ကားတစ်စီးလုံးကို ခေါက်ဆွဲခြောက်ထုပ်များကပ်ကာ ရပ်ရွာထဲ၌ မရှိဆင်းရဲသားများကို ဝေပေးခဲ့သော အမျိုးသားတစ်ဦး

News Social News





Zawgyi

ကားတစ်စီးလုံးကို ခေါက်ဆွဲခြောက်ထုပ်များကပ်ကာ ရပ်ရွာထဲ၌ မရှိဆင်းရဲသားများကို ဝေပေးခဲ့သော အမျိုးသားတစ်ဦး

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ချန်ဖွန်မြို့တွင် နေထိုင်သော အသက် ၃၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် စီးပွားရေးအနေနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေးကို လုပ်ကိုင်ပြီး တတ်နိုင်သလောက်လေး မရှိဆင်းရဲသားတွေကို ပြန်လည်လှူဒါန်းခဲ့၍ လေးစားချီးကျူးဖွယ် ကောင်းလှသည်။

အမျိုးသားသည် အသစ်အဆန်းအနေနှင့် သူဧ။်ဇိမ်ခံကားအပြင်ဖက်တွင် ခေါက်ဆွဲခြောက်ထုပ်များကို ပလာစတာနှင့်ကပ်ကာ မြို့ထဲလမ်းမပေါ်တွင် မောင်းနှင်ပြီး ရပ်ကွက်အလိုက်သွားရောက်ကာ အကူအညီလိုအပ်နေသော ရွာသားများကို ပေးဝေခဲ့သည်။

အမျိုးသားသည် အခြားသူများနှင့်မတူပဲ ပရဟိတလုပ်ရာတွင် အများကို စိတ်ဝင်စားစေပြီး ရောဂါကာလတွင်း အလုပ်အကိုင်အတည်တကျ မဖြစ်သေးသရွေ့ စားစရာများကို တစ်ပတ်လျှင်နှစ်ကြိမ် လှူဒါန်းသွားမည်ဟု ဆိုခဲ့သည်။

Crd