ကမ္ဘာ့လူဦးရေအများဆုံးကို သေဆုံးစေခဲ့တဲ့ မြွေပွေးတစ်ကောင်

News Social News

ကမ္ဘာ့လူဦးရေအများဆုံးကို သေဆုံးစေခဲ့တဲ့ မြွေပွေးတစ်ကောင်အကြောင်း

အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်ဆိုတဲ့ စကားကို စာဖတ်သူတွေလည်း ကြားဖူးနားဝရှိကြမယ် ထင်ပါတယ်။

ဒီစကားက အခုဖော်ပြပေးသွားမယ့် မြွေပွေးတစ်ကောင်ကို ရည်ညွှန်းထားသလား အောက်မေ့ရလောက်အောင်ပဲ ဒီမြွေပွေးဟာ ကမ္ဘာ့လူသေအများဆုံး သတ္တဝါးဆိုးတစ်ကောင် ဖြစ်လို့နေပါတယ်။

အလွန်ပြင်းထန်တဲ့ အဆိပ်နဲ့ လူသန်မာကြီးတစ်ယောက်ကို တိကနဲ့ သေဆုံးသွားစေနိုင်စွမ်းရှိသော မြွေသေးသေးလေးတစ်ကောင်ဟာ အိန္ဒိယနိုင်ငံရဲ့ အန္တရာယ်အရှိဆုံး၊ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေဆိုးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းရှိ saw-scaled viper လို့ခေါ်တဲ့ မြွေပွေးများဟာ Echis carinatus carinatus မျိုးစိတ်ခွဲများမှ ပေါက်ရောက်လာကြပြီး အရှည် ၄၀ စင်တီမီတာခန့် အထိသာ ကြီးထွားကြပါတယ်။

Rajasthan မှာရှိတဲ့ အကောင်တွေဟာ Sochurek မြွေပွေး ( Echis carinatus sochureki )မျိုးစိတ်ဖြစ်ပြီး အဲဒီ့ထက် နှစ်ဆ ကြီးထွားပါတယ်။

ဒီလို saw-scaled လို့ ခေါ်ရတဲ့ အကြောင်းရင်းရှိပါတယ်။ သူတို့တွေဟာ ခြိမ်းခြောက်ခံရတဲ့အခါတွေမှာ သူတို့ရဲ့အရေပြားတွေကို သဲသောင်ပြင်မှာ ပွတ်တိုက်ပြီး ကြေးခွံတွေနဲ့ သဲပြင် ထိတွေ့ရာမှာ ထွက်ပေါ်လာတဲ့ လွှတိုက်သံကြောင့် အခုလိုမျိုး နာမည်တွင်နေတာ ဖြစ်ပါတယ်။

ဒီကြေးခွံတွေဟာလည်း သဲသောင်ပြင်လို ကြမ်းတမ်းတဲ့နေရာမျိုးမှာ အလွယ်တကူ ရွေ့လျားသွားလာစေဖို့ တီထွင်ထားသလိုပါပဲ။

Saw-scaled vipers လို့ ခေါ်တဲ့ မြွေအုပ်စုဟာ လက်ရှိမှာ မျိုးစိတ် ၁၂ မျိုး ရှိပါတယ်။ အိန္ဒိယမှာတော့ မျိုးစိတ်ခွဲနှစ်ခုဖြင့် မျိုးစိတ်တစ်ခု ရှိပါတယ်။

ဤမြွေအုပ်စုဟာ ကမ္ဘာပေါ်က မြွေကိုက်ခံရမှု အရေအတွက် အများဆုံးမှာ ပါဝင်တယ်လို့ မှတ်တမ်းတွေကဆိုထားကြပြီး အာဖရိကမှာတော့ သူတို့ကြောင့် သေဆုံးမှု အရေအတွက် အများဆုံး ဖြစ်စေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ အာဖရိကထက်စာရင် အသေအပျောက်များစွာမရှိသော်လည်း ဒီမြွေပြွေးတွေ အကိုက်ခံရခြင်းကြောင့် လူ့ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများပျက်စီးကာ ကောင်းမွန်စွာ ဆေးကုသမှုမခံယူပါက ခြေလက်များ ဖြတ်တောက်လိုက်ရတဲ့အထိ အကျိုးသက်ရောက်စေပါတယ်။

သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေထိုင်မှုပုံစံ၊ ရွေ့လျားခြင်းနဲ့ ပုန်းအောင်းလိုတဲ့ အသိစိတ်တို့က မြွေပြွေးတွေကို ကြောက်စရာ သားရဲတွေ ဖြစ်လာစေပါတယ်။ ။

မြွေပွေးများဟာ အရွက်တစ်ခုတည်းအောက်၊ သို့မဟုတ် သဲပြင်တို့အောက်မှာ တစ်ကိုယ်လုံး ပုန်းခိုနေနိုင်တာကြောင့် အထူးသဖြင့် ခြေဗလာလမ်းလျှောက်သူများအတွက်တော့ ခြေတစ်လှမ်းမှားတာနဲ့ အကိုက်ခံရနိုင်ချေ ရှိပါတယ်။

