ကိုယ့်ကားကို နောက်ကနေ ရစရာမရှိအောင် ဝင်တိုက်ခဲ့သော်လည်း မောင်းသူမှာ ချစ်စရာကောင်းသည့် မိန်းမလှလေးဖြစ်နေတာကြောင့် အပြစ်မမြင်ရက်ခဲ့သော ကောင်လေး

News Social News







Zawgyi

ကိုယ့်ကားကို နောက်ကနေ ရစရာမရှိအောင် ဝင်တိုက်ခဲ့သော်လည်း မောင်းသူမှာ ချစ်စရာကောင်းသည့် မိန်းမလှလေးဖြစ်နေတာကြောင့် အပြစ်မမြင်ရက်ခဲ့သော ကောင်လေး

ဆိုင်ကယ် ကား အစရှိသည်တို့သည် စက်ပစ္စည်း ဖြစ်သည့်အတွက် မတော်တဆဆိုတာမျိုးတွေကို အမြဲလိုလို ကြုံတွေ့ဖူး ကြားဖူးရသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ်တွင် နေထိုင်သော ကောင်လေးတစ်ဦးသည် အဝေးပြေးလမ်းပေါ်တွင် ကားမောင်းနေရင်း လမ်းများပိတ်နေစဉ် မမျှော်လင့်ပဲ သူ့ကားအား နောက်ကနေ အတိုက်ခံလိုက်ရသည်။

ကောင်လေးလည်း ကားပေါ်က ချက်ချင်းဆင်းကာ ဝင်တိုက်ခဲ့သော ကားနားသို့သွား၍ ဒေါသတကြီးနှင့် ဆဲဆိုကာ နမော်နမဲ့နိုင်သည့် မောင်းသူအား အပြစ်တင်နေခဲ့သည်။

သို့သော်လည်း မောင်းသူသည် ကားထဲကနေလုံးဝဆင်းမလာပဲ တာဝန်ရှိယာဉ်ထိန်းရဲများရောက်လာမှသာ ကားထဲကထွက်လာစဉ် ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်သာ ဖြစ်နေပြီး သူမကားဘရိတ်မမိ၍ တိုက်မိခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ရာ အတိုက်ခံရသူ ကောင်လေးသည် ဆဲဆိုနေတာ ရပ်လိုက်ပြီး လုံးဝငြိမ်သက်သွားခဲ့သည်။

ထို့နောက် တရားစွဲမည်ဟု ပြောခဲ့သော စကားကိုလည်း ပြန်ရုတ်သိမ်းခဲ့ပြီး တိုက်မိ၍ ပျက်စီးသွားသော ကားနောက်ပိုင်းအတွက်သာ လျော်ကြေးတောင်းပြီး အေးအေးဆေးဆေးပဲ ဖြေရှင်းခဲ့သည်။

Crd