ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရသည့် သားလေးကို အရမ်းတွေ့ချင်တာကြောင့် ယောက္ခမအိမ်သို့သွားတွေ့ခဲ့သော်လည်း တံခါးဖွင့်မပေးတာကြောင့် ဝမ်းနည်းပြီးငိုယိုကာသတိလစ်သွားခဲ့ရသည့်မိခင်

ငွေကြေးချမ်းသာကြွယ်ဝပြီး ဂုဏ်ပကာသနတွေကို ရှေ့တန်းတင်တတ်သည့်မိသားစုအသိုင်းအဝိုင်းထဲသို့ ရောက်ရှိသွားရခြင်းဟာ ငရဲသို့ရောက်ရှိသွားရခြင်းနှင့်အတူတူပင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှ မိခင်တစ်ဦးသည်လည်း အလွန်ချမ်းသားသော ခင်ပွန်းသည်နှင့် ပေါင်းဖက်ခဲ့ရတာကြောင့် ဘဝတွင်ဝမ်းနည်းဖွယ်ရာများဖြင့်သာ ကြုံတွေ့နေရပါတယ်။

သူဋ္ဌေးမိသားစုအသိုင်းအဝိုင်းတွင် မျက်နှာငယ်စွာဖြင့်နေထိုင်ခဲ့ရပြီး သားလေးတစ်ဦးမွေးဖွားပြီးချိန်မှာတော့ ပြသနာအမျိုးမျိုးဖြစ်လာခဲ့ကာ နေအိမ်ပေါ်မှဆင်းရသည်အထိဖြစ်လာခဲ့ပါတယ်။သူဋ္ဌေးအိမ်ပေါ်ကဆင်းခဲ့ရပြီး လေးလကြာသည်အထိ သားလေးကိုမတွေ့ရသဖြင့် ယောက္ခမအိမ်သို့ သွားပြီးသားငယ်လေးကို တွေ့ရန်ကြိုးစားခဲ့ပါတယ်။

သို့သော်လည်း အိမ်တံခါးကိုလုံးဝမဖွင့်ပေးတာကြောင့် ဝမ်းနည်းစွာငိုကျွေးရင်း သတိလစ်သည်အထိဖြစ်ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd