TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ကျောက်တုံးထူထပ်တဲ့တောင်ကုန်းပေါ်မှာပြေးခဲ့ပြီး တစ်နှစ်တာစွန့်စားသူဆုကိုရရှိခဲ့သူ

ဒီတစ်ယောက်ကတော့ အန္တရာယ်များတဲ့အားကစားတွေကိုပြုလုပ်တဲ့သူတွေထဲက နာမည်ကျော်တစ်ဦးပဲဖြစ်ပါတယ်။ ဒီစပိန်လူမျိုးကတော့နှင်းလျှောစီးသူတစ်ဦးပါ။

နွေရာသီတစ်ခုမှာတော့ သူဟာ ကျောက်တုံးထူထပ်တဲ့ တောင်ကုန်းပေါ်မှာပြေးခဲ့ပါတယ်။ ဘယ်လောက်တောင်ကြမ်းလဲဆိုရင်တော့ ပရိသတ်ကြီးသွားပြေးရင်တောင်မှ ကြောက်ပြီး ခြေချော်ကျမှာအမှန်ပါပဲ။

၂၀၁၂ ခုနှစ်မှာ ဒီအားကစားသမားဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအပြေးသမားအဖြစ်နာမည်ရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ကီလီယန်ဟာ National geographic ကပေးတဲ့ တစ်နှစ်တာ စွန့်စားသူဆုကိုရရှိခဲ့ပါတယ်။ ဒါဟာ အံ့သြစရာတော့မရှိပါဘူး။

နောက်လိုက်တွေမပါပဲ သူဟာနော်ဝေးတောင်တန်း နဲ့ အန်ဒေါစမတ်ကိုပြေးခဲ့တာပါ။ သူ့ခြေထောက်အောက်မှာရှိတဲ့ကျောက်တုံးတွေကချွန်ထက်ပြီး မငြိမ်သလို သူ့ဘေးပတ်ပတ်လည်မှာလည်း တောင်စွယ်တွေသာရှိပါတယ်။

ဒါတွေကတော့ ကီလီယန်ရဲ့အရှိန်ကိုလျှော့တောင်မလျော့စေပါဘူး။ သူကတော့ အိမ်မှာနေရတာထက်စာရင်တောင်တန်းတွေဆီသွားနေရတာပိုကြိုက်တယ်လို့ဆိုထားပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext