■ကမ္ဘာ့အကြီးဆုံးမီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည့် Lake toba(တိုဘာရေကန်ကြီး)

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ကမ္ဘာ့အကြီးဆုံးမီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည့် Lake toba(တိုဘာရေကန်ကြီး)

ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၇၄၀၀၀တုန်းကဖြစ်ခဲ့တာဖြစ်ပြီးကမ္ဘာ့အကြီးဆုံးမီးတောင်ပေါက်ကွဲမှုတွေထဲကတစ်ခုပါ။ဒီပေါက်ကွဲမှုကြောင့်ကမ္ဘာတစ်ဝှမ်းလုံးမှာဆောင်းရာသီကနှစ်ပေါင်းများစွာကြာခဲ့ပါတယ်။

မီးတောင်ဓာတ်ငွေ့တွေကလေထုထဲကိုရောက်သွားပြီးတစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားတာပါ။ဒီပေါက်ကွဲမှုကြောင့်စတုရန်းမိုင်ပေါင်း၄၃၆မိုက်လောက်ရှိတဲ့နာမည်ကြီးတိုဘာရေကန်ကြီးလည်းဖြစ်လာပါသေးတယ်။ဒီမီးတောင်ကအခုချိန်ထိအန္တရာယ်ရှိနေသေးပြီးအရင်လိုပေါက်ကွဲမှုသာထပ်ဖြစ်လာမယ်ဆိုရင်အင်ဒိုနီးရှားရောမလေးရှားနိုင်ငံရောကဒီဒဏ်တွေကိုတိုက်ရိုက်ခံကြရမှာပါ။

ဒါပေမယ့်ဒီကနေထွက်လာမယ့်ဓာတ်ငွေ့တွေကတော့တစ်ကမ္ဘာလုံးရဲ့ရာသီဥတုအပြောင်းအလဲတွေမှာသက်ရောက်မှုရှိနိုင်ပါတယ်။အရင်တစ်ခေါက်ဖြစ်ခဲ့တုန်းကလိုအပူချိန်တွေနည်းလာမယ်၊ရေခဲတွေနှင်းတွေများလာမယ်၊ဩစတေးလျအနောက်မြောက်ပိုင်းဒေသတွေနဲ့အာဖရိကအရှေ့ပိုင်းဒေသတွေမှာဆူနာမီကြုံတွေ့ရမယ့်အလားအလာတွေတွေ့လာရမယ်၊ကမ္ဘာ့စီးပွါးရေးလည်းထိခိုက်လာနိုင်ပြီးတော့ခရီးသွားလုပ်ငန်းတွေလည်းရပ်တန့်သွားနိုင်ပါတယ်။

ကမ္ဘာကြီးလည်းတော်တော်ရုန်းကန်လိုက်ရမှာပါ။တကယ်လို့ဒီလိုမီးတောင်ပေါက်ကွဲမှုသာထပ်ဖြစ်လာမယ်ဆိုရင်တစ်ခုတည်းသောအဖြေကတော့အဲ့ဒီနေရာကနေစွန့်ပြေးဖို့ပါပဲ။
ref:youtube
trans:thegeektext

zawgyi






ref:youtube
trans:thegeektext