■ကမ္ဘာပေါ်မှာရှိတဲ့လူထောင်ပေါင်းများစွာကို အံ့အားသင့်စေခဲ့တဲ့စိတ်ဖတ်နိုင်သူ နန်ဒါနာ အူနီခရစ်ရှိနန်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ ကမ္ဘာပေါ်မှာရှိတဲ့လူထောင်ပေါင်းများစွာကို အံ့အားသင့်စေခဲ့တဲ့စိတ်ဖတ်နိုင်သူ နန်ဒါနာ အူနီခရစ်ရှိနန်

ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံးကတော့ ဒီကောင်မလေးကြောင့်တော်တော်အံအားသင့်ခဲ့ရပါတယ်။ ဒီကောင်မလေးဟာ စိတ်ဖတ်နိုင်တဲ့စွမ်းရည်တွေ ရှိခဲ့တာပါ။ ဒါနာကတော့ သူ့ရဲ့ အံ့မခန်းစွမ်းရည်တွေပိုင်ဆိုင်ထားပြီး အခုမှ အသက် ၇ နှစ်ပဲရှိပါသေးတယ်။

စစချင်းမှာဆိုရင် ဒီကောင်မလေးဟာ အမေဖြစ်သူကို မထိပဲ ဒါမှမဟုတ် တစ်ခြားပစ္စည်းတွေမသုံးပဲနဲ့ သူမရဲ့အတွေးတွေကို သိနိုင်ခဲ့ပြီး သူမရဲ့အကြောင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့လူထောင်ပေါင်းများစွာကို အံ့အားသင့်စေခဲ့ပါတယ်။

နန်ဒါနာရဲ့မိဘတွေကလည်း သူ့သမီးဟာ သူတို့ရဲ့စိတ်ကိုဖတ်နိုင်သလိုပဲ အခြားသူတွေရဲ့စိတ်ကိုပါ ဖတ်နိုင်မဖတ်နိုင်ကို သိချင်နေကြတာပါ။ ဒါပေမယ့်လည်း သူမဟာ အမေဖြစ်သူနှင့်သာ အထူးဆက်နွယ်မှုရှိနေခဲ့ပြီး ထင်တဲ့အတိုင်းပဲ နန်ဒါနာရဲ့စွမ်းအားတွေကိုစမ်းသပ်ခဲ့ပါတယ်။ ကလေးရဲ့အမေဖြစ်သူကတော့ သူမရဲ့စိတ်ငြိမ်ပြီး ဖတ်နိုင်အောင်လို့ ပစ္စည်းအမျိုးမျိုးကိုပေးပြီး စမ်းသပ်ခဲ့တာပါ။

ဖုန်းနံပါတ်တွေ တွေ့ရာစာကြောင်းတွေ နှင့် အဆင့် ၂ ကဗျာတွေဖြစ်ပြီး ၎င်းတို့ကို နန်ဒါနာက တစ်ခါမှ မကြားဖူး မမြင်ဖူးတဲ့အရာတွေဖြစ်ပါတယ်။ ကလေးမလေးဟာ စမ်းသပ်မှုအားလုံးကို အောင်မြင်ခဲ့ပြီး သူမဟာ အမေဖြစ်သူရဲ့အတွေးတွေ စိတ်ခံစားချက်တွေကို သိမြင်နိုင်ကြောင်းကို တစ်ကမ္ဘာလုံးကို သက်သေပြနိုင်ခဲ့ပါတယ်။

သူမအမေပြောကြားချက်အရဆိုရင် စွမ်းအားတွေက သူတို့နှစ်ဦးကြားက အမေနှင့်သမီးဆက်ဆံရေးကို ပိုမို ခိုင်မာစေတယ်လို့ပြောကြားခဲ့ပါတယ်။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext