ကလေးငယ်ရဲ့ဓာတ်ပုံအနောက်မှာ ထိတ်လန့်ဖွယ်ပါရှိလာခဲ့တဲ့ ဆာမူရိုင်းခြေထောက်တစ်စုံ

News

ဂျပန်နိုင်ငံ၊ Kanagawa စီရင်စုက Zushi မြို့ရှိကမ်းခြေတစ်ခုမှာ မိန်ကလေးငယ်နဲ့ ဖခင်ဖြစ်သူက အားလပ်ရက်အနားယူနေစဉ် သွားလည်ခဲ့ပြီး သမီးဖြစ်သူရဲ့ဓာတ်ပုံကိုရိုက်ပြီး တင်လိုက်တဲ့အခါမှာ ထိုဓာတ်ပုံဟာ အင်တာနက်အသုံးပြုသူများစွာကို ရှုပ်ထွေးစေခဲ့ပါတယ် ။ ဖခင်ဖြစ်သူက Samsung ဂလက်ဆီစမတ်ဖုန်းကို အသုံးပြုပြီး သူ့ကလေးရဲ့ ဓာတ်ပုံကို ရိုက်ယူခဲ့ပါတယ် ။ သူဖမ်းမိတဲ့ရိုက်ချက်များကို ပြန်စစ်ကြည့်တဲ့အခါမှာ ဖခင်က သူ့သမီးရဲ့အနောက်ဘက်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဘွတ်ဖိနပ်လိုအမဲရောင်ပုံစံကို တွေ့ခဲ့ပါတယ် ။

အနီးအနားရှိတောင်တန်းတွေ ဝှက်ထားတဲ့ ဆာမူရိုင်းသင်္ချိုင်းဂူများအနီးမှာ ရိုက်ယူခဲ့တာကြောင့် ဖခင်ဖြစ်သူက သူ့သမီးရဲ့ဓာတ်ပုံကိုဖရိုဖရဲဖြစ်စေတာလို့ ဖခင်ဖြစ်သူက ယုံကြည်ထားပါတယ် ။ သူက သမီးလေးရဲ့ရုပ်ပုံများကို ဖမ်းယူတဲ့အခါမှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်းပြောဆိုခဲ့ပါတယ် ။ ထိုပုံကို ဆိုရှယ်မီဒီယာပေါ်တင်ပြလိုက်တဲ့အခါမှာ Netizen အတော်များများက မိန်းကလေးနောက်ဘက်မှာ အမဲရောင်ဘွတ်ဖိနပ်ကို သတိပြုမိခဲ့ပြီး တစ်စုံတစ်ဦးက ကလေးမရဲ့အနောက်မှာ ရပ်နေတာလားဆိုပြီး မှတ်ချက်ခဲ့ပါတယ် ။ အခြားတစ်ဦးက ထိုအရာဟာ ရှေးခေတ်က ဆာမူရိုင်းသရဲတွေဘဲဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ် ။

Bushu လို့လည်းလူသိများတဲ့ ဆာမူရိုင်းတွေဟာ အလယ်ခေတ်မတိုင်မီက ဂျပန်တို့ရဲ့ စစ်သည်များဖြစ်ကြပါတယ် ။ ရှေးခေတ်ကလူသိများတဲ့ ဂျပန်လူမျိုးလို့သတ်မှတ်ခံထားရတဲ့ ဆာမူရိုင်းတွေက Edo ခေတ်အတွင်းမှာ လူမှုအဆင့်အတန်းအမြင့် ဆုံးပုဂ္ဂိုလ်များ ဖြစ်လာခဲ့ပါတယ် ။ သူတို့ဟာ Bushido ကျင့်ဝတ်စည်းကမ်း (သို့) စစ်သည်ရဲ့လမ်းစဉ်အတိုင်းနေထိုင်ကြပါတယ် ။

JRose (KB Chimmy One)

Reference : rachfeed

Leave a Reply