ကမ္ဘာ့အကောင်းဆုံး နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ

Militarily News

UNICODE

ကမ္ဘာ့အကောင်းဆုံး နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ

ယနေ့တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာပေါ်ရှိနိုင်ငံ တိုင်းသည် နိုင်ငံရေး စီးပွားရေးနဲ့စစ်ရေးကဏ္ဍရပ် စတဲ့ နယ်ပယ်အသီးသီးမှာ ၎င်းတို့ အကျိုးစီးပွားအတွက် ဘက်ပေါင်းစုံက ခေတ်မီတိုးတက်အောင်လုပ်ဆောင်နေ တာတွေ့ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ၎င်းကဏ္ဍရပ် တွေအနက် နိုင်ငံရေးနဲ့ စီးပွားရေးမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ဆက်ဆံရေးကောင်းမွန်မှုတစ်ရပ် တိုးတက်ပြောင်းလဲလာနိုင်ပေမဲ့ စစ်ရေးကဏ္ဍရပ်မှာ နိုင်ငံတကာနဲ့ဆက်ဆံရေးကောင်းမွန် မှုသာမက နိုင်ငံရဲ့ ပင်ကိုလုပ်ဆောင်နိုင်စွမ်းနဲ့ ကောင်းမွန်တဲ့ရည်မှန်းချက် တွေချမှတ်ဖော်ဆောင်နိုင်မှသာ ခေတ်မီတပ်မတော်တည်ဆောက် လာနိုင်မှာဖြစ်ပါတယ်။

အထူးသဖြင့် ခေတ်မီတဲ့နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေပိုင်ဆိုင်ထားခြင်းဟာ ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုနိုင် မှာဖြစ်ပါတယ်။

ဒါပေမဲ့ ၎င်းလက်နက်စနစ်တွေထဲက စွမ်းဆောင် ရည်မြင့်ရေငုပ်သင်္ဘောတွေဟာလဲ နိုင်ငံတကာရေတပ်တွေအတွက် လွန်စွာအားကိုးအားထားပြုရာလက်နက်စနစ်လို့ဆိုရမှာဖြစ် ပါတယ်။

အဲဒီရေငုပ်သင်္ဘောတွေမှာ ရန်သူရေငုပ်သင်္ဘော တွေကို ရှာဖွေထောက်လှမ်းနိုင်တဲ့ကောင်းမွန်တဲ့ ဆိုနာစနစ်ပါရှိရမှာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရေငုပ် သင်္ဘောတွေဟာ ရန်သူ့ရေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ မသိအောင် အနားကိုချဉ်းကပ်တဲ့နေရာမှာ အလွန်အရေးပါပါ တယ်။

နောက်ဆုံးပေါ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေအနက် တချို့မှာ သင်္ဘောတွေနဲ့မြေပြင်ပစ်မှတ်တွေကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နိုင်ပါတယ်။

ဒါပေမဲ့ ယခုဆောင်းပါးမှာ ပစ်စွမ်းအား၊ တိုက်စွမ်းအားနဲ့ အခြားစွမ်းဆောင်ရည်တွေအပေါ် အခြေခံပြီး နျူကလီးယားစွမ်းအင်သုံးကမ္ဘာ့အကောင်းဆုံးရေငုပ် သင်္ဘောအချို့ကို ထုတ်နုတ်ရွေးချယ်ဖော်ပြပေးမှာဖြစ်ပါတယ်။

Seawof အတန်းအစားကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော

Seawolf အတန်းအစားရေငုပ်သင်္ဘောတွေဟာ ခေတ်အမီ ဆုံးဖြစ်ရုံသာမက ကမ္ဘာပေါ်ရှိ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ အနက် ဈေးအကြီးဆုံးလဲဖြစ်ပါတယ်။
၎င်းရေငုပ်သင်္ဘောတွေကို ဆိုဗီယက်ထုတ် Typhoon အတန်းအစား နောက်ဆုံးပေါ်ပဲ့ထိန်း ဒုံးကျည်တင်ရေငုပ်သင်္ဘောနဲ့ Akula အတန်းအစားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကိုရှာဖွေတိုက်ခိုက်ဖို့ ရည်ရွယ်ထုတ်လုပ်ထား ခြင်းဖြစ်ပါတယ်။

အစပိုင်းမှာ ၎င်းရေငုပ်သင်္ဘော ၁၂ စင်းထုတ် လုပ်ဖို့စီစဉ်ထားပေမဲ့ ၎င်းရေငုပ်သင်္ဘော ၁၂ စင်းအတွက် တန်ဖိုး ပမာဏဟာ စစ်အေးတိုက်ပွဲလွန်ခေတ်အသုံးစရိတ်ထူထောင်ခဲ့ အမေရိကန်နိုင်ငံအတွက် ကုန်ကျစရိတ်ကြီးမားနေတာကြောင့် ၎င်း ရေငုပ်သင်္ဘောထုတ်လုပ်မှုကို ၃ စင်းနဲ့ သာရပ်တန့်ခဲ့ပါတယ်။

လက်ရှိမှာ ၎င်းရေငုပ်သင်္ဘောတွေကို တပ်တော်သွင်းအသုံး ပြုလျက်ရှိပြီး နောက်ပိုင်းမှာ ကုန်ကျစရိတ်ပိုမိုသက်သာတဲ့ Virginia အတန်းအစားတိုက်ခိုက်ရေးရေငုပ်သင်္ဘောကို ဒီဇိုင်းပြောင်း လဲထုတ်လုပ်လာခဲ့ပါတယ်။

၎င်းရေငုပ်သင်္ဘောတွေကို အမေရိကန် $&c 3.0 General Dynamics Electric Boat weo’s တည်ဆောက်ရေးကုမ္ပဏီက ၁၉၈၉ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်းမှာ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ စတင်တပ်တော်သွင်းခဲ့ပါတယ်။

၎င်းရေငုပ်သင်္ဘောတစ်စင်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးတန်ဖိုးရှိပါတယ်။

၎င်းရေငုပ် သင်္ဘောဟာ ရေပြင်ပေါ်မှာ အလေးချိန် ၈၆ဝဝ တန်တင်ဆောင် နိုင်ပြီး ရေအောက်ငုပ်လျှိုးချိန်မှာ အလေးချိန် ၉၁၃၈ တန်တင် ဆောင်နိုင်ပါတယ်။

၎င်းရေငုပ်သင်္ဘောဟာ အလျား ၃၅၃ ပေ၊ အနံ ပေ ၄ဝ ရှိပြီး အမြန်နှုန်းတစ်နာရီ ရေမိုင် ၃၅ မိုင်အထိရောက်ရှိမောင်းနှင် နိုင်တဲ့အပြင် ရေအောက်အနက် ၁၆ဝဝ ပေအထိ ငုပ်လျှိုးနိုင်ပါ တယ်။

၎င်းရေငုပ်သင်္ဘောမှာ အရာရှိ ၁၇ ဦးအပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀ ဦးအထိ လိုက်ပါစီးနင်းနိုင်ပါတယ်။

ဒါ့အပြင် အဲဒီရေငုပ်သင်္ဘောမှာ ၆၆ဝ မီလီမီတာတော်ပီဒိုပြွန် ၈ ခုပါရှိပြီး Tomahawk မြေပြင်တိုက်ခိုက်ရေးဒုံးကျည်၊ Harpoon သင်္ဘော ဖျက်ဒုံးကျည်နဲ့ Mk 48 ပဲ့ထိန်းတော်ပီဒို စုစုပေါင်းအစင်း ၅၁ အထိ သယ်ဆောင်နိုင်ပါတယ်။

Virginia အတန်းအစားနျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော

အမေရိကန်ရေတပ်ရဲ့ Virginia အတန်းအစားနျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောတွေဟာ Los Angeles အတန်းအစား ရေငုပ်သင်္ဘောတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

၎င်းရေငုပ် သင်္ဘောဟာ Seawolf အတန်းအစားရေငုပ်သင်္ဘောတွေထက်ပိုမို သေးငယ်ပြီး ဈေးနှုန်းသက်သာစွာနဲ့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား ခြင်းဖြစ်ပါတယ်။

အဲဒီရေငုပ်သင်္ဘောတွေကို အစင်းရေ ၃၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး လက်ရှိမှာ ၁၉ စင်းထုတ်လုပ်ပြီးဖြစ် ပါတယ်။

