ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ရရှိရေး အိန္ဒိယနှင့် မြန်မာဆွေးနွေး

Local News

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိရေး အိန္ဒိယနှင့် မြန်မာဆွေးနွေး

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိနိုင်မှုနှင့်ပတ်သက်၍ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန်နှင့်
ယနေ့ (ဒီဇင်ဘာ ၂၈) တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိနိုင်ရေးကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် H.E. Smt. Smita Pant အား အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၊ South Block ၌ နံနက် (၁၁:၀၀) နာရီအချိန်တွင် သွား ရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာ၌ အိန္ဒိယအစိုးရထံမှ G-to-G အစီအ စဉ်ဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လမတိုင်မီ ကျန်းမာရေးလုပ် သားများနှင့် ရှေ့တန်း မရှိမဖြစ် လုပ်သားများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မည့် အခြေအနေ၊ မြန် မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute တို့အကြား ချုပ်ဆိုထားသည့် နားလည်မှု စာချွန်လွှာ နှင့်အညီ ဝယ်ယူထားသည့် ကာကွယ်ဆေးပမာဏအား သတ်မှတ်ထားသည့် အချိန်တွင် ရရှိနိုင်မှုနှင့် အိန္ဒိယတွင် ထုတ်လုပ်သည့် စံချိန်စံညွှန်းမီ စျေးနှုန်း ချိုသာသော RT-PCR test machine များ ဝယ်ယူနိုင်မှု အခြေအနေတို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Credit – The Future Post

Leave a Reply