ကျပ်ငွေ (၄၀၀၀၀) တောင် ပေးရသော ရွှေဒင်္ဂါးပြား ထည့်တဲ့ဘူး စျေးကြီးရခြင်း နောက်ကွယ်

News Social News

ကျပ်ငွေ (၄၀၀၀၀) တောင် ပေးရသော ရွှေဒင်္ဂါးပြား ထည့်တဲ့ဘူး စျေးကြီးရခြင်း နောက်ကွယ်က ဖြစ်ရပ်..

နိုင်ငံအတွင်းမှ ရွှေတွင်းပေါင်း ထောင်ကျော်နှင့် တူးစား ရောင်းစားနေကြတာကို ကျနော် တင်ပြခဲ့ပါတယ်.. ယခု နစက မှ နောက်ကျ ဘိတ်ချီး အစီစဉ်ဖြင့် အဆိုပါ ရွှေတွင်းမှ ရသော ရွှေအခွန်များကို ဒင်္ဂါးလုပ်ပြီး ပြည်သူများကို ရောင်းချပေးလာပါတယ်.. ကျနော် ထပ်ပြီး စုံစမ်းပါတယ်.. ရွှေဈေးသိပ်ပြီး ကွာတာမျိုးတော့ မဟုတ်ပါဘူး သို့ဆိုလျှင် ဘာတွေ ကွာနေသလဲလို့ ထပ်မံပြီး မြန်မာပြည်မှာရှိတဲ့ ကျနော်ရဲ့သတင်းထောက်တွေနှင့် ထပ်မံ စုံစမ်းပါတယ်..

လက်သယ်ကတော့ သတ္တုတွင်းဝံချီးဌာနရဲ့ အတွင်းဝန်တွေ ဖြစ်နေတာကို တွေ့ရပါတယ်.. ရွှေဈေးကိုထိမ်းညှိဖို့ နိုင်ငံတော်က ရောင်းချပေးတာလက်ခံပါတယ် သဘောလည်း တူပါတယ်.. အဆိုပါ ရောင်းချမှုထဲမှာ ရွှေဒင်္ဂါးထည့်တဲ့ ဗူးက ကျပ်ငွေ (၄၀၀၀၀) ထိကို ဝယ်ယူသူများက ပေးဆောင်ရတာကို ခိုင်မာစွာ တွေ့ရပါတယ်..

ပိတောက်သား ပေါ်လစ်နှင့် ပတ္တာလေးတပ်တဲ့ ဗူးကို ဘယ်သူက ဘယ်နေရာ ဘယ်သို့ ပြုလုပ် ဆောင်ရွက်သလဲ ကုန်ကျစရိတ်က ဘယ်လောက်လဲ?.. စသဖြင့် ကျနော်တို့ စုံစမ်းကြည့်တော့ လုပ်သူက သာမန် လက်သမားလေးတွေပါပဲ.. ထိုသို့ လုပ်သူများကို ခေါ်ခိုင်းတဲ့ ကုပ္ပဏီ နှစ်ခုကို တွေ့ရပါတယ်..

အဆိုပါ လုပ်ပြီးသား ဗူးလေးရဲ့ ကုန်ကျစရိတ်တိတိကျကျကတော့ ကျပ်ငွေ ၇၈၅၀ ပဲ ကုန်ကျတာကို ကျနော် သိရတော့ အရမ်းဝန်းနည်းမိတယ်.. ကျပ်ငွေ လေးသောင်းထိကို တင်ပြီး သတ္တုတွင်း ဝန်ကြီးဌာနရဲ့ မျိုမှုဆို့မှုက တကယ်တန်းကျတော့ ကျနော်တို့ တိုင်းပြည်အတွက် စေတနာ မပါပဲ ရာနှုန်းအားဖြင့် ဗူးကလေး တစ်ဗူးမှာပင် ၇၈ ရာနှုန်းကျော် အမြတ်ယူထားတာကို တွေ့ရပါတယ်..

ဗူးပေါင်း ခုနှစ်သောင်းခွဲ တိတိ ဝန်ကြီးဌာနကို တင်သွင်းထားပြီးဖြစ်လို့ ဗူးကလေး တစ်ဗူးကို ကျပ်ငွေ ၃၂၂၀၀ တောင်အမြတ်စားပြီး ယူထားတာကို တွေ့ရတဲ့ အတွက် ဝယ်ယူသူများအနေဖြင့် ဗူးမပါပဲ ရွှေဒင်္ဂါးပြားကိုသာ ဝယ်ယူသင့်ပါကြောင်း ခိုင်မာစွာ တိုက်တွန်းပါသည် ခင်ဗျာ..

မြန်မာနိုင်ငံက စီးပွားရေးတခုခု လုပ်ရင် အရမ်းကြောက်ဖို့ကောင်းပါတယ်.. ဝယ်ယူသူတွေကို တခါတည်းနဲ့ အပြတ်ကို စိတ်ပျက်သွားအောင် ဈေးကွက် ဟာလာလုပ်တဲ့ ပုံစံမျိုးနှင့် လုပ်နေကြတာမို့လို့ မအောင်မြင်ပါကြောင်း.. အဘသားသမီးတွေ ကျနော့်ကို စိတ်ဆိုးကြလဲ မတတ်နိုင်ဘူးဗျာ.. ကျနော် အမှန်ကိုတော့ အမြဲပြောနေပါမယ်.. (ဂိုလ်ရှယ်လေး)

 

Crd