18
ကလေးပေါင်း ထောင်ကျော်နီးပါးနဲ့ ကမ္ဘာ့အဆိုးရွားဆုံး ယဇ်ပူဇော်မှုကိုပြုလုပ်ခဲ့တဲ့ ပီရူးနိုင်ငံ
၂၀၂၁ ခုနှစ်နှောင်းပိုင်းလောက်က ပီရူးနိုင်ငံ၊ လီမာမြို့မြောက်ဘက် ကမ်းရိုးတန်း သဲကန္တာရမှာတော့ ရှေးဟောင်းသုတေသန ပညာရှင်များဟာ အသဝာ်ခံခဲ့ရပုံရတဲ့ ကလေး ၂၂၇ ဦးရဲ့ အရိုးအကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကြီးမားသော ပူဇော်သက္ကာဖြင့် မြှုပ်နှံခဲ့တယ်လို့ ယူဆရတဲ့ ထိုနေရာအား သုတေသီတွေ တူးဖော်နေခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။
တူးဖော်နေခဲ့သော သုတေသီများရဲ့ အဆိုအရ ဒီရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာပေါ်က အကြီးဆုံး ကလေးမြှုပ်နှံရာနေရာဖြစ်ပြီး ယခုအချိန်အထိတိုင် ကလေးတွေရဲ့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဘယ်နေရာကိုပဲ တူးလိုက်တူးလိုက်၊ ရုပ်အလောင်း နောက်တစ်ခု ထွက်လာတယ်လို့ ဆိုက်ရဲ့ ရှေးဟောင်း သုတေသနပညာရှင် အကြီးအကဲက သူ့ရဲ့ ရှာဖွေတွေ့ရှိမှုအကြောင်းကို ပြောပြလာပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ မှ ၈၀၀ အတွင်း မြှုပ်နှံထားတဲ့ ကလေးငယ်များရဲ့ ရုပ်အလောင်းများကို ယနေ့ခေတ် ပီရူးနိုင်ငံ၊ Huanchaco မြို့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်က ကိုလံဘီယာ မတိုင်မီ Chimú ယဉ်ကျေးမှုအရ ယဇ်ပူဇော်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီ ယဇ်ပူဇော်တဲ့ ယဉ်ကျေးမှုဟာ ပီရူးနိုင်ငံ လူ့အဖွဲ့အစည်းကို နှစ်ပေါင်း ၉၀၀ ကျော် လွှမ်းမိုးခဲ့တယ်လို့ ဆိုကြပါတယ်။
သင်္ချိုင်းမြေနေရာမှာ ကလေးငယ်များ အစုလိုက်အပြုံလိုက်အပြင် ကလေးတချို့တဝက်ကလည်း ပင်လယ်ပြင်ထဲသို့ မြောပါသွားခဲ့ပုံရပါတယ်။
ဒါကြောင့် ယဇ်ပူဇော်ခံခဲ့ရတဲ့ ကလေးအရေအတွက် စုစုပေါင်းဟာ ထောင်ကျော်ထက်မနည်း ရှိနေနိုင်တာပါ။
ကလေးတွေဟာ သူတို့ရဲ့ ရင်ဘတ်ကို တစ်ယောက်ပြီးတစ်ယောက် ဓားဖြင့်ထိုးခံခဲ့ရပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားခံခဲ့ရတဲ့ အနီးနားရှိ အခြားသော သင်္ချိုင်းမြေများကိုလည်း အမှတ်ရနေစေပါလိမ့်မယ်။
ပြောရရင်တော့ ယဇ်ပူဇော်တဲ့ ယဉ်ကျေးမှုဟာ တစ်နိုင်ငံလုံးကို လွှမ်းမိုးခဲ့တာဖြစ်လို့ အခြားသော နေရာတွေမှာလည်း ပူဇော်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေ ဟိုတစ ဒီတစ တွေ့မြင်ခဲ့ရပါသေးတယ်။
