ကိုယ်ဝန်လွယ်ထားရသော ဇနီးသည်ရဲ့အဖြစ်ကို ခံစားသိရှိစေရန် ဖရဲသီးတစ်လုံးကိုဗိုက်မှာကပ်ပြီးတော့ ကိုယ်ဝန်အတုလုပ်ခဲ့သည့် အမျိုးသား

News Social News

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ ပင်ပန်းခက်ခဲမှုတို့ကို သူတို့ကိုယ်တိုင်ကလွဲပြီး မည်သူကမှ အတွင်းကျကျနားလည်ပေးနိုင်မည်မဟုတ်ပါ။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ခင်ပွန်းသည်တစ်ဦးသည် ကိုယ်ဝန်လွယ်ထားရသော ဇနီးဖြစ်သူရဲ့ ခံစားချက်နဲ့ ဒုက္ခကို သိရှိစေရန်အတွက် ဖရဲသီးတစ်လုံးကိုဗိုက်မှာကပ်ထားပြီး ကိုယ်ဝန်သည်တစ်ဦးလို နေကြည့်ခဲ့သည်။

ခင်ပွန်းဖြစ်သူသည် ကိုယ်ဝန်တုနဲ့အတူ ဇနီးဖြစ်သူရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်အတိုင်း ပန်းကန်ဆေးခြင်းနဲ့ အိမ်သန့်ရှင်းရေးတွေကို လုပ်ဆောင်ခဲ့ရာတွင် အစပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် အနားယူရန် လိုအပ်လာ၍ အိပ်စက်ခဲ့သည်။

ခဏအကြာမှာတော့ ပင်ပန်းနွမ်းနှယ်မှုဒဏ်ကိုမခံစားနိုင်တော့ပဲ လက်လျှော့အရှုံးပေးကာ သူ့ဗိုက်နားက ဖရဲသီးအား အမြန်ပြန်ဖြုတ်ပေးရန် ဇနီးသည်ကို အကူအညီတောင်းခဲ့ရသည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd