“ကလေးတစ်ယောက်မွေးတိုင်း မြို့ပြင်မှာ မြေတစ်ကွက် ဝယ်ပါ” ဆိုတဲ့ ဂျူးတွေရဲ့ အဆိုအမိန့်

ဂျူးလူမျိုးတွေက ပညာတတ်တွေများပြီး ငွေကြေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်ကြတာများသလို ကြွယ်ဝချမ်းသာသူတွေလည်း များပါတယ်.. ဂျူးလူမျိုးတွေက ကမ္ဘာ့မှာ သိန်း ၁၅၀ လောက်ပဲ ရှိပေ့မဲ့ နိုဗယ်ဆုရှင်ရဲ့ ၄၀% က ဂျူးလူမျိုးတွေ ဖြစ်နေတာ တွေ့ရပါတယ်..

Albert Einstein အိုင်းစတိုင်လို သိပ္ပံပညာရှင်ကလည်း ဂျူးလူမျိုးဖြစ်ပြီ မြန်မာတွေ အသုံးအလွန်များတဲ့ Facebook တည်ထောင်သူ Mark Elliot Zuckerberg ကလည်း ဂျူးလူမျိုးပါ.. Google တည်ထောင်သူ Lawrence Edward Page ကလည်း ဂျူးပါပဲ..

အမေရိကား အနုပညာလောကမှာ ဒုတိယအချမ်းသာဆုံး နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ အကယ်ဒမီများစွာ ဆုရှင် Steven Spielberg ကလည်း ဂျူးဖြစ်နေပါတယ်.. ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ပန်းချီကားများစွာကို ရေးဆွဲခဲ့သူ Pablo Picasso ကလည်း ဂျူးဆိုတော့ ဂျူးလူမျိုးတွေက အောင်မြင်တဲ့ ပညာတတ် ပညာရှင်တွေကို မွေးဖွားပေးနိင်တဲ့ လျှို့ဝှက်ချက်ကတော့ ရှိမှာ သေချာပါတယ်..

ဂျူးတွေရဲ့ အဆိုအမိန့်ထဲက တစ်ခုက “ကလေးတစ်ယောက်မွေးတိုင်း မြို့ပြင်မှာ မြေတစ်ကွက် ဝယ်ပါ” ဆိုတဲ့ ရေရှည် ရင်းနှီးမြှုပ်နှံမူကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်..

ကလေးတစ်ယောက်က ကြီးပြင်းအရွယ်ရောက်ဖို့က အနှစ် ၂၀ ကြာပါတယ်.. မြို့ပြင်က မြေကွက်က မဖွံဖြိုးခင်း မစည်ကားခင်းမှာ စျေးနှုန်းသက်သာပေ့မဲ့ နှစ် ၂၀ အကြာမှာ မြို့ပြဖွံဖြိုးမူ စည်ကားလာမူနဲ့အတူ တန်ဖိုးများစွာ မြင့်တက်လာကြတာ နိုင်ငံတိုင်းမှာပါ..

သားသမီးတွေကိုလည်း အမွေပေးလို့ရသလို မိမိရဲ့ အလုပ်နားချိန်မှာ သက်တောင့်သက်သာ သုံးစွဲနိုင်ဖို့ စုဆောင်းရာလည်း ရောက်ပါတယ်.. အနှစ် ၂၀ ရင်းနှီးမြုပ်နှံမှု ဖြစ်တော့ စနစ်တကျ ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာ ဖြစ်အောင်လုပ်နိုင်တဲ့ မြေကိုပဲ ဝယ်ယူ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်..

မိမိအမည်ပေါက် ဂရန်ထုတ်ထားတာတို့ စနစ်တကျ အတားအဆီးအကာအကွယ် လုပ်ထားဖို့ကတော့ မြန်မာပြည်မှာ အထူးလိုအပ်ပါတယ်.. ကျူးကျော်ပြသာနာကလည်း တရားဥပဒေစိုးမိုးမူ အားနည်းမူနဲ့အတူ နေရာတကာမှာ ဖြစ်ပေါ်နေတဲ့အတွက် ဂရုစိုက်ဖို့ လိုအပ်ပါတယ်.. (T.A.C)

Crd