Huanchaco မှာရှိတဲ့ ကလေးတွေကတော့ သူတို့သေဆုံးခဲ့ချိန်မှာ အသက် ၄ နှစ် ကနေ ၁၄ နှစ်ကြားသာ ရှိသေးတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောကြားခဲ့ပြီး အလောင်းတချို့ဟာ အရေခွံနဲ့ ဆံပင်အစအနတွေ ရှိနေဆဲဖြစ်တယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ဆိုပါတယ်။
စိုစွတ်သော ရာသီဥတုအတွင်း အလောင်းများကို မြှုပ်နှံထားခဲ့ကြောင်း အထောက်အထားများအရ သိခဲ့ရပြီး အယ်လ်နီညိုဖြစ်စဉ်လို့ ခေါ်တဲ့ ယဇ်ပူဇော်တဲ့ ယဉ်ကျေးမှုဟာ တောင်အမေရိကတစ်လွှားမှာ ထွန်းကားခဲ့ပါတယ်။
နတ်ဘုရားများအား ပူဇော်သက္ကာအဖြစ် ကလေးငယ်များကို သဝာ်ပစ်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
၂၀၁၈ ခုနှစ်ကလည်း ပီရူးမှာပဲ ကလေး ၁၄၀ ရဲ့ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ဖူးပြီး အနီးနားရှိ Chimú သင်္ချိုင်းနေရာ Huanchaquito မှာပဲ အလားတူ ရာသီဥတု အခြေအနေမျိုးမှာ ယဇ်ပူဇော်မှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးချိန်မှာ အသက် ၅ နှစ် မှ ၁၄ နှစ်ကြားရှိ ဒီကလေးများဟာ ပူဇော်ခြင်းအတွက် သူတို့ရဲ့ ရင်ဘတ်များကို လှီးဖြတ်ခံထားရကြောင်း တွေ့ရှိခဲ့ရပါတယ်။
အချို့ ကလေးတွေဆိုရင် သူတို့ရဲ့ နှလုံးသားတွေကို ဖယ်ရှားခံထားခဲ့ရပြီး သုတေသီများဟာ အဲဒီနောက်မှာလည်း အသဝာ်ခံရတဲ့ ကလေးငယ် အယောက် ၂၀၀ ရဲ့ ရုပ်ကြွင်းများကို တွေ့ရှိခဲ့ကြပါသေးတယ်။
ထိုအချိန်က ထိုနေရာဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး ကလေးသင်္ချိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာလည်း မနေ့ကမှ ပီရူးနိုင်ငံ၊ Huanchaco အနီးမှာ ဆက်လက်တူးဖော်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယဇ်ပူဇော်ခံထားရတဲ့ ကလေးငယ် ရုပ်အလောင်း ၇၆ ခုကို တွေ့ရှိခဲ့ပါတယ်။
ဒီတွေ့ရှိမှုကြောင့်လည်း ပီရူးနိုင်ငံမှာ ကလေးပူဇော်ခံရသူ ထောင်ပေါင်းများစွာ ကျော်လွန်လာခဲ့ပြီး အကြွင်းအကျန်တွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
နောက်ထပ်တွေ့ရှိဖို့လည်း ရာခိုင်နှုန်းပြည့်ရှိတယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။
အခုတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်း ၇၆ ခု စလုံးမှာ ရင်သားကို ခွဲဖြတ်ခံထားရပြီး နံရိုးလှောင်အိမ်အားဖွင့်ပြီးနောက် နှလုံးကို ထုတ်ယူခံထားရတယ်လို့ အတည်ပြုခဲ့ကြပါတယ်။
ဒါဟာ အထက်မှာ ဖော်ပြခဲ့တဲ့ ယဇ်ပူဇော်မှုတွေရဲ့ အဆက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
Knight News Team
Knight News © 2022
Crd
Crd