ညာဘက်ခြေထောက်ကို အပြီးအပိုင်ဆုံးရှုံးခဲ့ရတာပါ။ ထိုအချိန်မှစပြီး ကလေးမလေးရဲ့ ဘဝက ခြေတုလက်တုနဲ့ ဘဝကို ရှေ့ဆက်နေခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ လမ်းပေါ်တွင် လမ်းလျှောက်နေစဉ် Xuan Du Ca Ca က သူမရဲ့ ခြေတုက ကျောက်တုံးနှစ်ခုကြားမှာ မတော်တဆ ညှပ်မိသွားခဲ့ပါတယ်။ သူမက Chengdu ခရိုင်မီးသတ်တပ်ဖွဲ့ထံမှအကူအညီတောင်းခဲ့ရပါတယ်။ ထို့နောက် မီးသတ်သမားနှစ်ဦး တက်ရောက်ပြီး ကျောက်ဆောင်နဲ့ ခြေတုကို ဖယ်ရှားရန် အထူးစက်ကိရိယာများ အသုံးပြုခဲ့ရပါတယ်။ ထိုအချိန်မှာ အဲဒီအထဲက မီးသတ်ကောင်လေးတစ်ယောက်ကို ချစ်မိသွားသဖြင့် သိကျွမ်းရန် ဖုန်းနံပါတ်ကို ရဲရဲဝံ့ဝံ့ တောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောင်လေးဘက်က ငြင်းဆန်ပြီး ခပ်ခွါခွါနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက မဆုံနိုင်တော့ဘူးလို့ ထင်ပြီး Chengdu မီးသတ်ဌာနချုပ်ကို အလည်လာရင်း Xuan Du Ca Ca က မီးသတ်သမားကို ပြန်တွေ့ခဲ့ပါတယ်။

ထိုအချိန်မှာ မီးသတ်ကောင်လေးက သူ့နှလုံးသားကို ဖွင့်ဟလိုက်ပြီး နှစ်ယောက်သား အပြန်အလှန် ဆက်သွယ်လာကြပါတယ်။ ခင်မင်ရင်းနှီးမှုကနေ တဖြည်းဖြည်းချင်း မီးသတ်သမားက ဒီမသန်စွမ်းမိန်းကလေးကို ချစ်လာခဲ့ပါတယ်။ သူတို့ဟာ နားလည်မှုနဲ့စာနာမှုတို့မှ ဆင်းသက်လာသော ဖြူစင်သော ချစ်ခြင်းမေတ္တာဟာ သူတို့ရဲ့ သိမ်ငယ်မှု ရှုပ်ထွေးမှုကို ကျော်လွှားပြီး အတူတကွ ပေါင်းစည်းနိုင်ရန် ကူညီပေးခဲ့ပါတယ်။ သူတို့ရဲ့ချစ်ခြင်းအကြောင်းကို ထုတ်ဝေပြီးနောက်၊ မသန်စွမ်းမိန်းကလေးနဲ့ မီးသတ်သမားကြားမှ အချစ်ဇာတ်လမ်းဟာဆိုရင် ရိုမန်တစ်ဆန်သောကြောင့် လူတိုင်းရဲ့ အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့ပါတယ်။

JRose(Tgidailynews)

Crd