■ကျောက်ဆောင်တွေပေါ်မှာချည်ထားတဲ့အခေါင်းများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ကျောက်ဆောင်တွေပေါ်မှာချည်ထားတဲ့အခေါင်းများ

တကယ်လို့ပရိသတ်ကြီးဟာ အကြောင်းတစ်ခုခုကြောင့် ဖိလစ်ပိုင်နိုင်ငံ စဒ်ဂါးသားရွာကို အလည်ရောက်ခဲ့မယ်ဆိုရင်တော့ သတိတော့ထားရပါမယ်။

ပရိသတ်ကြီးကတော့ ဒီနေရာက တကယ်တမ်းကြောက်စရာမကောင်းပေမယ့်ကြောက်ဖို့ကောင်းတယ်လို့ထင်ရနိုင်ပါတယ်။ ကျွန်မတို့က လူတိုင်းကို စိတ်ချောက်ချားစေမယ့်ကျောက်ဆောင်တွေပေါ်မှာချည်ထားတဲ့အခေါင်းတွေကိုပြောနေတာပါ။

ဒါကတော့ အရင်ခေတ်ကတည်းက ထုံးတမ်းအစဥ်အလာဖြစ်ပြီး ယနေ့ခေတ်မှာတော့ တရုတ်ပြည်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတွေမှာ ကျင့်သုံးနေတုန်းပါပဲ။

လူအချို့ကတော့တောင်တန်းတွေဟာ ကမ္ဘာမြေနှင့် နိဗ္ဗာန်ဘုံကြားက လှေကားသဖွယ်ဆောင်ကျဥ်းပေးတယ်လို့ယူဆကြပြီး တစ်ချို့ကတော့ သေသွားတဲ့သူရဲ့ဝိဉာဥ်ဟာ သူတို့မိသားစုကို အပေါ်ကနေကြည့်ရင်ပိုလွယ်ကူတယ်လို့ထင်ကြတာပါ။

ကျွန်မတို့သဘောအကျဆုံး လက်တွေ့အကျဆုံး အကြောင်းပြချက်ကတော့ တောင်တွေပေါ်မှာ သင်္ချိုင်းတူးဖော်ဖို့မြေအလုံအလောက်မရှိတာကြောင့် လူသေကိုမြှုပ်နှံတာထက်စာရင် သီးပင်စားပင်တွေစိုက်ပျိုးတာက ပိုအဆင်ပြေလို့ပဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext