■ကျောက်တုံးကြားမှလက်မောင်းကိုကိုယ်တိုင်ဖြတ်တောက်၍ အသက်ဘေးမှလွတ်မြောက်ခဲ့သူ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ကျောက်တုံးကြားမှလက်မောင်းကိုကိုယ်တိုင်ဖြတ်တောက်၍ အသက်ဘေးမှလွတ်မြောက်ခဲ့သူ
ပုံမှန်အခြေအနေမျိုးတွေမှာ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကို ဖြတ်တောက်ပစ်ရမလဲဆိုတာကတော့ ခက်ခဲတဲ့ အခြေအနေတစ်ခုပဲဖြစ်မှာပါ။ သာမန်အခြေအနေအောက်မှာတော့ လေ့ကျင့်ထားတဲ့ဆရာဝန်ရှိပြီးအသက်ရှင်ဖို့ အကြောင်းပြချက်ကောင်းကောင်းရှိရင်တောင်မှ သင့်ရဲ့လက်ကို ဖြတ်ရမလား မဖြတ်ရဘူးလားဆုံးဖြတ်ကြရတော့ ကိုယ်တိုင်ဖြတ်တောက်ရမယ်ဆိုရင်ပိုခက်ခဲပါတယ်။
ဒီကိစ္စကိုပိုဆိုးအောင်လုပ်မယ်ဆိုရင် တကယ်လို့သင်ဟာ လက်မဖြတ်ပစ်ဘူးဆိုရင်သေ*မှာပါ။ တကယ်လို့ဖြတ်မယ်ဆိုရင်လည်း သေ*နိုင်ပါသေးတယ်။ ကောင်းပါပြီ။ ဒါကတော့အေရွန်ရာလ်စတန်ခံစားခဲ့ရတဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး သူဟာ ဘလူးဂျွန် တောင်ကြားတွေထဲမှာလေ့လာရေးခရီးစဥ်ထွက်ခဲ့ပြီး ကျောက်တုံးကြီးဟာ သူ့ရဲ့ပခုံးပေါ်ပြုတ်ကျလာပြီး လက်ညှပ်နေခဲ့တာပါ။
ကျောက်တုံးကိုမဖို့ကြိုးစားတဲ့ ၅ ရက်မြောက်နေ့မှာ တော့ ရောလ်စတန်ဟာ တော်တော့်ကိုစိတ်ပျက်လာခဲ့ပါတယ်။ သူအကုန်လုပ်ပြီးပါပြီ။ သူဟာ ကျောက်တုံးပေါ်မှာ သူ့နာမည်ကိုရေးထိုးခဲ့ပြီး သူ့ကျင်ငယ်ရေကိုသောက်ကာ သူ့ရဲ့မိသားစုအတွက်နောက်ဆုံးနှုတ်ဆက်စကားတောင်ပြောထားတဲ့ဗီဒီယိုကိုရိုက်ပြီးနေပါပြီ။
နောက်ဆုံးမှာတော့ ရွေးချယ်ရမယ့်တစ်ခုတည်းသောအရာက လက်မောင်းကိုဖြတ်တောက်ရမှာဖြစ်ပြီးတော့ သူကိုယ်တိုင်လက်မောင်းကိုဖြတ်ခဲ့ပြီး အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။
လွတ်မြောက်ပြီးတဲ့အခါမှာတော့ အာဏာပိုင်တွေကသူ့ရဲ့လက်တစ်ဖက်ကို ဖယ်ရှားနိုင်ခဲ့ကာ ဒါကိုဆေးရည်စိမ်ထားပြီး ရော်လ်စတန်ကိုပြန်ပေးခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext