ကမ္ဘာပေါ်မှာ အမြင့်ဆုံး အမြင့်ပေတွေကို ပျံသန်းနိုင်ကြတဲ့ ငှက်များ

ကမ္ဘာပေါ်မှာ အမြင့်ဆုံး အမြင့်ပေတွေကို ပျံသန်းနိုင်ကြတဲ့ ငှက်များ

အကယ်၍ သင်ဟာ ငှက်တစ်ကောင်က ဘယ်လောက်ထိ အမြင့်မားဆုံး ပျံသန်းနိုင်မလဲဆိုတာကို စဥ်းစားကြည့်ဖူးတယ်ဆိုရင်တော့ ဒီစာလေးဟာ အသုံးဝင်မယ်လို့ ယုံကြည်မိပါတယ်။

ခေတ်မီနည်းပညာတွေဟာ ငှက်တွေရဲ့ မြင့်မားတဲ့ ပျံသန်းပုံနဲ့ သူတို့ရဲ့ ရွှေ့ပြောင်းနေထိုင်မှုပုံစံတို့အကြောင်း အသေးစိတ် အချက်အလက်များကို ခြေရာခံဖို့ ကူညီပေးနေနိုင်ပါပြီ။

ငှက်ဆိုတဲ့ သတ္တဝါမျိုးကလည်း ပျံသန်းစဉ်အတွင်းမှာပဲ အိပ်နိုင်၊ စားနိုင်ပြီး မိတ်ဖွဲ့နိုင်ပါတယ်။

ဒီထက်ပိုပြီး လူသားတို့ကို အံ့အားအသင့်စေဆုံးအရာက သူတို့ရဲ့ မထင်မှတ်ထားတဲ့ အမြင့်ပေတွေက ပျံသန်းမှုတွေပါပဲ။

ဒါကြောင့် ကမ္ဘာပေါ်မှာ အမြင့်ဆုံး ပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်တွေအကြောင်းကို ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးသွားချင်ပါတယ်။

၇။ Mallard (တောရိုင်းဘဲ)

ဥရောပနဲ့ မြောက်အမေရိကတို့မှာသာ နေထိုက်ကြတဲ့ မောလဒ် (Mallard) ရွှေ့ပြောင်းနေထိုင်နိုင်တဲ့ တောရိုင်းဘဲ မျိုးနွယ်ဝင်ပါ။

မောလဒ်က သူတို့ရဲ့ ရင်သပ်ရှုမောဖွယ် အဝါရောင်၊ ငွေစက္ကူရောင် တောင်ပံတို့နဲ့ စိမ်းပြာရောင်ဆန်တဲ့ ဦးခေါင်းတို့ကို ပိုင်ဆိုင်ထားကြပါတယ်။

မျိုးစိတ်တွေဟာ သိုးအုပ်စုနဲ့ အခြား ဘဲမျိုးစိတ်တွေနဲ့ ရောနှောနေထိုင်ကြပြီး ဆောင်းရာသီ မ၀င်မီမှာတော့ အပူချိန်ပိုမိုပျော့ပြောင်းရန်အတွက် တောင်ဘက်သို့ ပြောင်းရွှေ့ ပျံသန်းကြပါတယ်။

သူတို့ဟာ အမြင့်ပေ ၁,၀၀၀ မှ ၄,၀၀၀ အကြား ပုံမှန် ပျံသန်းကြပေမဲ့ ပေ ၂၃,၀၀၀ အမြင့်ကနေ ပျံသန်းခဲ့တဲ့ မှတ်တမ်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။

၆။ Bearded Vulture (လင်းတ)

ကြီးမားလှတဲ့ လင်းတမျိုးစိတ်ဖြစ်တဲ့ ဒီကောင်တွေကိုတော့ ဥရောပတောင်ပိုင်းရဲ့ တောင်တန်းဒေသတွေမှာ တွေ့နိုင်ပါတယ်။

သူတို့ဟာ အလေးချိန် ၁၁ ပေါင်မှ ၁၅ ပေါင်ကြားရှိတတ်ပြီး အတောင်ပံတွေဟာလည်း ရှစ်ပေမှ ကိုးပေအထိ ကျယ်ပြန့်ပါတယ်။

ဒီတောင်ပံကြီးတွေနဲ့အတူ အမြင့်ဆုံး ပေ ၂၄,၀၀၀ အထိ ပျံသန်းနိုင်ကြပြီး လင်းတတွေဟာ အသေကောင်တွေရဲ့ အရိုးစုများကို သီးသန့် စားသောက်ကြပါတယ်။

၅။ Alpine Chough (ကျီးကန်း)

အာရှအလယ်ပိုင်းနဲ့ ဥရောပတောင်ပိုင်းတွေက မြင့်မားလှတဲ့ တောင်များပေါ်မှာ နေထိုင်ကြတဲ့ ဒီကျီးကန်းမျိုးနွယ်ဝင်တွေဟာ သူတို့ရဲ့ တောက်ပတဲ့ အဝါရောင် နှုတ်သီးတွေကြောင့် အလွယ်တကူ မှတ်မိနေနိုင်ပါတယ်။

ပျံသန်းနိုင်တဲ့ အမြင့်ပေ မပြောခင်မှာ အမြင့်ပေ ၂၁,၀၀၀ နဲ့ အထက်မှာသာ အသိုက်ဆောက်လေ့ရှိလို့ ကမ္ဘာ့အမြင့်ဆုံး အသိုက်ဆောက် ငှက်မျိုးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီကျီးကန်းတွေမှာ ထူးကဲတဲ့ ပျံသန်းမှုစွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး သူတို့ဟာ ဟိမဝန္တာတောင်တန်းများရဲ့ အမြင့်ဆုံးတောင်တန်းများ အနီးတဝိုက် အမြင့်ပေ ၂၅,၅၀၀ အထိ ပျံသန်းနိုင်စွမ်း ရှိကြပါတယ်။

၄။ Whooper Swan (ငန်း)

အကြီးမားဆုံး ငန်းမျိုးနွယ်ဝင် ဖြစ်ပါတယ်။ Whooper ငန်းတွေဟာ ရေလျှံနေတဲ့ မြက်ခင်းပြင်များ၊ စိုစွတ်တဲ့ မြေများ၊ ကန်များကို နှစ်သက်ကြသူတွေပါ။ ယူရေးရှားတောင်ပိုင်းမှာ နေထိုင်ကြပါတယ်။

သူတို့ရဲ့ အဝါရောင်နှင့် အနက်ရောင်ကြား နှုတ်သီးတွေက ဒီငန်းတွေကို ထင်ရှားစေပါတယ်။ အအေးပိုတဲ့ လတွေမှာတော့ ဂျာမနီ၊ ဗြိတိန်နဲ့ ဒိန်းမတ် တို့လို ဒေသတွေကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

များသောအားဖြင့် အမြင့်ပေ ၈,၀၀၀ ခန့်မှာ ရွှေ့ပြောင်း နေထိုင်ကြပေမဲ့ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၇၀,၀၀ အထိ ပျံသန်းရောက်ရှိခဲ့ကြောင်းလည်း မှတ်တမ်းများအရ သိရပါတယ်။

၃။ Bar-headed Goose (ဘဲငန်း)

ဒီဘဲငန်းတွေဟာ ဧဝရတ်တောင်ကို ရွက်လွှင့်နိုင်လောက်တဲ့အထိ အမြင့်ပေ ၂၉,၀၀၀ ကို ပျံသန်းနိုင်ကြပါတယ်။

အာရှအလယ်ပိုင်း ဇာတိဖြစ်တဲ့ ဘဲငန်းဟာ လေထုဖိအား အတက်အကျ မြင့်မားတဲ့ ဟိမဝန္တာတောင်တန်းများမှာတောင် လိုက်လျောညီထွေစွာ ပျံသန်းနိုင်စွမ်း ရှိကြပါတယ်။

သက်လုံပိုင်းမှာလည်း အခြားငှက်မျိုးစိတ်တွေထက် သာလွန်နေပြီး ပျံသန်းနေစဉ်မှာ သူတို့ရဲ့ နှလုံးခုန်နှုန်းကို မြှင့်တင်နိုင်ကြပါတယ်။ သူတို့နာမည်တွေက ခေါင်းကိုဝိုင်းနေတဲ့ အမဲတုံးတွေကနေ ဆင်းသက်လာတာပါ။

ဒီငှက်တွေဟာ အာရှအလယ်ပိုင်းရှိ မြင့်မားတဲ့ ရေကန်များမှာ နေထိုင်ကြပြီး ဆောင်းရာသီမှာတော့ တစ်ရက်ကို မိုင် ၁,၀၀၀ အကွာအဝေးကို ခရီးနှင်ရင်း တောင်ဘက်သို့ ရွှေ့ပြောင်းကြပါတယ်။

၂။ Crane (ကြိုးကြာ)

ကြိုးကြားတစ်ကောင်ဟာ ပေ ၃,၀၀၀ ကျော်အထက်မှာ ပျံဝဲနေနိုင်ပြီး ဟိမဝန္တာတောင်တန်းများကိုလည်း ဖြတ်ကျော် ပျံသန်းနိုင်ခဲ့ကြပါတယ်။

အာရှနဲ့ ဥရောပ မြောက်ပိုင်းဒေသတွေမှာ တွေ့ရတတ်တဲ့ ဒီအလတ်စားငှက်တွေရဲ့ တောင်ပံ အကျယ်အဝန်းဟာ ၆-၈ ပေကြား ရှိပါတယ်။

ကြိုးကြာတို့ဟာ အာဖရိက မြောက်ပိုင်းဘက်အထိ တာဝေး ရွှေ့ပြောင်းနေထိုင်ကြသူတွေဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်စဉ်မှာ ကြိုးကြာတွေဟာ အင်္ဂလိပ် အက္ခရာ V ပုံသဏ္ဍာန်ဖြင့် အုပ်စုဖွဲ့ ပျံသန်းလေ့ရှိကာ အမြင့်ဆုံး ပေ ၃၃,၀၀၀ အထိ ပျံသန်းခဲ့ကြပါတယ်။

၁။ Ruppell’s Griffon Vulture (လင်းတ)

ပေ ၃၇,၀၀၀ ဆိုတဲ့ အမြင့်မှတ်တမ်းကြောင့် ဂရစ်ဖွန် လင်းတတို့ဟာ ငှက်နိုင်ငံတော်ရဲ့ အမြင့်ဆုံး ပျံသန်းပေကို စံချိန်တင်ခဲ့ပါတယ်။

ဒီလိုအမြင့်ပေမျိုးမှာ ပျံသန်းဖို့အတွက် အောက်ဆီဂျင်ကို ကောင်းစွာစားသုံးနိုင်တဲ့ စနစ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဂရစ်ဖွန် လင်းတတွေဟာ အလျား ၇ ပေခွဲမှ ၈ ပေကျော် အထိ ရှိတာကြောင့် လင်းတမျိုးနွယ်ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ကိုယ်အလေးချိန်ဟာလည်း ၁၅ ပေါင်မှ ပေါင် ၂၀ ကြားရှိသည်။

အလွန်တရာ မြင့်မားလွန်းလှတဲ့ အမြင့်မှ အသေကောင်ကို စူးစမ်းနိုင်စွမ်းရှိတဲ့ ကြီးမားတဲ့ မျက်လုံးအစုံကိုလည်း ပိုင်ဆိုင်ထားကြသလို တစ်နာရီကို ၂၂ မိုင်နှုန်းအထိ ပျံသန်းနိုင်ပြီး လေထဲမှာလည်း နာရီပေါင်းများစွာ နေထိုင်နိုင်ကြပါတယ်။

Knight News Team

Knight News © 2022

Crd