ရေငုပ်သင်္ဘောတစ်စင်းရဲ့ ကုန်ကျစရိတ်က ၃ ဒသမ ၄ ဘီလီယံနီးပါးရှိပါတယ်။

ဒီရေငုပ်သင်္ဘောတွေမှာ ဒေါင်လိုက် ပစ်လွှတ်ရေးပြွန် ၁၂ ခုတပ်ဆင်ထားပြီး ၎င်းပစ်လွှတ်ရေးပြွန်တွေမှာ အကွာအဝေး ၁၇ဝဝ ကီလိုမီတာအထိ ရောက်ရှိပစ်ခတ် နိုင်တဲ့ Tomahawk မြေပြင်ပစ်တိုက်ခိုက်ရေးခရုဇ်ဒုံးကျည်တွေ အသုံးပြုပစ်ခတ်နိုင်ပါတယ်။

ဒါ့အပြင် ၎င်းရေငုပ်သင်္ဘောမှာ ၅၃၃ မီလီမီတာ တော်ပီဒို ပြွန် ၄ ခုတပ်ဆင်ထားပြီး ၎င်းပြွန်တွေကတစ်ဆင့် Mk.48 အကြီး စားတော်ပီဒိုတွေနဲ့ Sub-Harpoon သင်္ဘောဖျက်ဒုံးကျည်တွေ စုစုပေါင်း ၂၆ စင်းအထိ ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။

၎င်း ရေငုပ်သင်္ဘောတွေကို အထူးစစ်ဆင်ရေးတွေအတွက်သာ အသုံးပြုလေ့ရှိပါတယ်။

ဒီရေငုပ်သင်္ဘောမှာ အရာရှိ ၁၅ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၃၅ ဦးလိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီကို ရေမိုင် ၂၅ မိုင်ကျော်အထိ ရောက်ရှိမောင်း နှင်နိုင်ပါတယ်။ ။

Astute အတန်းအစားကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော

ဗြိတိန်တော်ဝင်ရေတပ်ဟာ ပထမဆုံး Astute အတန်းအစားနျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ၂၀၁၀ ပြည့်နှစ်မှာ တပ်တော်သွင်း အသုံးပြုခဲ့ပါတယ်။

ဗြိတိန်တော်ဝင်ရေတပ်အနေနဲ့ လက်ရှိ အချိန်မှာ ၎င်းရေငုပ်သင်္ဘော ၇ စင်းတည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး လက်ရှိအချိန်မှာ ၄ စင်းတည်ဆောက်ခဲ့ပြီးဖြစ်ကာ သက်တမ်းရင့် Swiftsure အတန်းအစားတိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေနေရာ မှာ အစားထိုးသွားမှာဖြစ်ပါတယ်။

၎င်းရေငုပ်သင်္ဘောတွေဟာ ကိုယ်ပျောက်လှုပ်ရှားစစ်ကစားနိုင်စွမ်းမြင့်မားပြီး လက်နက်အများအပြားကို တင်ဆောင်နိုင်စွမ်းရှိပါတယ်။

ဒီရေငုပ်သင်္ဘောတစ်စင်းရဲ့ ကုန်ကျစရိတ်က စတာလင်ပေါင် ၁ ဒသမ ၆၅ ဘီလီယံတန်ဖိုးရှိ ပါတယ်။

၎င်းရေငုပ်သင်္ဘောဟာ အရှည် ၉၇ ပေ၊ အကျယ် ၃၇ ပေရှိပြီး ရေအောက်အနက် ၉၈၄ ပေအထိ ငုပ်လျှိုနိုင်ပါတယ်။

အဲဒီရေငုပ်သင်္ဘောမှာ တပ်ဖွဲ့ဝင် ၉၈ ဦးအထိ လိုက်ပါ စီးနင်းနိုင်ပြီး အမြန်နှုန်းတင်ရီ ရေမိုင် ၃၀ နဲ့ ရောက်ရှိမောင်းနှင် နိုင်ပါတယ်။

