က်ဴးေက်ာ္ပါက တန္ဖိုးႀကီးႀကီး ေပးဆပ္ရလိမ့္မည္ဟု တ႐ုတ္ကို ထိုင္ဝမ္ သတိေပး

News World

က်ဴးေက်ာ္ပါက တန္ဖိုးႀကီးႀကီး ေပးဆပ္ရလိမ့္မည္ဟု တ႐ုတ္ကို ထိုင္ဝမ္ သတိေပး

ဩဂုတ္လ ၂၃ ရက္
ထိုင္ဝမ္အေနျဖင့္ မိမိကိုယ္ကိုယ္ ခုခံကာကြယ္ရန္ သႏၷိ႒ာန္ခ်ထားသလို က်ဴးေက်ာ္သူမ်ားအေနျဖင့္ “တန္ဖိုးႀကီးႀကီး” ေပးဆပ္ရလိမ့္မည္ ျဖစ္ေၾကာင္း ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္က ဩဂုတ္ ၂၃ ရက္တြင္ ေျပာၾကားလိုက္သည္။

လြန္ခဲ့သည့္ ဆယ္စုႏွစ္ ေျခာက္စုအၾကာက ထိုင္ဝမ္တပ္ဖြဲ႕မ်ားက တ႐ုတ္တိုက္ခိုက္သူမ်ားကို ျပန္လည္တိုက္ထုတ္ခဲ့သည့္ ထိပ္တိုက္ေတြ႕မႈတစ္ခု၏ ႏွစ္ပတ္လည္ေန႔တြင္ ဆိုင္အင္ဝမ္က တ႐ုတ္ကို သတိေပးေျပာဆိုလိုက္ျခင္းလည္း ျဖစ္သည္။
အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီ ပလိုစီ၏ ထိုင္ဝမ္ ခရီးစဥ္ ေနာက္ပိုင္း တ႐ုတ္ႏွင့္ ထိုင္ဝမ္အၾကား တင္းမာမႈမ်ားက ၿပီးခဲ့သည့္လအတြင္း ျမင့္တက္ေနခဲ့သည္။

ပလိုစီ၏ ခရီးစဥ္က ထိုင္ဝမ္ကြၽန္းကို အေမရိကန္က တိုးျမႇင့္ေထာက္ခံျခင္း ျဖစ္သည္ဟု
ရႈျမင္လ်က္ တ႐ုတ္သည္ ယင္း၏ အမ်က္ေဒါသကို ထုတ္ေဖာ္ရန္
ထိုင္ဝမ္အနီး စစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္။

ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္သည္ စစ္ဖက္အရာရွိမ်ားႏွင့္ ေတြ႕ဆုံစဥ္ ၁၉၅၈ ခုႏွစ္ ဩဂုတ္လက ထိုင္ဝမ္ထိန္းခ်ဳပ္ေသာ ကင္မန္းကြၽန္းႏွင့္ မတ္ဆုကြၽန္းတို႔ကို တ႐ုတ္တို႔၏ တစ္လေက်ာ္ၾကာ ဗုံးႀကဲတိုက္ခိုက္မႈကို ျပန္လည္ခုခံကာကြယ္ႏိုင္ခဲ့ေသာ ထိုင္ဝမ္၏ “စိတ္ဓာတ္၊ အားမာန္” ကို အမႊမ္းတင္ ေျပာဆိုခဲ့သည္။

“အဲဒီ တိုက္ပြဲက ကြၽန္မတို႔အတြက္ ထိုင္ဝမ္ကို ကာကြယ္ခဲ့တာပါ။ ကိုယ့္ႏိုင္ငံကို ခုခံကာကြယ္ဖို႔ ထိုင္ဝမ္ျပည္သူေတြရဲ႕ စိတ္ပိုင္းျဖတ္ သႏၷိ႒ာန္ခ်ထားမႈကို ဘယ္လို ၿခိမ္းေျခာက္မႈကမွ မလႈပ္ရမ္းႏိုင္ဘူးဆိုတာကို ကမာၻကို ေၾကညာၿပီးသား ျဖစ္ခဲ့ပါတယ္” ဟု ဆိုင္အင္ဝမ္က ေျပာသည္။

“ထိုင္ဝမ္မွာ ကိုယ့္ႏိုင္ငံကို ကာကြယ္ဖို႔ သႏၷိ႒ာန္ခ်ထားမႈနဲ႔ ျပင္ဆင္မႈေတြအျပင္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္စြမ္းတို႔ ရွိေနတယ္ဆိုတာကို ရန္သူကို သေဘာေပါက္နားလည္ေစဖို႔က ကြၽန္မတို႔ လုပ္ရမယ့္အရာျဖစ္ပါတယ္” ဟု သူမက ေျပာသည္။

