ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနဲ့ အတင့်တယ်ဆုံး မော်တော်ဆိုင်ကယ်ကြီးများ

News Social News

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနဲ့ အတင့်တယ်ဆုံး မော်တော်ဆိုင်ကယ်ကြီးများ

ဆိုင်ကယ်ချစ်သူတို့အတွက် အခုပြောပြပေးသွားမယ့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနဲ့ အတင့်တယ်ဆုံး ဆိုင်ကယ်ကြီးတွေကို မြင်တွေ့လိုက်မယ်ဆိုရင်တော့ သွားရည်တမြန်းမြန်းနဲ့ တခြားကမ္ဘာကို ရောက်ရှိသွားစေသလို ခံစားစေရမယ်လို့ အကြံပြုလိုက်ရပါတယ်။

(၇) Suzuki AEM Carbon Fiber Hayabusa

Hayabusa

ခန့်မှန်းချေ တန်ကြေးအားဖြင့် ဒေါ်လာနှစ်သိန်းလောက် သွားကျနိုင်ဖွယ်ရှိတဲ့ Suzuki ရဲ့ ၂၀၀၈ ခုနှစ်ထွက် AEM Carbon Fiber Hayabusa ဟာ တစ်နာရီကို ၁၈၈ မိုင်နှုန်းဖြင့် လွယ်ကူစွာ မောင်းနှင်နိုင်တာကြောင့် ကမ္ဘာ့အမြန်ဆုံး မော်တော်ဆိုင်ကယ် ဘွဲ့တံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

ကျွမ်းကျင်သူများကတော့ Hayabusa ရဲ့ အလုံးစုံသော စွမ်းဆောင်ရည်ကို ချီးကျူးထားကြပြီး ကိုင်တွယ်မှု၊ သက်တောင့်သက်သာရှိမှု၊ ယုံကြည်စိတ်ချရမှု၊ လောင်စာဆီချွေတာမှု သို့မဟုတ် စျေးနှုန်းကဲ့သို့သော အခြားအရည်အသွေးများဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ဖြစ်ကြောင်း ချီးကျူးထားကြပါတယ်။

(၆) Ducati Testa Stretta NCR Macchia Nera Concept

Ducati Testa Stretta NCR Macchia Nera Concept

တစ်ကမ္ဘာလုံးမှာမှ ၁၀ စီးကျော်သာရှိတဲ့ အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ Ducati Macchia Nera ဟာ တန်ကြေးအားဖြင့်ဆိုရင်တော့ ဒေါ်လာ ၂၂၅,၀၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။

သူ့မှာပါဝင်တဲ့ Macchia Nera (သို့) Block Spot က မောင်းနှင်နေစဉ် နောက်မှာ မီးတောက်နေတဲ့ ပြေးလမ်းတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

ဒီအချက်ကပဲ ဒီဆိုင်ကယ်ကို စွဲမက်ဖွယ်ကောင်းစေခဲ့ပြီး ၂၉၇ ပေါင်ဖြင့် ပေါ့ပါးလှသလို ဒီဇိုင်းပိုင်းကို ကြည့်လိုက်ရင်လည်း ခမ်းနားတင့်တယ်လှပနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

(၅) Dodge Tomahawk V10 Superbike

Dodge Tomahawk V10 Superbike ဟာ ဘီး ၄ ဘီးကို အသုံးပြုထားတာကြောင့် အမှန်တကယ်ပင် ထူးဆန်းတဲ့ ဆိုင်ကယ်ကြီးတစ်စီးဖြစ်ပြီး V10 four-stroke Dodge Viper အင်ဂျင်ကို အသုံးပြုထားတာကြောင့် စီးနင်းနေချိန်မှာ ဆွဲငင်ခံရတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။

Dodge Tomahawk V10 Superbike

မြင်းကောင်ရေ ၅၀၀ အားနဲ့ သီအိုရီအရ သီအိုရီအရတော့ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ မိုင် ၄၀၀ ဖြင့် ၂.၅ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ (၉၆.၅ ကီလိုမီတာ) သို့ ရောက်ရှိနိုင်တယ်လို့ သိရပေမဲ့ လက်တွေ့မှာတော့ ဒီအမြန်နှုန်းကို သက်သေပြဖို့ စိတ်ကူးယဉ်ရန်အတွက်ပင် ခဲယဥ်းလှပါတယ်။

(၄) BMS Nehmesis

ပေါ်ခါစမှာပဲ ထူးခြားတဲ့ဒီဇိုင်း၊ ရွှေသားအစစ် ကိုယ်ထည်တို့နဲ့ သွားရည်ကျစေခဲ့တဲ့ ဒေါ်လာ ၃ သန်းတန် BMS Nehmesis နှင့် ပတ်သက်ပြီး ပထမဆုံး သတိပြုမိရမည့်အချက်မှာ အဝါရောင်တောက်တောက်နှင့် ဘေးဘက်ရပ်တည်မှု မရှိခြင်းဖြစ်ပါတယ်။

BMS Nehmesis

ဝမ်းဗိုက်ပေါ်မှာ ပြားပြားဝပ်နေသော ဝေလငါးတစ်ကောင်ကဲ့သို့ ပုံစံမျိုးကို ဆိုင်ကယ်ချစ်သူတို့ကို အကြိုက်တွေ့စေခဲ့ပါတယ်။