၎င်းရေငုပ်သင်္ဘောတွေမှာ ၅၃၃ မီလီမီတာတော်ပီဒို ပြွန် ၆ ခုတပ်ဆင်ထားပြီး ၎င်းပြွန်တွေက Spearfish တော်ပီဒိုတွေ၊ Sub-Harpoon သ င်္ဘောဖျက်ဒုံးကျည်တွေနဲ့ Tomahawk ခရုဇ်ဒုံး ကျည်တွေကို ပစ်လွှတ်နိုင်ပါတယ်။

ဒါ့အပြင် ၎င်းရေငုပ်သင်္ဘော Astute မှာ အကွာအဝေး ၇ဝဝ ကီလိုမီတာအထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ Tomahawk Block IV မြေပြင်ပစ်ခရုဇ်ဒုံးကျည်တွေပါရှိကာ ၎င်း ဒုံးကျည်တွေဟာ ရန်သူ့ သင်္ဘောတွေနဲ့ မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။

Yasen အတန်းအစားနျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော

အနောက်နိုင်ငံတွေက Graney အတန်းအစားရေငုပ်သင်္ဘော ဆိုပြီး သတ်မှတ်ထားတဲ့ Project 885 Yasen ရေငုပ်သင်္ဘော | ဟာ ရုရှားနိုင်ငံရဲ့ နောက်ဆုံးနျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောဖြစ်ပါတယ်။

အဲဒီရေငုပ်သင်္ဘောကို ၁၉၉၃ ခုနှစ် မှာရေချခဲ့ပေမဲ့ တည်ဆောက်မှုကို အသုံးစရိတ်အခက်အခဲကြောင့် ရပ်တန့်ခဲ့ပါတယ်။

၎င်းနောက် ဒီရေငုပ်သင်္ဘောကို ရုရှားရေတပ်မှာ ၂၀၁၃ ခုနှစ်မှသာ တပ်တော်သွင်းနိုင်ခဲ့ပါတယ်။

၎င်းရေငုပ်သင်္ဘောအနည်းဆုံး ၆ စင်းကို တပ်တော်သွင်းအသုံးပြုနိုင်ဖို့ စီစဉ် ထားပြီး လက်ရှိ အချိန်မှာ ၃ စင်းတည်ဆောက်ပြီးဖြစ်ကာ သက်တမ်းရင့် Akula အတန်းအစားရေငုပ်သင်္ဘောတွေနေရာမှာ အစားထိုးအသုံးပြုသွားမှာဖြစ်ပါတယ်။

၎င်းရေငုပ်သင်္ဘောတစ် စင်းရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၈ဝဝ တန်ဖိုး ရှိပါတယ်။

၎င်းရေငုပ်သင်္ဘောမှာ ရုဇ်ဒုံးကျည်အမျိုးမျိုးပစ်ခတ်နိုင်တဲ့ ထောင်လိုက်ပစ်ဒုံးပစ်ပြွန် ၂၄ ခုပါရှိပြီး အကွာအဝေး ၃ဝဝ ကီလို မီတာအထိရောက်ရှိပစ်ခတ်နိုင်တဲ့ P-800 Oniks ခရုဇ်ဒုံးကျည်တွေ လဲပါရှိပါတယ်။

ဒါ့အပြင် ၎င်းမှာ တော်ပီဒိုတွေနဲ့ သင်္ဘောဖျက်ဒုံး ကျည်တွေထည့်သွင်းပစ်ခတ်နိုင်တဲ့ ၆၅ဝ မီလီမီတာတော်ပီဒိုပြွန် ၈ ခုပါရှိပါတယ်။

၎င်းရေငုပ်သင်္ဘောဟာ အရှည် ၄၃ဝ ပေ၊ အကျယ် ၄၃ ပေရှိပြီး ရေအောက်အနက် ၁၄၇၅ ပေအထိ ငုပ်လျှိုး နိုင်ကာ အမြန်နှုန်းတစ်နာရီကို ရေမိုင် ၂၈ မိုင်အထိ ရောက်ရှိမောင်း နှင်နိုင်ပါတယ်။