“ထိုင္ဝမ္ကို က်ဴးေက်ာ္တာ ဒါမွမဟုတ္ ထိုင္ဝမ္ကို က်ဴးေက်ာ္ဖို႔ ႀကိဳးပမ္းတာအတြက္ကေတာ့ တန္ဖိုးႀကီးႀကီး ေပးဆပ္ရပါလိမ့္မယ္။ အဲဒါကို ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း အျပင္းအထန္ ရႈတ္ခ်ပါလိမ့္မယ္” ဟု သူမက ေျပာခဲ့သည္။

crd
By Reuters 23 August 2022
#က်ဴးေက်ာ္ပါကတန္ဖိုးႀကီးႀကီးေပးဆပ္ရလိမ့္မည္ဟုတ႐ုတ္ကိုထိုင္ဝမ္သတိေပး
#ထိုင္ဝမ္သတိေပး
#TaiwanCrisis

Unicode
ကျူးကျော်ပါက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု တရုတ်ကို ထိုင်ဝမ် သတိပေး

ဩဂုတ်လ ၂၃ ရက်
ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် သန္နိဋ္ဌာန်ချထားသလို ကျူးကျော်သူများအနေဖြင့် “တန်ဖိုးကြီးကြီး” ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ဩဂုတ် ၂၃ ရက်တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်စုအကြာက ထိုင်ဝမ်တပ်ဖွဲ့များက တရုတ်တိုက်ခိုက်သူများကို ပြန်လည်တိုက်ထုတ်ခဲ့သည့် ထိပ်တိုက်တွေ့မှုတစ်ခု၏ နှစ်ပတ်လည်နေ့တွင် ဆိုင်အင်ဝမ်က တရုတ်ကို သတိပေးပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ် ခရီးစဉ် နောက်ပိုင်း တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများက ပြီးခဲ့သည့်လအတွင်း မြင့်တက်နေခဲ့သည်။

ပလိုစီ၏ ခရီးစဉ်က ထိုင်ဝမ်ကျွန်းကို အမေရိကန်က တိုးမြှင့်ထောက်ခံခြင်း ဖြစ်သည်ဟု
ရှုမြင်လျက် တရုတ်သည် ယင်း၏ အမျက်ဒေါသကို ထုတ်ဖော်ရန်
ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် စစ်ဖက်အရာရှိများနှင့် တွေ့ဆုံစဉ် ၁၉၅၈ ခုနှစ် ဩဂုတ်လက ထိုင်ဝမ်ထိန်းချုပ်သော ကင်မန်းကျွန်းနှင့် မတ်ဆုကျွန်းတို့ကို တရုတ်တို့၏ တစ်လကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုကို ပြန်လည်ခုခံကာကွယ်နိုင်ခဲ့သော ထိုင်ဝမ်၏ “စိတ်ဓာတ်၊ အားမာန်” ကို အမွှမ်းတင် ပြောဆိုခဲ့သည်။

“အဲဒီ တိုက်ပွဲက ကျွန်မတို့အတွက် ထိုင်ဝမ်ကို ကာကွယ်ခဲ့တာပါ။ ကိုယ့်နိုင်ငံကို ခုခံကာကွယ်ဖို့ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ် သန္နိဋ္ဌာန်ချထားမှုကို ဘယ်လို ခြိမ်းခြောက်မှုကမှ မလှုပ်ရမ်းနိုင်ဘူးဆိုတာကို ကမ္ဘာကို ကြေညာပြီးသား ဖြစ်ခဲ့ပါတယ်” ဟု ဆိုင်အင်ဝမ်က ပြောသည်။

“ထိုင်ဝမ်မှာ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ သန္နိဋ္ဌာန်ချထားမှုနဲ့ ပြင်ဆင်မှုတွေအပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတို့ ရှိနေတယ်ဆိုတာကို ရန်သူကို သဘောပေါက်နားလည်စေဖို့က ကျွန်မတို့ လုပ်ရမယ့်အရာဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“ထိုင်ဝမ်ကို ကျူးကျော်တာ ဒါမှမဟုတ် ထိုင်ဝမ်ကို ကျူးကျော်ဖို့ ကြိုးပမ်းတာအတွက်ကတော့ တန်ဖိုးကြီးကြီး ပေးဆပ်ရပါလိမ့်မယ်။ အဲဒါကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အပြင်းအထန် ရှုတ်ချပါလိမ့်မယ်” ဟု သူမက ပြောခဲ့သည်။

crd
By Reuters 23 August 2022
#ကျူးကျော်ပါကတန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မည်ဟုတရုတ်ကိုထိုင်ဝမ်သတိပေး
#ထိုင်ဝမ်သတိပေး
#TaiwanCrisis

Crd