Swingarm လို့ခေါ်တဲ့ နောက်ဆိုင်းထိန်းစနစ်နှင့်အတူ ဆိုင်ကယ်ကို 10 လက်မအထိ မြှောက်နိုင်သလို မြေပြင်ပေါ်သို့ နိမ့်ကျစေနိုင်တဲ့ လေကြောင်းစီးနင်းမှုစနစ်တစ်ခုလည်း ပါရှိပါတယ်။

အဝါရောင်တောက်တောက် ကိုယ်ထည်မှာ ၂၄ ကာရက် ရွှေသားက ဒေါ်လာ ၃ သန်းတန် စျေးနှုန်းကို အလွယ်တကူ ရှင်းပြထားပုံရပါတယ်။

(၃) Scotland ES1 Spirit

တစ်ကမ္ဘာလုံးမှာ ၁၀ စီးသာ ရှိတဲ့ ES1 ဟာ ဒေါ်လာ ၃.၆ သန်းတန် Swingarm နဲ့ အနောက်ဆိုင်းထိန်းစနစ်၊ ဂီယာအုံနှင့် အင်ဂျင်မှာ ရှေ့ဆိုင်းထိန်းစနစ်တို့ တွဲနေပါတယ်။

ES1 Spirit

အလေးချိန် ၂၆၅ ပေါင်ရှိသလို transverse inline-Four အင်ဂျင်ဟာလည်း မောင်းသူကို ပိုမိုကောင်းမွန်တဲ့ ergonomics နဲ့ ထိန်းချုပ်မှုတို့ကို စိတ်ချစေမှာပါ။

ထူးခြားတဲ့ ရှေ့နှင့်နောက် ကာဗွန်ဖိုက်ဘာ ဆိုင်းထိန်းစနစ်၊ သာလွန်ကောင်းမွန်တဲ့ ရှေ့တာယာအတွက် ရှေ့ဘီးဆုံမှာ လက်ကိုင်ဘားများ တပ်ဆင်ထားပါတယ်။

ဗြိတိသျှနဲ့ အမေရိကန် အင်ဂျင်နီယာနှစ်ဦးတို့ရဲ့ လက်ရာ ES1 Spirit ဟာ လက်တွေ့ဘဝအတွက် F1 ပြိုင်ကားကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိနေပါတယ်။

(၂) 1949 E90 AJS Porcupine

တစ်ကမ္ဘာလုံးမှာ ငါးစီးသာရှိတဲ့ ဒေါ်လာ ၇ သန်းတန် ဒီဆိုင်ကယ်ဟာ ကြွယ်ဝတဲ့ သမိုင်းကြောင်းနဲ့ အောင်မြင်လှတဲ့ ပြိုင်ကွင်းအမွေအနှစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဆိုင်ကယ်တစ်စီးပါ။

1949 E90 AJS

အဖွင့်ဘောင်၊ အလူမီနီယမ်အလွိုင်း၊ 500cc အလျားလိုက် ဆလင်ဒါများနဲ့ DOHC နှစ်လုံးပါသော အင်ဂျင်ဟာ Porcupine ကို ဆွဲငင်အားနည်းပါးစေသလို ကိုယ်ထည်ကလည်း “Jam-pot” shocks နဲ့ Teledraulic လို ပြိုင်ကားခရင်းများကို အသုံးပြုထားပါတယ်။

(၁) Neiman Marcus Limited Edition Fighter

Neiman Marcus Limited Edition Fighter ဟာ ထိပ်တန်းဆိုင်ကယ်ကြီးတွေမှာ တန်ကြေး ၁၁ သန်းနဲ့တင် အခြားဆိုင်ကယ်တွေအားလုံးကို အသာရထားပါတယ်။

Neiman Marcus Limited Edition Fighter

ထူးခြားသော နာရီဒီဇိုင်း၊ သတ္တုအပိုင်းအစတစ်ခုဖြင့် ထွင်းထုထားတဲဘ စက်ဘီးရဲ့ စွဲမက်ဖွယ် ကိုယ်ထည်ဟာ ဝါသနာရှင်များကြား အပြင်းအထန် စိတ်ဝင်စားစေခဲ့ကြောင်း သက်သေပြခဲ့ပါတယ်။

လက်ရှိစျေးကွက်မှ ၄၅ စီးသာ ဖြန့်ချီထားခဲ့တဲ့ ဒေါ်လာ ၁၁ သန်းတန်ဟာ သူ့ရဲ့ အသွင်အပြင်နဲ့တင်ကို ပျော်မွေ့ဖွယ်ဖြစ်သလို လမ်းသရဲတွေအတွက်လည်း လမ်းပေါ်မှာ မိုင် ၁၉၀ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။

120ci 45-degree air-cooled V-Twin အင်ဂျင် ပါဝါနဲ့အတူ တိုက်တေနီယမ်၊ အလူမီနီယမ်နဲ့ ကာဗွန်ဖိုက်ဘာ ကိုယ်ထည် အစိတ်အပိုင်းများက ခမ်းနားစေခဲ့ပါတယ်။

Knight News Team

Crd