Sierra II အတန်းအစားကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော

ရုရှားနိုင်ငံဟာ ပထမဆုံး Sierra II အတန်းအစားရေငုပ် သင်္ဘောကို ၁၉၉ဝ ပြည့်နှစ်မှာတပ်တော်သွင်းခဲ့ပြီး ဒုတိယမြောက် ရေငုပ်သင်္ဘောကို ၁၉၉၃ ခုနှစ်မှာ တပ်တော်သွင်းခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ၎င်းရေငုပ်သင်္ဘော ၂ စင်းကိုသာ တပ်တော်သွင်းအသုံးပြုနိုင်ခဲ့ပါတယ်။
၎င်းရေငုပ်သင်္ဘောတွေကို ပေါ့ပါးပြီးခိုင်မာကျစ်လျစ်တဲ့ တိုက်တေနီယံကိုယ်ထည်တွေနဲ့ တည်ဆောက်ထားပါတယ်။
၎င်းရေငုပ်သင်္ဘောတွေ | ဟာ အရှည် ၃၅၁ ပေ၊ အကျယ် ၄၇ ပေအထိရှိပြီး ရေအောက်အနက် ၅၂၀ မီတာမှာ ငုပ်လျှိုးနိုင်စွမ်းရှိပါတယ်။

၎င်းရေငုပ် သင်္ဘောဟာ အမြန်နှုန်းတစ်နာရီကို ရေမိုင် ၃၂ မိုင်အထိ ရေအောက်ငုပ်လျှိုးမောင်းနှင်နိုင်ပါတယ်။

၎င်းရေငုပ်သင်္ဘောမှာ ၅၃၀ မီလီမီတာ တော်ပီဒိုပြွန် ၄ ခု၊ SS-N-15 Starfish ရေငုပ်သင်္ဘော ဖျက်လက်နက်၊ SS-N-16 Stallion တော်ပီဒိုတွေနဲ့ မိုင်း ၄၂ လုံးကို ထည့်သွင်းတပ်ဆင်ထားပါတယ်။

ဒါကြောင့် ရေငုပ်သင်္ဘောတွေရဲ့ အဓိကရည်မှန်းချက်တာဝန် ဟာ ရန်သူ့ရေငုပ်သင်္ဘောတွေနဲ့အခြားသင်္ဘောတွေကို ရှာဖွေတိုက် ခိုက်ဖျက်ဆီးဖို့ဖြစ်တဲ့အပြင် ပင်လယ်ရေကြောင်းနယ်မြေစိုးမိုးရေး နဲ့လုံခြုံရေးအတွက် အဓိကအားကိုးအားထားရတဲ့လက်နက်စနစ် တစ်မျိုးပဲဖြစ်ပါတယ်။

သို့ဖြစ်၍ ကမ္ဘာ့အင်အားကြီးနဲ့ဒေသတွင်း အင်အားကြီးနိုင်ငံတွေအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေဟာလဲ ခေတ်မီရေငုပ်သင်္ဘောပိုင်ဆိုင်ရေးကို အပြိုင်အဆိုင်ကြိုးပမ်းအား ထုတ်လျက်ရှိတာတွေ့ရှိရပါတယ်။

တစ်နည်းအားဖြင့် ရေငုပ် သဘောတွေဟာ နိုင်ငံရေပြင်ပိုင်နက်နယ်မြေကာကွယ်ရာမှာ မရှိမဖြစ်အရေးပါတဲ့အပြင် ရန်သူသင်္ဘောတွေရဲ့ တိုက်ခိုက်မှုက ကြိုတင်ထောက်လှမ်းကာကွယ်ရာမှာလဲ အသုံးဝင်လှပါတယ်။

ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ၎င်းတို့ရဲ့ စစ်ဘက်တပ်ဖွဲ့တွေမှာ ရေငုပ်သင်္ဘောတွေဝယ်ယူတပ်ဆင်နိုင်ရေး၊ အဆင့်မြှင့်တင်နိုင် ရေးနဲ့ ပင်လယ်ရေကြောင်းပိုင်နက်နယ်မြေကို ကာကွယ်နိုင်ရေးတို့ အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနိုင်ကြောင်း ရေးသားလိုက်ရပါတယ်။

စာရေးသူ ဆရာ မောင်ဉာဏ် အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။

သုတကမ္ဘာဂျာနယ်မှ ကူးယူတင်ပြပါသည်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

Leave a Reply