သူတို့ရဲ့ ကြီးမားတဲ့ မျက်လုံးများနဲ့ ရှည်လျား‌သေးသွယ်တဲ့ လျှာဟာညနေခင်းမှာ သူတို့ရဲ့သားကောင်တွေဖြစ်ကြတဲ့ ကြွက်ငယ်များ၊ အိမ်မြှောင်များ၊ဖားများ၊ကင်းမြီးကောက်များနဲ့ အင်းဆက်ပိုးမွှားများကဲ့သို့သော သားကောင်များကို ရှာဖွေဖို့နဲ့ အမဲလိုက်ဖို့ ကူညီပေးပါတယ်။

၎င်းတို့ရဲ့အဆိပ်က အဓိကအားဖြင့် haemotoxic နှင့် cytotoxic ဖြစ်ပြီး၊ ၎င်းဟာ သွေးခဲခြင်းမှ ကာကွယ်ပေးပြီး သိသိသာသာ ဆဲလ်များနှင့် တစ်သျှူးများကို ပျက်စီးစေပါတယ်။

အိန္ဒိယမှာ polyvalent antivenom လို့ ခေါ်တဲ့ မြွေမျိုးစုံ အဆိပ်ကိုနိုင်တဲ့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ပါတယ်။ ဒီဆေးဟာ ဤမြွေမျိုးစိတ်များရဲ့ အဆိပ်အတွက်တော့ လုပ်ဆောင်မှု အလွန်နည်းပါးပါတယ်။ သုတေသနပြုမှုများအရ ဤမြွေမျိုးစိတ်ရဲ့အဆိပ်ဟာ အခြားသောမျိုးစိတ်များရဲ့အဆိပ်နဲ့ သိသာထင်ရှားစွာ ကွဲပြားတယ်လို့ ဆိုပါတယ်။

အဆိပ်ကွဲခြင်းရဲ့ အကြောင်းရင်းတစ်ခုမှာ ဤမျိုးစိတ်များရဲ့ အပိုင်းအခြားတစ်လျှောက်နှင့် ၎င်းရဲ့သက်တမ်းတစ်လျှောက်ရှိ အစားအသောက်များတွင် ကွဲပြားမှုကြောင့် ဖြစ်နိုင်ပါတယ်။

တောင်အိန္ဒိယတွင် လွှစကေးရှိသော မြွေပွေးများဟာ အင်းဆက်များ၊ တွားသွားသတ္တဝါငယ်များနှင့် အခြားသော ကျောရိုးမဲ့များကို စားသုံးလေ့ရှိပါတယ်။

Maharashtra၊ Gujarat နှင့် Rajasthan တို့တွင် ကင်းမြီးကောက်များကိုပင် အစာကျွေးကြောင်း မှတ်တမ်းတင်ထားပါတယ်။ ကြွက်ငယ်လေးများနှင့် ကြွက်စုတ်များကို စားသုံးတဲ့ မြွေလို့လည်း လူသိများပါတယ်။

မြွေပွေးတွေဟာ အကောင်ငယ်စဥ်မှာ အင်းဆက်ငယ်များနဲ့ အခြားသော ကျောရိုးမဲ့ တိရစ္ဆာန်များကိုသာ စားနိုင်ကြပါတယ်။

ဒါပေမဲ့ သူတို့တွေဟာ အကောင်ပိုကြီးလာတာနဲ့အမျှ သူတို့ဟာ ကုန်းနေရေနေ နို့တိုက်သတ္တဝါများနဲ့ တွားသွားသတ္တဝါအချို့ကို သူတို့ရဲ့ သားကောင်စာရင်းမှာ ထည့်သွင်းနိုင်ဖွယ်ရှိပါတယ်။

ထို့ကြောင့် ကျောက်တုံးများအောက်၊ သစ်ပင်အခေါက်များ အနောက်၊ ခြုံပုတ်များအောက်နဲ့ သဲသောင်မြင်များအောက်မှာ ပုန်းအောင်နေနိုင်တဲ့ အရွယ်ရောက်ပြီးတဲ့ မြွေပွေးများရဲ့ အဆိပ်ဟာ အလွန့်အလွန်ကို အန္တရာယ်ပြင်းထန်နေနိုင်ပါတယ်။

ဒီမြွေတွေဟာ ကမ္ဘာ့လူဦးရေ အသေအများဆုံးနဲ့ ကမ္ဘာ့အဆိပ်အပြင်းထန်ဆုံး ဖြစ်နေရတယ်ဆိုတာကလည်း ဒီအချက်တွေကို ဖတ်ကြည့်ပြီးပြီဆိုရင်တော့ သိပ်ပြီးတော့ အံ့အားသင့်ဖွယ်ရာမရှိဘူးလို့ ကောက်ချက်ချမိပါလိမ့်မယ်။

Knight News Team

Crd